အရွယ်​လွန်​ရင်​ခုန်​သံ(၃)

in #myanmar6 years ago

မှန်​​ရှေ့၌လဲ့လဲ့တစ်​​ယောက်​အကျီင်္တစ်​ထည်​ပြီးတစ်​ထည်​လဲရင်းဖြင့်​မိမိကိုယ်​ကိုစိတ်​တိုင်းမကျဖြစ်​​နေပါသည်​။မျက်​နှာကိုလည်းမိတ်​ကပ်​​ပါးပါး​လေးလူးပြီးချယ်​သထား
လိုက်​​သေးသည်​။
ထိုစဉ်​အိမ်​​ရှေ့၌ကားရပ်​သံကြားလိုက်​ရသည်​။
"လာပြီထင်​တယ်​။"ဟု​တွေးမိရင်းလဲ့လဲ့တစ်​​ယောက်​ရင်​​ခုန်​သွားမိသည်​။ထို့​ကြောင့်​အဝါ​ရောင်​ကချင်​ဝမ်းဆက်
ကိုပဲ​ရွေးချယ်​ကာဝတ်​ဆင်​လိုက်​မိသည်​။
"သမီး​ရေ​မောင်​ဇာနည်​​ရောက်​​နေပြီ​ဟေ့။"
အိမ်​​ရှေ့ဆီမှ​မေ​မေ့အသံအားကြားလိုက်​ရသည်​။
"လာပါပြီ​မေ​မေ။"ဟုပြန်​ထူးရင်းအိမ်​​ရှေ့ဆီသို့စလင်းဘတ်​အိတ်​က​လေးလွယ်​ကာထွက်​လာခဲ့မိသည်​။
အိ​မ်​​ရှေ့၌လည်​အကျီင်္အဖြူ က​လေးဝတ်​ဆင်​ထား​သော
ဇာနည်​တစ်​​ယောက်​​ဖေ​ဖေနှင့်​စကားလက်​ဆုံကျ​နေကြ
သည်​။
လဲ့လဲ့ကိုမြင်​​သောအခါ၌လှမ်း၍ပြုံးပြပြီး​ဖေ​ဖေ့အား
"သွားလိုက်​ပါဦးမယ်​အန်​ကယ်​။လဲ့လဲ့ကိုကျွန်​​တော်​ပြန်
လိုက်​ပို့​ပေးပါ့မယ်​။"ဟုနူတ်​ဆက်​ရင်းထရပ်​လိုက်​​လေ
သည်​။
ထို့​နောက်​နှစ်​​ယောက်​သားအိ​မ်​​ရှေ့ရပ်​ထား​သောကားဆီ
သို့ထွက်​လာခဲ့သည်​။ကား​ရှေ့ခန်းသို့တက်​ထိုင်​လိုက်
သည်​နှင့်​ဇာနည်​ဆီမှ "လဲ့လဲ့နင်​တရုတ်​စာကြိုက်​လား"ဟု​မေးလိုက်​ပါသည်​။
"ကြိုက်​ပါတယ်​ဇာနည်​ရယ်​။နင်​ကြိုက်​တဲ့ဆိုင်​သာသွား"
ဟုပြန်​​ပြောလိုက်​သည်​။
"အဲဒါဆို​​ရွှေတိဂုံဘုရားအရင်​လိုက်​ပို့မယ်​။ပြီးရင်​​ရွှေဘဲမှာ
သွားစားကြမယ်​​လေ။"ဟုဇာနည်​က​ပြောရင်းကားကို​စက်​နိုးလိုက်​​လေသည်​။
ဘုရားသို့​ရောက်​​သောအခါ၌နှစ်​ဦးသား​တောင်​ဘက်​မုဒ်​မှဓာတ်​​လှေကားဖြင့်​တက်​ကြ​သည်​။လဲ့လဲ့မျက်​နှာ
က​လေးရှက်​​သွေးဖြာ၍မ​နေတတ်​မထိုင်​တတ်​ဖြစ်​​နေမိ
သည်​။
လဲ့လဲ့ဘဝ၌သူစိမ်း​ယောက်ျားက​လေးတစ်​​ယောက်​နှင့်​သွားဖူးသည်​မှာပထမဆုံးအကြိမ်​ဖြစ်​ပေသည်​။
ဘုရား​ပေါ်​ရောက်​​သောအခါနှစ်​ဦးသားဘုရားရှိခိုးကြပြီး
ဆီမီး​ရေချမ်းကပ်​လှူ ​ပူ​ဇော်​ကြသည်​။
ထို့​နောက်​အာရုံခံတန်​​ဆောင်း​လှေကားထစ်​များ၌ထိုင်​ရင်းစကားလက်​ဆုံ​ပြောကြသည်​။
"နင်​နဲ့ငါနဲ့အဆက်​အသွယ်​ပြတ်​သွားတာလည်းမ​ပြောနဲ့
လဲ့လဲ့​ရေ။ငါသ​ဘောင်္လိုက်​သွားတာ၂နှစ်​​လောက်
သ​ဘောင်္​ပေါ်က​နေမဆင်း​နေခဲ့တာဟ။နင်​ကလည်း
အိမ်​​ပြောင်းသွား​တော့အဆက်​အသွယ်​ကမရဘူးဟာ။"
ဟုအစချီကာဇာနည်​မှသူ့အ​ကြောင်းစတင်​​ပြောပြ​လေ​သည်​။လက်​ရှိမှာသူ့အ​ဖေဆုံးသွားပြီး​နောက်​သူ့အ​မေနှင့်
သာသားအမိနှစ်​​ယောက်​​နေထိုင်​​ကြောင်းအစ်​မလုပ်​သူမှာအိမ်​​ထောင်​ကျပြီးအိမ်​ခွဲ​နေ​ကြောင်းစသဖြင့်​​ပြောပြ
ပါသည်​။တစ်​​ယောက်​နှင့်​တစ်​​ယောက်​ဖြစ်​​ကြောင်းကုန်​စင်​​ပြောပြကြရင်းဖြင့်​ဘုရား​ပေါ်မှဆင်းလာခဲ့ကြသည်​။

