ကလေးထိန်းမဟုတ်ပါ

in #myanmar8 years ago

သားအိမ်ကောင်းလို့ မွေးလာတဲ့ ကလေး
ရုပ်ထွက်ကောင်းသည်ပဲဖြစ်ဖြစ်
ရုပ်ထွက်မကောင်းသည်ပဲ ဖြစ်ဖြစ်..

ဒီ Steemit ေIMG_20170705_110440.jpgပၚ လာတဲ့ အခါ...အားလံုးက
လူ့စည်း ၊လူ့ဘောင် ၊လူ့ဝိနည်းတွေအရ...

ချစ်စရာလေး ၊အသည်းယားလိုက်တာ ၊ချစ်လိုက်တာ..
စသည့်ဖြင့်...လောကွတ်လုပ်ပြီး...ဝင် မန့် ကြမှာပဲ ။

အားလုံးက....လူယဉ်ကျေးတွေချည်းပဲလေ ။

ကိုယ်တွေလည်း လူထဲက လူမို့ လိုက်ဆိုပေးမှာပေါ့..

တို့ ချစ်တဲ့ကမ္ဘာ.....တို့ချစ်တဲ့ ကလေးတွေ စသည်ဖြင့်
နှစ်ခေါက် သုံးခေါက်လောက်တော့ ဝင်ချစ်ပေးမှာပေါ့

ခက်တာက....တချို့သော မိဘ တွေခမျာ...

တစ်ကမ္ဘာလုံးက လူတွေ...ငါ့ ကလေးကို
အလုအယက်ဝိုင်းပြီး ချစ်နေကြပြီ

သည်းသည်းလူပ်နေကြပြီ...အထင်ရောက်ပီး
နေ့ရှိသ၍ ကလေး ရဲ့....ချီးယိုသေးပေါက်ကအစ ...
တင်နေတော့..

တစ်နေ့...တစ်နေ့ ကိုယ့်မှာ နေ့ကလေးထိန်းကျောင်းထဲ ဖေ့ဘုတ် သုံးနေရသလို..ခံစားလာရတယ်..

မီးမီးလေး ရေချိုးတော့ပါမယ် ရှင့်.....၄ ပုံ
မီးမီးလေး...သနပ်ခါးလိမ်းထားတာ..လှလားချင့်....၅ ပုံ
သားသားလေး....အီးအီးထိုင်ပါနေတာပါ ခင်ညှ...၂ ပုံ
သားသားလေး...သူ့ဖေဖေ နဲ့ဆင်တူဝတ်ထားတာပါဗျ....၅ပုံ

ကလေးရဲ့ နေ့စဉ်..လုပ်သမျှ.ဟာတွေ.. တင်ကြလွန်းလို့

ခုဆိုရင်...မျက်လုံးထဲ...မြင်မြင်သမျှဟာ ကလေးဒိုင် ဘာတွေ၊ဝိုင်အိုလက်ပေါင်ဒါတွေ ၊ဘေဘီမိုင်းတွေ ၊အနှီးတွေ ချီးတွေ ချည်းပဲ ။

ဘယ်လောက်တောင်....ကလေးမိဘတွေ နှိပ်စက်ကြသလဲဆို..

မနက်က...လက်ဖေ့ရည်ဆိုင်မှာ....ထမင်းကြော်မှာစားတာ..

စားပွဲထိုးလေးကို.....ညီလေး...ဒိုင်ဘာကြော်တပွဲလို့ယောင်ပြီး မှာ မိတဲ့ အထိပဲ..

ခင်ဗျားတို့ကို...ပွင့်ပွင့်လင်းလင်းပဲပြောမယ်ဗျာ...
ကျုပ်တို့ ဖေ့ဘုတ်သုံးတဲ့ ရည်ရွယ်ချက်က..
လှတဲ့စော်လေးတွေကို......Like..ပေးမယ်..
မလှတဲ့ဟာတွေဆို...ကျော်သွားမယ်..
တီတီတာတာလေးတွေ ဝင်မန့်မယ်...cb မှာ Hi မယ်..
ဖွန်ကြောင်မယ်... ဒါပဲလေ..

ကလေးပုံတွေကြည့်ဖို့သုံးနေတာ မဟုတ်ဘူးနော်..

အဲ့တော့ဗျာ.....ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ်....
အိမ်ထောင်သည်.....အအို တွေ.....
အကောင့်ထဲက..ထွက်သွားပေးကြပါ ။

အဲ

အပျိုလေးတွေတော့.....နေခဲ့ပေါ့

😎😎😎😎😎😎
#cd

Sort:  

Plese give me voating