မိမိ၏ steemit platform ရည်ရွယ်ချက်

in #myanmar7 years ago

image

အခု ရက်ပိုင်း စာလည်းမရေးဖြစ်သလို MSC ကပေးသော promotion လည်း ပျက်ကွက်ခဲ့ရသည် ။ စာရေးဖို့  တွေးမိလိုက်တိုင်း မိမိနားထဲ ကြားယောင်နေသည်ကား " အရှင်ဘုရား နေရာတကာ ပါနေတာပဲ ဘုန်းကြီးနဲ့ ​ငွေရှာ site ​တွေကဘယ်​လိုမှ ပတ်​သတ်​စရာ အ​ကြောင်းမရှိဘူး " ဆိုတဲ့ စကားတစ်ခွန်းကြောင့် စာရေးမည့်လက်အစုံ တွန့် ဆုတ် တွန့် ဆုတ် ဖြစ်ခဲ့ရသည် ။ ထိုစကားတစ်ခွန်းက စလိုက်သည့် အတွေးပေါင်းများစွာက မိမိကို အကျဉ်းချထားသလို ဖြစ်နေသည် ။ မိမိလုပ်နေသည့်အရာတစ်ခု plan တစ်ခုက အများထင်သလို မကိုက်ညီတာများရှိနေလား။ မသင့်တော် မအပ်စပ်တဲ့ အလုပ်မို့  အထင်အမြင် သေးစရာများ ဖြစ်နေကြပြီလား။ သို့ လော သို့ လောနှင့် စိတ်မောခဲ့ရသည်။ ကိုယ့်ဝမ်းနာ ကိုယ်သာသိပါသည် ထို့ ကြောင့် ကိုယ့်ပေါင် ကိုယ်လှန်ထောင်းပြတယ်ပဲ ဆိုချင်ဆိုပါ။ နည်းနည်းလောက်တော့ ရင်ဖွင့်ပါရစေ ။