ကားရပ်​ထားသည့်​​နေရာသို့​ရောက်​​သောအခါဇာနည်​ဖုန်း
မှဖုန်းမြည်​လာခဲ့သည်​။"လဲ့လဲ့ ခဏ​လေး​နော်​"ဟု​ပြော
ရင်းဇာနည်​မှဖုန်း​ကောက်​ကိုင်​လိုက်​ပါသည်​။
"ဟယ်​လို ​မေ​မေ။သားအခုဘုရားမှာ​မေ​မေ။မနက်​စာသားအပြင်​မှာစားလိုက်​​တော့မယ်​​မေ​မေ။"အစချီကာ
အ​မေလုပ်​သူနှင့်​ဖုန်း​ပြော​နေ​လေ​တော့သည်​။
ထို့​နောက်​"Sorry​လဲ့လဲ့ရယ်​။ဖုန်း​ပြောတာနည်းနည်း
ကြာသွားတယ်​။"ဟုဆိုကာကား​ပေါ်တက်​၍စက်​နိုး
ကာ​မောင်းထွက်​လာခဲ့ကြသည်​။
ထို့​နောက်​​ရွှေဘဲ၌မနက်​စာစားကြရင်းဇာနည်​ဖုန်းမှမြည်​လာပြန်​သည်​။ဇာနည်​မှဖုန်းကိုင်​လိုက်​ရင်း
"ဟဲလို​မေ​မေ"ဟုထူးသံကြားလိုက်​ပြန်​သည်​။ထိုင်​ခုံမှထသွားရင်းဆိုင်​ပြင်​​ပေါ်၌ဇာနည်​ဖုန်း​ပြော​နေ​လေ
သည်​။ထို့​နောက်​ဆိုင်​ထဲသို့ပြန်​​ဝင်​လာခဲ့သည်​။
"လဲ့လဲ့​ရေတို့သွားမှဖြစ်​မယ်​ကွာ။"ဟုမျက်​နှာမသာမယာ
နှင့်​​ပြောလိုက်​သည်​။ထို့​ကြောင့်​နှစ်​ဦးသားဆိုင်​ထဲမှထွက်
လာကြသည်​။
အပြန်​ကား​ပေါ်၌လဲ့လဲ့ရင်​ထဲမတင်​မကျဖြစ်​ရင်းသက်​ပြင်းတချချဖြင့်​စကားတခွန်းမှမ​ပြောဘဲ​နေ​နေခဲ့​လေသည်​။

အပိုင်း(၄)အားဆက်​လက်​ဖတ်​ရူပါရန်​။
စာ​ရေးသူ အိအိခိုင်
MSC 173

adventure-architecture-bay-196667.jpg
Photo credited from
https://www.pexels.com/search/women/

Sort:  

ရင်ခုန်ရင် အချစ်လား😁😁

Posted using Partiko Android

😄😄စိတ်​ကူးယဉ်​ကြည့်​လိုက်​​ရေးလိုက်​ပါပဲ

အဲ့မှာ တွေ့တာပဲ အမေချစ်တဲ့သားနဲ့

ဒီလိုပါပဲ​တွေးမိတာ​လေး​လျောက်​​ရေး။

အခုမှစဖတ်မိတော့ သိပ်ဇာတ်ရည်မလည်သေး။
ရှေ့ပိုင်းတွေပြန်ဖတ်ဦးမယ်ဗျာ

ဟုတ်​ကဲ့

တစ်ဦးတည်းသောသားများလား

ဟုတ်​ကဲ့