ရှိတော့ရှိတယ် ရှားတယ်
မရှိတော့ဘူး မရှိတော့ဘူး ဒါမျိုးတွေ မြန်မာနိုင်ငံမှာ မရှိတော့ဘူး ရှိတော့ရှိတယ် ရှားသွားပြီ.... မကွေးတိုင်း မင်းဘူးခရိုင် ပွင့်ဖြူမြို.နယ် ရေပုတ်ကြီးကျေးရွာ သူတို့လေးတွေ သွားခဲ့တဲ့နေရာတိုင်းမှာ လူတိုင်းနီးပါး ပြောတဲ့စကားတစ်ခွန်းရှိတယ် ကျက်သရေရှိလိုက်တာ စက်စက်ယိုကလားတဲ့ မြန်မာနိုင်ငံတစ်ခုလုံး သျှောင်ပေစူးဆိုရင် ၂၀ ကျော်ကျော် လောက်ပဲရှိတဲ့ စက်စက်ယိုရွာ ပဲ ပြေးမြင်တတ်ကြတယ် ၂၀၀ ၀န်းကျင် ရှိတဲ့ ဒီရွာကို မကွေးတိုင်းထဲလူတွေတောင် အတော်များများမသိခဲ့ကြဘူး နိုင်ငံနဲ့ဆိုရင် အဝေးကြီးပေါ့ ကွားခြားခဲ့တာက ဦးကျော်သူ မြှောက်စားခဲ့တာနဲ့ မီဒီယာအား တွေပါ Channel တွေမှာ များများပါလာတာက လူသိများစေခဲ့တယ် မကွေးတိုင်းထဲမှာရှိတဲ့ ဒီရွာကို မကွေးတိုင်းထဲက ဓာတ်ပုံဝါသနာရှင်တွေက JDonut ဓာတ်ပုံပြိုင်ပွဲ နဲ့ နိုင်ငံတော်ပွဲတွေမှာ ကိုယ်တတ်တဲ့ပညာနဲ့ ပါဝင်ယှဉ်ပြိုင်ပြီး အတော်များများကို သိစေခဲ့ပါတယ် ဒါပေမယ့် အားလုံးသိဖို့ မလုံလောက်ခဲ့ဘူး အခွင့်အရေး ရရင် channel တွေနဲ့ဆက်ပြီး ဒီရွာလေးကို လူအားလုံးသိစေဖို့ ဓာတ်ဆရာကိုယ်စီ ဆောင်ရွက်သွားမှာပါသူတို့တွေရဲ့ ပညာရေး လူမှုရေး စီးပွားရေး
ဒီထက်ပိုပြီး တိုးတက်စေချင်တာ ကျွန်တော်တို့အားလုံးရဲ့ဆန္ဒပါ ဒီရွာလေး တစ်နိုင်ငံလုံးသိလာရင် ရွှေစက်တော် ပြီးရင် သွားရောက်လေ့လာစရာနေရာတစ်ခုလည်းတိုးလာမှာပါ
လုပ်ယူလို့မရတဲ့ ယဉ်ကျေးမှုတစ်ခုနဲ့တင်
တန်ဖိုးရှိတဲ့ရွာလေးအဖြစ် လည်ပတ်သူ အားလုံး တန်ဘိုးထား မြင်တတ်လာမှာပါ မကွေးတိုင်း အတွက်လည်း ဂုဏ်ယူစရာ တစ်ခုအဖြစ် သတ်မှတ်ခံရမှာလည်း အသေအခြာပါ ကြည်နူးမိတာက ဘုရားလည်ဖူးခွင့်ရတာ မြို့ထဲဈေးဝယ်ထွက်တာ ရုပ်ရှင်ကြည့်ရတာ တွေကသူတို့အတွက် အထူးအဆန်းဖြစ်လို့နေပါသည်။

တန်ဖိုးရှိတဲ့ရွာလေးအဖြစ် လည်ပတ်သူ အားလုံး တန်ဘိုးထား မြင်တတ်လာမှာပါ မကွေးတိုင်း အတွက်လည်း ဂုဏ်ယူစရာ တစ်ခုအဖြစ် သတ်မှတ်ခံရမှာလည်း အသေအခြာပါ ကြည်နူးမိတာက ဘုရားလည်ဖူးခွင့်ရတာ
မြို့ထဲဈေးဝယ်ထွက်တာ ရုပ်ရှင်ကြည့်ရတာ တွေကသူတို့အတွက် အထူးအဆန်းဖြစ်လို့နေပါသည်။

တစ်ခါတစ်ခေါက်တော့ အရောက်သွားလည်အုံးမယ်။