ကျနော်နဲ့  ဖေ့စဘွတ်
image source
ငရဲမင်းသာ မြန်မာပြည်ဆင်းလာရင် ဘယ်လိုနေမိမယ်တော့မသိ။ ဖေ့စဘုတ်တွေထဲပလူပျံ ဆက်ဖီဆွဲကြနဲ့ ငရဲမင်းမျက်နှာလည်း ရှု့ထောင်စုံကနေ ကမြင်းခံရတော့မှာတော့ အသေချာကြီး။
ဖေ့စဘုတ်ဆိုတာ အကြောင်းအရာစုံ နဲ့ နာမည်ကြီးလွယ်တဲ့နေရာဆိုတော့ ဖေ့စဘုတ်ကို အသုံပြုပြီး နာမည်ကြီးချင်သူတွေကလည်း အများသားနဲ့ကိုး။တကယ်လည်း နာမည်ကြီးသွားကြသူတွေက ဒုနဲ့ဒေး..
ဆယ်လီတွေရဲ့ သတင်းဆို ပြန့်လွယ် ပွလွယ်နဲ့ ဖေ့စဘုတ်က ဖွစရာနေရာကြီးကိုဖြစ်လို့..
သူနဲ့ကိုယ်နဲ့အမြင်မတူရင် တိုက်ကြခိုက်ကြ ရန်ဖြန်ကြ ပြန်ဆဲကြ မြန်မာကားထဲက စရိုက်ဆန်တဲ့ရပ်ကွက်ထဲ ဝင်လိုက်မိတဲ့အတိုင်း..
အချို့ကျတော့လည်း မျြောက်လိုက် ပင့်လိုက် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ချီးမွှမ်းခန်းတွေဖွင့်ကြနဲ့ အဲ့ဒီနေရာက လင်ရချင်ကြတဲ့ ညီအစ်မတွေ ရုပ်ချောသဘောကောင်း ကောင်လေးကို မြူဆွယ်နေတာနဲ့ တူနေပြန်ရော..
အခုခေတ်မှာတော့ ဈေးတွေဘာတွေကို ရောင်းကြတဲ့ ဖေ့စဘုတ်လောကကြီးထဲ ရောက်မိပြန်တော့ ကြော်ငြာအားကောင်းတဲ့ ဟိုမော်ဒယ်လ်နဲ့ သူမရဲ့အင်္ကျီအကြောင်းကို မြင်တောင်ယောင်မိပါတယ်..
Image source
ကြော်ငြာတော့ ဖြူဖြူချောချော မော်ဒယ်လ်တွေရဲ့ပုံနဲ့..မှာလိုက်တော့လည်း အဲ့ဒီလိုဆိုဒ်လေးပို့လိုက် ဟိုက ဝတ်မယ့် ပုဂ္ဂိုလ်ကတော့ မြန်မာခန္ဓာနဲ့ မြန်မာကိုယ်လုံးနဲ့ မြန်မာမမခြေသလုံးတွေနဲ့ အတင်းသွပ်ထည့်ကြလေရဲ့...
စိတ်ပျက်ဖို့ကောင်း...
ဖေ့စဘုတ်လောကရဲ့ ဆယ်လီတွေက ပြောချင်ရာပြောကြ နောက်ကလိုက်တဲ့ပုဂ္ဂိုလ်တွေက ဟောင်ချင်ရာဟောင်...တစ်ခါတလေ မက်ဇူကာဘာဂ့်ကို အပြစ်တင်မိတာတွေတောင် ဖြစ်မိတယ်..
ဒါပေမယ့်လည်း သူ့ကြောင့်သာ ကျွန်တော်တို့ မသိမမြင်ခဲ့တဲ့ အချို့ကိစ္စတွေက ဒီဖေ့စဘုတ်ကောင်းမှုကြောင့် သိခွင့်ရလာခဲ့ပြန်တော့ မက်ဇူကာဘာဂ့်ကို ကျေးဇူးတွေအပုံကြီး တင်နေမိပြန်သေးရဲ့...
အကုသိုလ်ဖြစ်လိုက် ကုသိုလ်ဖြစ်လိုက်နဲ့ ဖေ့စဘုတ်ဆိုတာကြီးကို စိတ်ကုန်လိုက် ပြန်ချစ်လိုက်နဲ့ ကျွန်တော်တို့တွေလည်း ရူးချင်တိုင်းရူးနေကြတာ မက်ဇူကာဘာဂ့်ကြီးကတော့ ငွေပုံကြီးပေါ်မှာ ထိုင်လို့ ကျွန်တော်တို့ကိုများ ကြည့်နေသလား မပြောတတ်တော့လေဘူးဗျာ....
Writter @htetnainglin
Msc 188
Fbမှာပျော်စရာပိုစ့်တွေနှင့်ဗဟုသုတရစရာ၊အလှအပတွေဘဲကြည့်တော့တယ်...အဆိပ်အတောက်ဖြစ်စေမဲ့ပိုစ့်ဆိုဖတ်ကိုမဖတ်တော့ဘူး....
ကောင်းပါတယ် အမ
အာ့ဆို ရင် Facebook မသုံးနဲ့တော့ဗျာ
ဟီး
မသုံးဘဲမနေနိုင်ဘူး😁
fbကို လူအများစုက တလွဲသုံးနေကြတယ်။အမှန်တကယ်သာ အကျိုးရှိရှိသုံးမယ်ဆို သင်စရာပညာတွေအများကြီးစုဝေးတဲ့အရာပါ
ဟုတ်တယ် အကို
Facebookမှာ cmဖျောက်လိုက်ရင်ပြီးပြီ။
ဟုတ်
သူလည်း မရှိမကောင်း ရှိမကောင်းပဲဗျာ 😂😂
ဟုတ်တာပေါ့ ဗျ
တခါတလေပဲဖွင့်တော့တယ်
ဖေ့ဘုတ်က မသုံးတတ်ရင်အန္တရာယ်ပါ
မသုံးတပ်ရင်ဘေးသုံးတပ်ရင်ဆေး ဆိုတာလိုပေါ့ဗျာ
သတိထားရမှာ
သူမရှိတော့ ပျင်းမိတယ်
ဟုတ်တယ်အမရေ
လူမျိုးစုံ စရိုက်မျိုးစုံ ပုံစံမျိုးစုံ အကုန် facebook ပေါ်မှာရှိနေကြတာပါ။ဒါကြောင့် ခံယူသူမိမိ၏အပေါ်တွင်မူတည်ပြီး အသုံးပြုကြရမှာပေါ့ခင်ဗျာ။ရည်ရွယ်ချက်ကောင်းမွန်သော post တစ်ခုဖြစ်ပါတယ်ခင်ဗျာ
ဟုတ်ကဲ့ ပါဗျ