image

မိုးအေးအေးနဲ့ စာလေးရေးဦးမယ်ဆိုတဲ့ အတွေးလေးနဲ့ ဖုန်းလေးကိုင်ပြီး လိုင်းဖွင့်တာသိပ်မကြာခင်မှာပဲ မက်ဆန်ဂျာက လူတစ်ယောက် စကားလာပြောတာတယ် ။" အရှင်ဘုရား ပိုက်ဆံလေး ဘာလေး ချေးပါဦးဘုရား " ဆိုတော့ မိမိရဲ့ steemit platformပေါ်က မိတ်ဆွေတွေမို့  စနောက်သည်ဟုသာ ပေါ့ပေါ့ပါးပါး တွေးမိသည် ။ဒါနဲ့ " steem တွေ sbd တွေ ဈေးကျနေလို့  ဖုန်းဘေတောင် ကွမ်းဖိုးထဲက ဖဲ့ယူနေရတာကွယ် အရင်လို ဖုန်း ဘေတောင်မလဲနိုင်တော့ဘူး ။" ဟာ မဖြစ်နိုင်တာ အရှင်ဘုရားက ပိုက်ဆံရမယ်ဆို အကုန်လုပ်နေတာ ဆိုတော့ သူဌေးဖြစ်နေပြီထင်နေတာဘုရား ။" ဌေးတာ မဌေးတာတော့ မသိဘူးဟေ့ ကြွေးတင်နေတာတောင် ဘယ်လောက်ရှိနေမှန်းမသိဘူး ။ကွမ်းဆိုင်က ခလေးမက ပိုက်ဆံမရရင် လူသိမ်းမယ် ဆိုလို့  ကျောင်းထဲက ကျောင်းပြင်ထွက်မရဲဘူး "ဆိုပြီး အပြန်အလှန် နောက်နေရင်းနဲ့က သူပြောတဲ့စကားတွေက တဖြည်းဖြည်း အဆိုးမြင်​ဘက်​ကို ​ရောက်​ရှိလာတယ်​ ။ တစ်​ဖက်​သတ်​စွပ်​စွဲချက်​​တွေနှင့်​ မိမိ၏ ဂုဏ်သိက္ခာတွေ ဖဲ့ယူသွားသလို ခံစားမိလာတယ် ။
" အရှင်ဘုရားမှာ sp တွေလည်း အများကြီးစုမိနေပြီနော် ၊8 ball ဆိုလည်း ပါတာပဲ 999 dice ဆိုလည်း ပါတာပဲ၊ luckygames ဆိုလည်း ဆော့လိုက်တာပဲ ဟိုနေရာ ဒီနေရာ၊ နေရာတကာ ပါနေတာပဲနော် ။" " ပိုက်ဆံရမရတော့ မသိဘူးဟေ့ နည်းပညာကိုတော့ ဝါသနာပါတယ် ဖုန်းတစ်လုံးနဲ့ ဟိုအကောင့်ဖွင့် ၊ဒီအကောင့်ဖွင့် ဟိုနှိပ် ဒီနှိပ်ကိုက ဝါသနာဖြစ်နေတာဗျို့ " ဒါဆိုလည်း နှိပ်မနေပါနဲ့တော့ဘုရား ကိုယ့်ဘာသာ အေးအေးဆေးဆေး သူများလှုတာလေးစားပြီး စာကျက်နေပေါ့။ အခုက နေရာတကာတွေ့နေရတာ မျက်စိတွေလည်း နောက်လှပါပြီ။ ဒါပေမဲ့ steemit အကောင့်လေးတော့ စွန့် ခဲ့ဖို့ မမေ့ပါနဲ့ ဘုရား " ဆိုတဲ့စကားက စသည် နောက်သည် ဆိုတာထက် မိမိနှင့်Steemit Platform ပေါ်မှာစာရေးခြင်းကို ရှင်ကွဲ ကွဲစေလို၍ပြောခြင်းဖြစ်မည်ဟု ခံစားခဲ့ရသည် ။
တကယ်က ဒီထက်ပိုပါသည် ။ ဘုန်းကြီးနှင့်ဘီး ဆက်စပ်၍ မရသလို မိမိနှင့် steemit ပတ်သတ်စရာ အကြောင်းမရှိဘူးဆိုသည့်အကြောင်းကို ရေရေလည်လည် ပြောနေခြင်းပါ။ မိမိမှာ ဆက်၍လည်း မငြင်းခုံလိုတော့ပေ။ အေးပါကွာ ဆင်ခြင်ရမှာပေါ့ ဟူသောစကားသာ ပြောထွက်ခဲ့ပါသည် ။
image

