Electricity (Final Chapter)
မီးဆွဲစက်လေးက သိပ်မကြီးလှပေမယ့် လေးတာတော့ အတော်လေး လေး၏။ ဆိုင်ကယ်နှင့် သေချာလည်း ထိန်းပြီး သယ်လာရ၏။ မီးဆွဲစက် ရလာတော့ အဆင်ပြေ မပြေ စမ်းသပ်ကြည့်ဖို့က လိုသေး၏။ သို့နှင့် အိမ်သစ်ကို မီးစင်ပေးသည့် ညီလေးကို အနှီ စက်ကို ပြပြီး မေးကြည့်ရသေး၏။ သူက ရတယ် အဆင်ပြေတယ် ပြောသဖြင့် စင်ဖို့ လုပ်ရပြန်၏။ အိမ်မှာက အနှီ စက်ကိုတင်ဖို့ ခုံကောင်းကောင်း မရှိပေ။ အလေးချိန် နည်းနည်းပါတော့ တော်ရုံခုံလောက်နှင့်လည်း မရနိုင်လောက်ပေ။
သို့နှင့် တွင်ခုံလုပ်သည့် သူငယ်ချင်းတယောက်ကို အကူအညီ တောင်းရပြန်၏။ ကံကောင်းချင်တော့ သူအားသည့် အချိန်လေးနှင့် တိုက်နေသဖြင့် ခုံလုပ်ပေးဖို့ ပြောတော့ အဆင်ပြေသွား၏။ တခါတည်း သံခုံ လုပ်လိုက်၏။ ခုံကို (၃) ဆင့်လုပ်လိုက်၏။ အပေါ်ဆုံးဆင့်က မီးစက်၊ ဒုတိယ တဆင့်က သောက်ရည်အိုး ထားဖို့နှင့် အောက်ဆုံး အဆင့်ကတော့ အခြား တင်ချင်သည်၊ ထားချင်သည်များကို ထားရန်ပေါ့။ ခုံလုပ်ပြီးသွားတော့ တခါ သယ်ရပြန်၏။
ခုတလော အသယ် အယူ ကိစ္စက ပြီးကို မပြီးနိုင်သေးပေ။ ခုံက ကျနော့် အိမ်မှာ မလုပ်ဘူးလေ။ မီးအား မကောင်းတော့ တွင်ခုံ၊ ဂဟေဆော်က ဘယ်လိုမှ အဆင်မပြေနိုင်ပေ။ သို့နှင့် သူငယ်ချင်း အိမ်မှာပဲ လုပ်ခြင်း ဖြစ်၏။ ခုံလုပ်ဖို့ ပစ္စည်းတွေ ဝယ်ရ၊ သယ်ရ။ ခုံပြီးသွားပြန်တော့လည်း တခါ သယ်ရနှင့် ဟုတ်တော့ ဟုတ်နေ၏။ ခုံကတော့ သိပ်မလေးပေ။ သို့ပေမယ့် အရှည်က (၃) ပေကျော်ဆိုတော့ ဆိုင်ကယ်နှင့် သယ်ဖို့ရာမှာ အနည်းငယ်တော့ အခက်တွေ့၏။ ကိုယ့်မှာကလည်း ဆိုင်ကယ်ပဲ ရှိတော့ ရအောင်၊ ဖြစ်အောင် သယ်လာခဲ့ရ၏။
ထိုခုံကြောင့် ဆိုင်ကယ်ကို ထိန်းပြီး မောင်းလာရသဖြင့် လူလည်း တော်တော်လေး ခိုင်သွား၏။ လက်တွေလည်း ညောင်း၊ ဖင်လည်း နာပေါ့။ ခုံက ရှည်တော့ ကန့်လန့် မတင်ဘဲ အလျားလိုက် တင်လာလိုက်သဖြင့် ထိုင်စရာ နေရာက နည်းနည်းပဲ ကျန်၏။ ထို့ပြင် ခုံလုပ်ရာက ပိုသည့် သံပိုက် အရှည်ကိုပါ ကပ်ချည်ထားရသဖြင့် ဆိုင်ကယ်ကို အတော်လေး ထိန်းမောင်းလာခဲ့ရ၏။ ခုံပြီးနောက် မီးစက်ကို တပါတည်း ဆင်၏။
မီးလုပ်ပေးသည့် ညီလေး လာပြီး စက်ကို ဆင်ပေး၏။ ကျနော်ကတော့ ထိုင်စောင့်ပြီး ကူစရာ ရှိတာ ကူပေါ့။ လုပ်နေရင်း တန်းလန်းနှင့် ဆရာသမားက အရေးတကြီး ကိစ္စပေါ်လာသည် ဆိုပြီး ထပြန်သွား၏။ သူ့ ပစ္စည်းတွေလည်း ထားခဲ့၏။ မီးက သုံးလို့ ရသည်ဆိုပေမယ့် မီးစက်မီးကိုက သုံးလို့ မရသေးပေ။ လက်စ သတ်စရာ တွေ ကျန်နေသေးသည့် ပုံပင်။ လောလောဆယ်တော့ epc မီးကိုသာ သုံးနေရသေး၏။ ဆရာသမားက ဒီနေ့လည်း မလာပေ။ ဘာတွေများ အရေးကြီးနေသည် မသိ။ ကျနော်တို့လည်း ဒုံးရင်း အတိုင်း မီးနည်းလိုက်၊ ဆွဲတင်လိုက်၊ မီးများသွားလိုက် ပြန်ချလိုက်နှင့် epc မီးကိုသာ သုံးနေရ ပေလိမ့်ဦးမည်။
Don Jaun
MSC 31
He said, 'Stop doing wrong things and turn back to God! The kingdom of heaven is almost here.'(Matthew 3:2)
Bro. Eli Challenges Atheism Belief, There is No God
Watch the Video below to know the Answer...
(Sorry for sending this comment. We are not looking for our self profit, our intentions is to preach the words of God in any means possible.)
Comment what you understand of our Youtube Video to receive our full votes. We have 30,000 #SteemPower. It's our little way to Thank you, our beloved friend.
Check our Discord Chat
Join our Official Community: https://steemit.com/created/hive-182074
Yay!
Your post has been boosted with ESTM. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app!
Learn more: https://esteem.app
Join our discord: https://discord.me/esteem