တစ်ဖက်သက်အချစ်(၁)
ကျွန်တော်နှင့်သူမက သူငယ်တန်းကတည်းကသူငယ်ချင်းဖြစ်ခဲ့တာပါ။
ကျွန်တော်နဲ့သူစတင်တွေခဲ့တဲ့နေရာလေးက အမှတ်၎(ဘက)ကျောင်းမှာပေါ့။ကျွန်တော့်ရဲ့ညာဘက်လက်မောင်းကိုဆုပ်ကိုင်ထားတဲ့အမေ့ရဲ့လက်ဝါးကိုမရုန်းနိုင်လို့ကျွန်တော် ငိုကြီးချက်မနဲ့အတန်းထဲရောက်လာပါတယ်။အတန်းထဲဝင်လာတဲ့ကျွန်တော့်ကို အပြုံးနဲ့ကြည့်နေတဲ့သူတစ်ယောက်ကိုမြင်တော့ကျွန်တော့်အသံတိတ်သွားပါတယ်။တစ်ကယ်တော့ကျွန်တော်ကြောက်လို့တိတ်သွားတာပါ။ကျွန်တော်မြင်လိုက်တာကဖြူစိမ်းဝတ်စားနဲ့မဟုတ်ဘဲနဲ့ ရွှေဝါရောင်သက်န်းကိုခြုံထားပြီး ဖြူဖွေးဖွေးအသားနဲ့ နှာတံပေါ်ပေါ် မျက်နှာဝိုင်းဝိုင်း ဘုန်းဘုန်းတစ်ပါးကိုပါ။ကျွန်တော့်ကိုကြည့်ရင်းသူ့လက်အစုံနဲ့ချီပြီး မကြောကဖို့ပြောပါတယ်။ပြီးတော့ယောက်ျားလေးအတန်းရဲ့ရှေ့တန်းမှာနေရာချပေးပြီးအမေ့ကိုပြန်ခိုင်းပါတယ်။ဘာမှန်းမသိတဲ့လေးဘဝလေးကဖြူစင်လွန်းပါတယ်။သူမပေါ်ခံစားချက်တွေမရှိတဲ့ ငယ်စဉ်ကအရွယ်လေးကိုအရမ်းတမ်းတမိပါတယ်။တူတူပုန်းတမ်းကစားတယ်။စိန်ပြေးလိုက်တန်းကစားကြတာပေါ့။ဒီလို့ဘဲ၎တန်းထြိုစင်တဲ့သူငယ်ချင်တွေအဖြစ်ပြီးဆုံးခဲ့ပါတယ်။ဖြူစင်လွန်းတဲ့အချိန်လေးကအတူတူကစားခဲ့ဖူးတဲ့အချိတွေဟာ ပြန်မရတော့မှန်းသိပေမယ့်တမ်းတမိနေပါတယ်။ကျွန်တော့်ပေါ်သူလည်းအတိုင်းတာတစ်ခုထိ သံယောဇဉ်ရှိခဲ့ပါတယ်။ဒါပေမယ့်သူက ဟန်ဆောင်ကောင်းတဲ့သူဆိုတော့ကျွန်တော်ဘာကိုမှမရိပ်မိခဲ့ဘူး။ကျွန်တော်နဲ့သူ သံဃောဇဉ်လေးကိုသွေးအေးစေမယ့်အခိုက်တန့်လေးကိုရောက်လာပါတော့တယ်