လူငယ်များနှင့် မူးယစ်ဆေးဝါး အန္တရာယ်

in #myanmar7 years ago

image
ကြယ်တို့၏ လင်းလက်ရာသည် ကောင်းကင်ဖြစ်သည်။ ငါးတို့၏ မွေ့ပျော်ရာသည် ရေပြင်ဖြစ်သည်။ သားသမီးတို့၏ မွေ့ပျော်ရာသည် မိဘ၏ရင်ခွင် ဖြစ်သည်။ မိဘတို့သည် မိမိတို့ ရင်ခွင်တွင် ခိုနားပျော်မွေ့နေသည့် သားသမီးတို့ကို ကြည်၍ ပီတိဖြာရသည်။ သားသမီးတို့၏ အနာဂတ်ကိုတွေး၍ မျှော်လင့်ချက်များစွာ ဖြစ်ထွန်းလာရသည်။ ပန်းပွင့်များသည် ဥယျာဉ်မှူး၏ မျော်လင့်ချက်လည်းဖြစ်၊ ဘဝလည်းဖြစ်သည်။ သားသမီးတို့သည် မိဘတို့၏ မျော်လင့်ချက်လည်း ဖြစ်သည်။ ဘဝလည်းဖြစ်သည်။ ကလေးများ အရွယ်ရောက်လာသည်နှင့်အမျှ ဘဝနှင့်ပတ်သက်သည့် မျှော်လင့်ချက်များရှိလာသည်။ ကမ္ဘာမြေကို အလှဆင်ရန် စိတ်အားထက်သန်နေကြသည်။
image
လောကသည် ပရိယာယ်မာယာ ထွေပြားသည်။ အန္တရာယ် ထူပြောသည်။ ရည်မှန်းချက် ပြည့်ဝနေသည့် အနာဂတ် မြန်မာနိုင်ငံ၏ သားကောင်းရတနာလေးမျာသည် မူယစ်ဆေးဝါးဆိုသော အဖျက်မုန်တိုင်း ကြမ္မာရိုင်၏ နှိပ်စက်ခြင်း ခံခဲ့ကြရပါသည်။ မူးယစ်ဆေးဝါးဆိုရာ၌ အရက်သေစာ ဘိန်း၊ ဘင်း၊ ကဇော်၊ လှော်စာ မှစ၍ မူးယစ်စေတတ်သည့် ဆေးဝါးများ ဖြစ်သည့် ပက်သဒင်း၊ မော်ဖင်းတို့ ပါဝင်သည်။ ယခင်က ဘိန်းမည်းကို မြိုခဲ့ကြသည်။ ဘိန်းကိုပြောင်းထဲထည့်၍ ရှူ ခဲ့ကြသည်။ ထိုမှတစ်ဆင့် တဖြည်းဖြည်းနှင့် မူးယစ်ဆေးဝါးများသည် အစွမ်းထက်လာကြသည်နှင့်အမျှ ဆိုးကျိုးမှာလည်း မြန်ဆန်လာပါသည်။ ဘိန်းဖြူခေါ် ဆေးမှုန့်ကို တီထွင်ခဲ့ကြပြီး ဘိန်ဖြူကိုရှူ ခြင်း၊ စီးကရက်ထဲ၌ ထည့်၍သောက်ခြင်း၊ အကြောထဲသို့ ထိုးသွင်းခြင်းတို့အထိ အဆင့်မြင့်လာခဲ့ကြသည်။ ယနေခေတ်တွင် စိတ်ငြိမ်ဆေး၊ စိတ်ကြွဆေးစသည့် ဆေးပြားအမျိုးမျိုး ပေါ်ထွက်လာပြန်သည်။ ထိုအပြင် အရက်အမျိုးမျိးသည်လည်း မူးယစ်စေတတ်သည့်အတွက် မူးယစ်ဆေးဝါးထဲတွင် အပါအဝင်ဖြစ်သည်။
image
အရက်ကိုသောက်စားသူသည် သတိလက်လွတ်ဖြစ်ကာ ရမ်းကားချင်တိုင်း ရမ်းကားတတ်ကြသည်။ အရက်သောက်သူသည် မည်သည့် မကောင်းမှုကိုမဆို ကျူးလွန်ရန် ဝန်မလေးပေ။ အရက်သေစာကို စွဲမက်မိလျှင် အလုပ်ခွင်စည်းကမ်းကိုလည်း မသိ။ ငွေကြေးဥစ္စာကို ရှာဖွေရမှန်း ထိန်းသိမ်းရမှန်း မသိဖြစ်၍ စီးပွားပျက်တတ်သည်။ ဘဝပျက်တတ်သည်။ မိမိနှင့်တကွ မိသားစုကို ထိခိုက်ပျက်စီး၍ အရှက်ရစေသော မူးယစ် သေစာ၏ အန္တရာယ်ကို ကြို၍ ရှောင်ကြဉ် သင့်ပါသည်။ မူးယစ်ဆေးဝါးသည် လူဆင်းရဲမှစ၍် လူချမ်းသာထိ ကောင်းကျိုးမပေးပါ။ ယနေ့ခေတ်တွင် သေမင်းတမန်အဖြစ် သတ်မှတ်ရမည့် ဘိန်းဖြူဧ အန္တရာယ် ဆိုးသည်လောကရှိ ပန်းတို့ကို