သင်္ခါရရာသီ

in #myanmar7 years ago

သင်္ခါရရာသီ

FB_IMG_1538187790793.jpg
သုံးလူ့ဘုန်းမို လျှောက်ထားဆို၏
""မအိုနွေ""ကိုညွှန်ပြပါ။

သုံးလူ့မြတ်စွာ မိန့်ကြားပါလေ
""မနာမိုး""ကိုညွှန်ပြပါ။

သုံးလူ့ပရမေ မိန့်ကြားလေလော
""မသေဆောင်း""ကိုညွှန်ပြပါ။

သုံးလောကထဲ အစဉ်မြဲသည့်
""မခွဲချိန်""ကိုညွှန်ပြပါ။

သုံးလူ့ဇိနေ မိန့်ဟလေ၏
နွေမိုးဆောင်းဟု ဥတုသုံးလီ
ရာသီကာလ သင်္ခါရမို့
အိုရနာရ သေဆုံးရမည်
ခွဲရသေချာဓမ္မတာ။
မအိုနွေဟုမရှိပါ။
မနာမိုးဟုမရှိပါ။
မသေဆောင်းဟုမရှိပါ။
မခွဲချိန်ဟုမရှိပါ။

မောင်ရဟန်း(သာသနာ့ရင်ခွင်)