အခုချိန်မှာတော့ ဒီစာစုလေးနဲ့ပဲ မေးခွန်းတစ်ချို့ကို ပြန်ဖြေလိုက်ပါရစေ။ တခြားသော သူများလည်း မိမိအပေါ် အမြင်မှား အထင်မှားနေပါကလည်း ကျေနပ်နိုင်ပါစေဟု မျှော်လင့်မိပါသည်။ မိမိအဖို့ ကား သူများလှုတာစားပြီး အေးချမ်းစွာနေရသည်ကား မှန်ပါသည် ။ သို့ ပေမဲ့ လောကမှာ ပြီးပြည့်စုံသော သူဟူ၍ မရှိပေ ။ လူမှန်သမျှ ပုထုဇဉ်ပီပီ လိုအပ်ချက်တွေနဲ့ လောဘသားကောင်တွေချည်းသာဖြစ်ကြသည် ။ မိမိ လက်ထဲ အကြွေ တစ်ရာတန်မျှမရှိရင် မိမိတို့ ကို ဘယ်ကားသမားမှ မကြည်ဖြူပါဘူး။ မြို့ထဲက ဘယ်toiletမှ တတ်လို့ မရပါဘူး။ ဒါက အရာရာတိုင်းမှာ ငွေကြေးဆိုတာ လိုအပ်တယ်ဆိုတာကိုပြချင်တာပါ။ မိမိကြုံတွေ့နေရသည်ကား ထိုကဲ့သို့ သော အသေးအမွှားပြသနာလေးများမဟုတ်ချေ ။မိမိတွင် လွန်ခဲ့သော ၃ နှစ်လောက်ထဲက ရည်မှန်းထားသော အိပ်မက်တစ်ခုရှိသည် ။ ငါတစ်နေ့ ကျရင် Oxford ဆရာတော်လို သီတဂူဆရာတော်လို နိုင်ငံခြားမှာ ပညာတွေသင်ပြီး နိုင်ငံတကာကို သွားလာနိုင်ရမယ်။ ဆိုတဲ့ အိပ်မက်တွေမက်ခဲ့ဖူးပါတယ် ။ သို့ ပေမဲ့ နိုင်ငံခြားပညာသွားသင်ရင် အနည်းဆုံးတော့ သိန်း ၈၀ - ၁၀၀ ကုန်ကျနိုင်သည် ။ usdollor ဖြင့်တော့ ၅၀၀၀ $ ဝန်းကျင်ဟု သိခဲ့ရသည် ။ ဒီလောက်များပြားတဲ့ စရိတ်စကအတွက် တွေးကြည့်ပြန်တော့လည်း မိမိ၏ မိဘနှစ်ပါးမှာ လက်လုပ်လက်စားများသာဖြစ်သည်။ မိမိ၏ ရဟန်းတစ်ခါမှာလည်း( ဒကာမဟုတ် ) မိမိ၏ ဘွဲ့နာမည်ပင်မမှတ်မိချေ ။( အလေးထားသည် မထားသည် ကိုသိနိုင်ပါသည် ) မိမိကိုယ်တိုင်ကလည်း အလုပ်ဝင်လုပ်ပြီး ပိုက်ဆံရှာလို့ ရသည်မဟုတ်ပေ။ ထိုကြောင့် အခွင့်အလမ်းကိုသာ မျှော်လင့်ရင်း ကြိုးစားခဲ့ရသည်။ အချိန်တွေ ကုန်လွန်သွားပေမဲ့လည်း မိမိအိပ်မက်တွေ ရည်မှန်းချက်တွေ မပြောင်းလဲခဲ့ချေ။ ကြိုးစားအားထုတ်သူအတွက် အခွင့်အရေးဆိုတာရှိစမြဲမို့  steemitဆိုသော စာရေးပြီး ဒေါ်လာရနိုင်သော platform နှင့် 11လပိုင်းလောက်က စပြီးသိကျွမ်းခဲ့ရသည် ။