ခြွေသော လေပြင်းမုန်တိုင်း၊ မိုးမုန်တိုင်းဟု ဆိုအပ်ပါသည်။ အစွမ်းကုန် ဖူးပွင့်တော့မည့် အညွန့်အဖူး လူငယ်တို့သည် အဆင်မပြေမှုများ ပတ်ဝန်းကျင်နှင့် အံဝင်ဂွင်ကျ မဖြစ်မှုများကြောင့် လေလွင့်ပျက်စီးစ ပြုလာတတ်သည်။ အိမ်ကိုမခင် ကျောင်းတွင်မရွင်ပဲ လက်ဖက်ရည်ဆိုင်တွင် နေကုန်နေခန်း ထိုင်တတ်လာသည်။ ထိုမှတစ်ဆင့် မကောင်းသော အပေါင်းအသင်းများနှင့် ပေါင်းမိလာသည်။ လက်ဖက်ရည်ဆိုင်မှတစ်ဆင့် အရက်ဆိုင်ထိုင်တတ်လာသည်။ ဆေးလိပ်လေးတစ်ဖွာ တစ်ရှိုက် စမ်းသပ်ရှူ ရှိုက်မိစ ပြုလာသည်။ ထိုမှတစ်ဆင့် ဘိန်းဖြူ ပါသော ဆေးလိပ်ကို စမ်းသပ်ရှူ ရှိုက်မိစ ပြုလာမည်။ ဘိန်းဖြူ အငွေ့ တို့၏ လွမ်းမိုးခြင်းကို ခံလိုက်ရမည်။ မူးယစ်ဆေးဝါး၏ ပိုက်ကွန်ထဲသို့ တိုးဝင်မိလျှင် ကယ်သူဝေးပြီဖြစ်သည်။ မိဘ၊ ချစ်သူ စသည့် တွယ်တာရသူများကလည်း မကယ်နိုင်။ မိမိကိုယ်တိုင်လည်း မရုန်းနိုင်နှင့် ဘိန်းဖြူ၏ နွံတွင်နစ်ရပါတော့သည်။ ဘိန်းဖြူ ၏ ကျေးကျွန်ဖြစ်လျှင် ရုန်းထွက်နိုင်စွမ်း ရှိမည်မဟုတ်ပါ။ သေမင်းမှတစ်ပါး သူ့ကို အနိုင်ယူနိုင်သူ မရှိပါ။
image
မူးယစ်ဆေးစွဲသူများသည် သေမင်း၏ ချောက်ကမ္ဘားအစွန်း၌ ရပ်နေသူများနှင့် တူပါသည်။ ကမ္ဘာတစ်ဝှမ်းလုံး၏ အလှတရားကို ဖျက်ဆီးနေသည့် ခုခံအားကျဆင်းရောဂါဆိုးသည် ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံမှုကြောင့် ရရှိနိုင်သကဲ့သို့ အကြောတွင့်သို့ ဘိန်းဖြူ ထိုးသွင်းရာမှလည်း ကူးစက်နိုင်ပါသည်။ ငယ်ရွယ်သည့် လူငယ်များအနေဖြင့် မူးယစ်ဆေးဝါး အန္တရာယ်ကို သိရှိစေရန် ပြခန်းများ၊ ပညာပေးဟောပြောပွဲများကိုသွားရောက် နားထောင်သင့်ပါသည်။ လူငယ်တို့သည် အသစ်အဆန်းကို ခုံမင်သည်။ အသစ်အဆန်းကို တွေ့လျှင် စမ်းသပ်လိုကြသည်။ မူးယစ်ဆေးကို စမ်းသပ်ရာမှ ကြယ်ကြွေဘဝ၊ ကြယ်ကြွေည အဖြစ်နှင့် ဘဝအမှောင် လွှမ်းခဲ့ရသည်။ မိဘ၊ ဆရာဆိုသည့် ပတ်ဝန်းကျင်ကောင်းများ လိုအပ်သည်။ လူငယ်လေးများကို ရှောင်လေဝေးဝေး မူးယစ်ဆေးဆိုသည့် အသိပညာပေးသင့်ပါသည်။ လူငယ်များအနေဖြင့် မိဘ၊ ဆရာတို၏ စကားကို လိုက်နာခြင်းဖြင့် မူးယစ်ဆေးဝါး အန္တရာယ်ဆိုးမှ ကင်းဝေးအောင် ရှောင်သင့်ပါသည်။ ကမ္ဘာတစ်ဝှမ်းလုံးတွင် မူးယစ်ဆေးဝါး၏ အဆိပ်ငွေ့များဖြင့် လူငယ်တို့၏ ဘဝများစွာသည် အဆိပ်သင့်ခဲ့ရသည်။ အနာဂတ်လူငယ်လေးများ မူးယစ်ဆေးဝါး အန္တရာယ်မှ ကင်းဝေးအောင် လူကြီးမိဘဆရာသမားတို့က သွန်သင်ဆုံးမ ပေးရမည်။ မူးယစ်ကင်းစင်မှသာ လူငယ်တို့ဘဝသစ်လွင်၍ လောကကို အလှဆင်နိုင်မည် သားကောင်းရတနားများ ဖြစ်ပါတော့မည်။
image

