ကံ ဥာဏ် ၀ီရိယ
ကြီးပွားချမ်းသာရေးအတါက် မြတ်စွာဗုဒ္ဓဟောကြားခဲ့တာကတော့ ကံ ဥာဏ် ၀ီရိယ ပါ………
ဒါပေသိ လူအများကတော့ ကံ ကိုသာပုံ ဥာဏ်ကိုမသုံး ၀ီရိယမရှိ တာ ဘုရားကို မယုံကြည်ကြလို့လားပဲ………
နတ်ကတော်တို့ ဗေဒင်ဆရာတို့ကို ပိုယုံကြည်နေကြသလိုလို…………..
အခြေခံအကျဆုံး အကြောင်းတရား သုံးပါးကိုတော့ ပစ်ပယ်ထားကြတာ……
အတော်လေးကို ကွာဟနေတဲ့ပြင် ဆန့်ကျင်ဖက်တွေတောင်ဖြစ်လို့ပါလား…………..
အတိတ်ဘ၀ ကံရဲ့ အကျိုးသက်ရောက်မှုက တခါတရံမှာ ဆန့်ကျင်ဘက်အကြောင်းတွေကြောင့် မျက်မှောက်ဘ၀မှာ အရာမထင် ပျက်ပြယ်သွားတတ်တယ်လို့ သင်္ခဓမ္မသုတ်မှာ ဟောထားခဲ့တော့ ကြီးပွားချမ်းသာဖို့ ကံကိုပဲ အားကိုးလို့မရတာသေချာတယ်…..
အမြဲတမ်းအတိတ်ကကံကြောင့် ပြောလို့မရပါဘူးတဲ့………
လက်ရှိဘ၀မှာ မကောင်းမှုတွေကိုရှောင်ပီး ကောင်းမှုတွေကိုလုပ်………..
စွန့်ကြဲပေးကမ်းခြင်းနဲ့ အလှူဒါနပြု………
သီလတရားတွေကိုစောင့်ထိန်းမယ်ဆိုရင်တော့…………..
အတိတ်ဘ၀က ကံအကျိုးပေးနိုင်ပါသတဲ့……….
မိမိသည်သာ အားကိုးရာ လို့ဆိုထားခဲ့ပါတယ်……
ဘာလို့များ အားမကိုးပဲ တခြားသူကို အားကိုးနေတာလဲ ဆိုတာ မစဉ်းစားတတ်……….
မိမိပြုမှု ဆောင်ရွက်ချက်ဆိုတာက လက်ရှိကိုယ်ပိုင်ဆိုင်နေတဲ့ ကံ ပဲတဲ့………
ဘ၀ဟောင်းမှာ ကျင့်ခဲ့တဲ့ အကျင့်တွေက လက်ရှိဘ၀မှာ ထင်ဟပ်နေတယ်……….
ရိုးသားခြင်းနဲ့ အသက်မွေးဝမ်းကြောင်းပီး ကြီးပွားချမ်းသာလိုရင်တော့ ကံ ဥာဏ် ၀ီရိယကိုသာ လက်ကိုင်ထားကြရမယ်တဲ့……..
ကြားနေကြစကားလုံးတွေဖြစ်လို့ မဆန်းကြယ်ပေမယ့် ယနေ့ချိန်ထိတော့ ခေတ်မီနေဆဲ…….
ကျင့်သုံး လိုက်နာကြပါစို့………….
Image Credit To Google Search