image
အဲ့နောက်ပိုင်း ငါက စာရေး စာဖတ်ဝါသနာပါတော့ ငါ့ပညာသင်စရိတ် ငါရှာလို့ ရပြီဆိုသည့်အတွေးနှင့် ပျော်ရွှင်စွာ စီးမျောခဲ့သည်။ အရင်ကတော့ wallet ထဲသာကြည့်နေခဲ့ရသည် ။ဖုန်းဘေဖိုးက အိတ်စိုက်ပေါ့ ယခုတော့ ဖုန်းဘေဖိုးတော့ ကာမိသည် ။တချို့သော မိတ်ဆွေများကလည်း ကူညီကြသည်။ steemit မှ မိတ်ဆွေများသည် Online ငွေကြေးနည်းပညာများကို လေ့လာနေကြသူများမို့  အများကိုလည်းရစေချင်စိတ်ဖြင့် ဂရုထဲတွင် ပြောကြဆိုကြရင်းမှ btc, eth, ltc စသည့် online money အကြောင်းများ၊ trade, minning စသည့် တခြားသော ပညာများလည်း လေ့လာသိရှိခဲ့ရသည် ။ ထို့ ကြောင့် အားသည့်အချိန်များတွင် $ ရတာ မရတာထက် ဝါသနာကြောင့် ဟိုနေရာစပ်စပ် ဒီနေရာစပ်စပ် မိမိပါဝင်ခဲ့ပါသည် ။ အဓိကတော့ steemit platform ပေါ့ မိမိ၏ အိပ်မက်များကို အကောင်အထည်နိုင်ဖို့  တစ်ခုတည်းသော လမ်းစအဖြစ် သတ်မှတ်ပြီး လျှောက်လှမ်းနေခဲ့ခြင်းပါ ။ပုထုဇဉ်မို့  လောဘများ ပါသလို မောဟများလည်း ဖြစ်ကောင်း ဖြစ်နိုင်ခဲ့ပါသည် ။သို့ ပေမဲ့ မိမိလျှောက်လှမ်းနေရသည့် ရည်ရွယ်ချက်က သားကျွေးမှု၊ မယားကျွေးမှု အတွက်မဟုတ်ခဲ့ပါချေ။ မိမိ၏ မိဘများ ၊ ဆရာသမားများအပေါ် လက်ဝါးဖြန့် တောင်းနေရခြင်းကို အားနာမိ၍ မိမိပညာသင်စရိတ်အတွက် အထောက်အကူဖြစ်အံ့ဟူသော စိတ်ဖြင့်သာ လျှောက်လှမ်းနေခဲ့သည်မို့  လိပ်ပြာတော့ သန့် ပါသည် ။ သင့်တော်၏ မသင့်တော်၏ကိုတော့ မိမိမတွေးခဲ့ဖူးပါ ။ ဒါကြောင့် မိမိ Steemit Platform ပေါ်၌ ဆက်၍ လျှောက်လှမ်းနေဦးမည်သာဖြစ်ပါသည်။ မိမိ၏ဦးတည်ရာလမ်းကြောင်းကိုတော့ ဘယ်တော့မျှမပြောင်းလဲပေ။ ထို့ ကြောင့် မိမိအား မည်သို့ ပင် သတ်မှတ်ပါစေ " သဗ္ဗေသတ္တာ ကမ္မသကာ " ဟူ၍သာ . . . . . .