MSC-047
@kokyawzinphyo
Photo credit; Facebook image

Sort:  

ခေါင်းစဉ်နှင့်လိုက်ဖက်သည့်၊ အံဝင်ခွင်ကျဖြစ်သည့် နိဒါန်းပါရမည်။ နိဒါန်းသည် စိတ်ဝင်စားဖွယ်ကောင်းပါသည်။ ဝါကျဖွဲ့ပုံကလည်းချောမွေ့ ကောင်းမွန်ပါပေသည်။ မတိုမရှည်ဖြင့် အနေတ်ာလည်းရှိပါပေ၏။ သို့သော် ခေါင်းစဉ်နှင့် စာဖတ်သူကိုမတ်ဆက်ပေးသည့် အကြောင်းတစ်စုံတစ်ရာမှ ပါမလာပေ။
ထို့အတူ မိမိတင်ပြခဲ့သည်များကိုပြန်လည်ချုပ်၍ အနှစ်ထုတ်ကာနိဂုံးသဘော
ပြန်လည်တင်ပြထားခြင်းမရှိ၊ ဆောင်းပါးကောင်း တစ်ခု၏အင်္ဂါရပ်နှင့် ညီညွတ်ခြင်းမရှိပေ။ အရေးအသားချောမွေ့ပြေပြစ်သော်လည်း တင်ပြပုံ အပိုင်းကိုကားလေ့လာရန်လိုအပ်ပေသေးသည်ဟု မှတ်ချက်ပြုလိုက်ရပါသည်။

ကျေးဇူးတင်ပါတယ် ဆရာ

မူးယစ်ဆေးဝါး အန္တရာယ် ကြီးမားလှပါတယ် ..
ဗဟုသုတ ရပါတယ်

ကျေးဇူးပါ အန်တီ

သိပ်ကြောက်စရာ ကောင်းပါတယ် နဲနဲတောင် မစမ်ကြည့်သင့်ပါဘူး

နည်းနည်းစမ်းရင် နည်းနည်းစွဲပါတယ်

Winner ဖြစ်ပါစေဗျာ

ပေးတဲ့ဆု့ ပြည့်ပါစေ

မူးယစ်ဆေးဝါးအန္တရာယ် သိပ်ကြောက်စရာကောင်းပါတယ်။အားလုံးသတိထားနိုင်ရန် ဒီလိုခေါင်းစဉ်လေးတွေ နဲ့ဥပမာပေးလေးတွေအများကြီးလိုအပ်ပါတယ်။

ဟုတ်လိုက်လေဗျာ

အားပေးလျှက်ပါ

ကျေးဇူးပါ

မူးယစ်​​ဆေးဝါး က​ကြောက်​စရာပါ...thank for post

ကျေးဇူးပါ

မူးယစ်ဆေးဝါးအန္တရာယ်တွေကို အတော်လေး ပြည့်ပြည့်စုံစုံတင်ပြထားကို တွေ့မြင်ရပါတယ် ... ဆုရပါစေဗျာ

ပေးတဲ့ဆု့ပြည့်ပါစေ

ဆုရပါ​စေ ခင်​​ဗျာ

ကျေးဇူးပါ

be creative, be adaptable.....
excellent post !! Congratulations