တစ်ဖက်သတ်အချစ်(၂)

in #myanmar7 years ago

ကျွန်တော်နဲ့သူ၎တန်းစာမေးပွဲအတွက်ပြင်ဆင်ရင်းစကားတွေနည်းလာပါတယ်။တဖြည်းဖြည်းသွေးအေးနေပေမယ့် တွေ့ခိုက်ခဏလေးအချိန်မှာတော့ စကြ နောက်ကြနဲ့ပျော်ပျော်နေခဲ့ကြပါတယ်။ဒီလိုနဲ့၎တန်းဆိုတဲ့တံတိုင်ငယ်လေးကိုကျွန်တော်တို့ကျော်ဖြတ်နိုင်ခဲ့ပါတယ်။၃လတာကျောင်းပိတ်ကြပြန်တော့ မတွေ့ရတော့လည်းကလေးဘဝမို့ ဆော့ကစားရင်း၃လကိုကုန်စေခဲ့တာပေါ့။၆လပိုင်း၆ရက်နေ့ကျောင်းပြန်ဖွင့်တော့မည်။သိလိုက်ရသည်နှင့်ကျွန်တော့်ရင်ထဲမှာပျော်မိသလို ဝမ်းနည်းမိပါတယ်။ကျောင်းဖွင့်တော့မည်ဖြစ်၍ကျောင်းသစ်ကြီးကိုတက်ရတော့မည်ဖြစ်၍အတွေးများနှင့်ပျော်နေမိသည်။သို့သော်ကျောင်းဖွင့်တော့မည်ဖြစ်၍ကျောင်းပိတ်ရက်နည်းသွားခြင်းမို့ဝမ်းနည်းမိတာပေါ့ဗျာ။၆လပိုင်း၆ရင်နေ့ပထမဆုံးတက်ရမည့်ကျောင်းကြီးရှေ့ကျွန်တော်ငေးမောရင်းရပ်ကြည့်နေမိသည်။ကြီးမားပြီးကျယ်ပြန်းသောနှစ်ထပ်ကျောင်းဆောင်ကြီးများကကျွန်တော်တို့လိုကျောင်းသားသစ်တွေကိုစွဲဆောင်နေတာတော့အမှန်ပေါ့ဗျ။အရင်က(ဘက)မူလတန်းကျောင်းသားလေးဘဝမှ အထက်တန်းကျောင်းကြီးသို့ အလယ်တန်းကျောင်းသားတစ်ယောက်ဖြစ်လာ၍အနည်းငယ်မိမိကိုယ်အထင်ကြီးနေမိသည်။ထူးခြားသည်က အမေကိုယ်တိုင်ပါမလာခြင်းပင်ဖြစ်သည်။အလယ်တန်းကျောင်းသားဆိုသော်လည်းအမေမပါ၍အားငယ်စိတ်ဝင်လာမိသည်။အတွေးများနှင့်ကျွန်တော်ရပ်နေသည်မှာအချိန်မည်မျှကြာသည်ကိုပင်သတိမထားမိနောက်မှကျောင်းပို့လာသောဆိုင်ကယ်ဟွန်းသံကြောင့်လန့်၍သတိရလာသည်။ကျွန်တော်ကျောင်းဝင်းကြီးထဲသို့ပထမဆုံးခြေလှမ်းကိုနင်းမိသည်နှင့်တစ်ပြိုင်နက်ရင်ထဲတွင်ပူလောင်ခြင်း အေးမြခြင်း ပျော်ရွှင်ခြင်းကြောက်ရွှံခြင်းတို့တစ်ပြိုင်တည်းဝင်လာတော့သည်။ရင်ထဲမှာခံစားချက်တွေကိုမြိုသိပ်ရင်းအလယ်တန်းကျောင်းဆောင်ရှိရာကိုကျောင်းပေါက်မှဆရာမတစ်ဦးကိုမေးပြီးလျှောက်လာမိသည်။ဘေးနားမှကျောင်းသားသစ် ကျောင်းသားဟောင်းတွေအများကြီးရှိနေပေမယ့် ကျွန်တော့်အတွက်တော့တစ်ယောက်တည်းရှိနေသည်။ဆူညံ့နေပြီးစကားတွေပြောကာရယ်မောနေသောပတ်ဝန်းကျင်တွင်ကျွန်တော်တစ်ယောက်တည်းတိတ်ဆိတ်နေမိသည်။ပိုဆိုးသ်ာမှာသုများတွေအခန်းတွေထဲဝင်သွားပေမယ့်ကျွန်တော်ကဘယ်အခန်းဝင်ရမှန်းမသိ ဆရာမတွေလည်းသူတို့ရဲ့အခန်းထဲမှကျောင်းသားစာရင်းကိုကျောင်းသား ကျောင်းသူတွေကြားအောင် အော်၍နာမည်ခေါ်နေသည်။ပတ်ဝန်းကျင်တစ်ခုလုံးနာမည်ခေါ်သံ နာမည်ထူးသံတွေနဲ့ဆူညံနေပြီးကျွန်တော်လည်းကျွန်တော့်နာမည်ခေါ်မ​ည့်အသံကိုနားထောင်နေမိသည်။ရုတ်တရက်""ဖြိုးဖြိုးရှိလားဟေ့"​အေ​ခေါ်သံကိုကြားလိုက်ရသည်။ကျွန်တော်ထိုင်နေရာမှထပြီးကြည့်မိသည် ကျွန်တော့်သူငယ်ချင်းဖြိုးဖြိုးပင်ဖြစ်သည်။သူရောက်သည့်အခန်းမှာပဉ္စမတန်းFခန်းပင်ဖြစ်သည်။သူ့ကိုကျွန်တော်တွေ့ပေမယ့် သူကတော့ကျွန်တော့်ကိုမတွေ့ပါ။ကျွန်တော်သူ့နာမည်ကိုအော်ခေါ်သော်လည်းသူမကြားဘဲအတန်းထဲဝင်သွားသည်။ကျွန်တော့်အော်ခေါ်သံသည် ဘေးပတ်လည်ကဆူညံသံကိုမတိုးနိုင်ခဲ့ပေ။ကျွန်တော်ဆက်ပြီးအော်မနေဘဲကျွန်တော့်နာမည်ခေါ်မည့်အသံကိုစောင့်နေမိသည်။တဖြည်းဖြည်းချင်းပဉ္စတန်းအဆောင်ရှေ့မှာတော့ ကျောင်းသားတွေနည်းလာပြီးကျွန်တော်အပါဝင်၈၀ ၉၀ခန့်သာကျန်တော့သည်။