မိမိအား ချစ်သူ ၊ မုန်းသူ ထိုထိုလူ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေ။
image

MSC-181
Written by gunapeya
Photo Credit Image Source.

Sort:  

မိမိရဲ့ရည်ရွယ်ချက်က အကောင်းဘက်ကိုဦးတည်တာမိုလို့ ထောက်ခံတယ်ဘုရား။ဆက်လုပ်ပါ။အကုသိုလ်လုပ်နေတာမှမဟုတ်ပဲ ကုသိုလ်လုပ်နေတာပါ။ရတဲ့ထဲကလည်း MSC အဖွဲ့အလှူထဲလဲပါတာပဲဘုရား။တကယ်ဆို တပည့်တော် တစ်ခါမှမရောင်းစားဖူးသေးဘူးဘုရား။အလုပ်လုပ်နေရတာကိုပျော်နေတာပါ။ငွေထုတ်နည်းတောင်မသိသေးပါဘူးလေ။အားပေးနေပါမယ် အောင်မြင်ပါစေ။နိုင်ငံခြားမှာသွားတတ်နိုင်ပါစေ...

ဟုတ်တယ် မတ်ဇာရေ အဲ့ဒါစုထားရင်းနဲ့ ၂၀၂၀ လောက်ဆို လုံလောက်တဲ့ပမာဏတစ်ခု ရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပေါ့

Steem သည် ငွေရှာခြင်းသက်သက်မဟုတ်ပါဘုရား၊ လူအများကို အသိပညာ၊ သုတ ရသများဖြင့် ကောင်းမွန်သောစိတ်ထားများဖြစ်လာစေရန် ပညာပေးရသောလုပ်ငန်းဖြစ်ပါတယ်၊ ဒီလိုပြောကြစတမ်းဆိုရင် တရားပွဲတွေလိုက်ဟောနေသော သံဃာတော်များသည်ကော ငွေရှာနေသည်လို့ပြောလို့မရပေဘူးလား။

ဟုတ်ကဲ့ပါ ဆရာ အဲ့အတွေးမျိုး မတွေးလိုက်မိဘူး ဘာလို့ ဆိုတော့ steem မှာ ငွေရှာတယ် ဆိုတာ ဘုန်းကြီးနဲ့ မဆိုင်ဘူးဆိုတဲ့ စကားကြောင့် သို့ လော သို့ လောဖြစ်မိပါတယ် ယခုတော့ လိပ်ပြာသန့် သွားပါပြီ

တပည့်တော်ကတော့ steemit မှာ ငွေရှာတာကိုထောက်ခံတယ်ဘုရား။
စာရေးပီးရလာတဲ့ ဝင်ငွေ အင်မတန် ဖြူ စင်ပါတယ်။
ဒါ့အပြင် တရားအကြောင်းတွေရေးရင် သာသနာကို ချီးမြှင့်ရာလည်းမြောက်ပါတယ် ဘုရား။

တရားအကြောင်းတွေရေးရင် vote မြဝူး မတ်တိမ်ဂွီရဲ့ နောက်တော့ရေးမှာပေါ့ဗျာ

ရည်​ရွယ်​ချက်​အတိုင်း​ အမြန်​ဆုံး အ​ကောင်​အထည်​ ​ဖော်​နိုင်​ပါ​စေဘုရား .. ​ဝေဖန်​မှု​တွေကိုလည်း ​အောင်​မြင်​စွာ ​ကျော်​ဖြတ်​နိုင်​ပါ​စေ ဘုရား ..

ကျေးဇူးပါ မြန်မာပြည်သားရေ ဦးဇင်းလည်း အဲ့အတွက်ကြောင့် စာရေးဖို့ တောင် မဝံမရဲဖြစ်မိတာ

ဆရာတော်ဖျား အောင်ငြမ်ပါစေ ဖျား

ကျေးဇူးပါ လင်းညိုံရေ ကြိုးစားမယ်

အရှင်ဘုရား ရှေ့ သာ ဆက်လျှောက်လှမ်းပါဘုရား

ဟုတ်ကဲ့ပါ ဦးထွေးရေ

အရှင်ဘုရားရည်မှန်ချက်တွေလည်း အခက်အခဲမရှိအောင်မြင်ပါစေဘုရား

ကြိုးစားမှုကိုလည်း မရပ်တန့် ပါဘူး ကိုရှိန်းရေ

Steemit Platformပေါ်၌
ဆရာ​တော်​ဘုရား ​အေးချမ်းစွာ​လျှောက်​လှမ်းနိုင်​ပါ​စေဘုရား

ကွောင်ကြီးလည်း 8 ball မှာအောင်ပန်းအလီလီ ရပါစေဗျာ

လူတွေက ဒီလိုပါပဲ့ဘုရား အဆိုးမြင်ဝါဒီသမားက ခပ်များများရယ်. ..ဂရုစိုက်မနေပါနဲ့ဘုရား

ဟုတ်တယ် ဘိတ်သားရေ ဘာကြောင့်များ လာတိုက်ခိုက်လဲ စဉ်းစားမရဘူး ဦးဇင်းဒီလောက် ပျော်ပျော်ရွှင်ရွှင် နေတတ်တာကို

ဝါသနာကို မတားကျပါနဲ့ ဦးဇင်းလည်း ပုထုဇဉ်ပါလို့

ငမ်းးးး ကလေးထိန်းတာလည်း ဝါသနာပါတယ် ပုဂံခေါ်ခဲ့ပါဆိုတာကို