Facebookကိုအကျိုးရှိရှိအသုံးချပါ

in #myanmar7 years ago

အဆုံးထိဖတ်လို့မှသဘောမကျဘူးဆိုရင်
Blockသွားလိုက်ပါ
ရှုပ်ပါတယ် Reportပါထုလိုက်ပါ
အဲ့လိုလုပ်ပြီး သင့်ကိုယ်သင်ကမ္ဘာပေါ်မှာ
အတုံးဆုံးသူဆိုပြီးဂုဏ်ယူပေးပါ

ဒီနေ့ရာသီဥတုကလည်းသိသိသာသာ
ပူလာတော့ တောင်လေတွေကတိုက်
သစ်ရွက်တွေကကြွေနဲ့ ဟိုလွမ်းသလိုလို
ဒီလွမ်းသလိုလိုနဲ့ ဖြစ်နေလို့
fbမှာကမ္ဘာနှစ်ခြမ်းကွဲခိုင်းရမလား?
စဉ်းစားလိုက်တယ်
ဒါနဲ့မဖြစ်သေးပါဘူးလေ
Englishနှင့်Geologyကအပြင်မှာ
changeသတ်တာလည်းမဟုတ်ဘဲ
fbပေါ်တင်အာကျယ်နေတော့
ငါ့ခေါင်းနှစ်ခြမ်းကွဲသွားရင်တောင်
ဘယ်သူမှသတိမထားမိလောက်ပါဘူးဆိုပြီး
ခဏလေးငြိမ်ငြိမ်နေလိုက်တယ်
စိတ်ကိုအရင်တည်ငြိမ်အောင်ဘာလုပ်
ရမလဲစဉ်းစားလိုက်တယ်
အများလည်းအကျိုးရှိအောင် fbမှာ
တစ်ခုခုတင်ရမလားမသိဘူးဆိုပြီး
စဉ်းစားတော့ အရှေ့ကပေါ်ပင်သမား
တွေနဲ့ဆက်စပ်ပြီးတွေးမိသွားတယ်
ဘယ်ထိအောင်တွေးလိုက်လဲဆိုတော့
Mark Zuckerbergအထိရောက်
သွားပါတယ် ဘာမှလည်းမဆိုင်ဘူးလို့
မထင်ပါနဲ့ တဖြည်းဖြည်းဆိုင်လာလိမ့်မယ်
သူကတော့တခြားသူမဟုတ်ပါဘူး
ခင်ဗျားတို့ရဲ့ပေါ်ပင်စစ်တလင်းတွေကို
အသက်ဝင်အောင်လုပ်ပြီးကမ္ဘာ့အချမ်းသာဆုံး(10)ယောက်ထဲမှာပါနေတယ်
ပြောချင်တာအဲ့ဒါပါပဲ စပါပြီ
သူဘာလို့ဒီလောက်ချမ်းသာနေရတာလဲ
လေ့လာကြည့်ရအောင်နော်

Facebookရဲ့အဓိကစီးပွားရေးလုပ်ငန်း
ကဘာလဲဆိုတာကိုသိတဲ့သူက100မှာ
20လောက်တောင်မရှိဘူးထင်တယ်
တခြားသူတွေရဲ့ပတ်ဝန်းကျင်မှာတော့
မသိဘူး ကျွန်တော့်societyမှာတော့
တစ်ယောက်မှမရှိဘူး ဒါဗြောင်ပြောတာ
သူ့ရဲ့အဓိကစီးပွားရေးလုပ်ငန်းကတော့
ကြော်ငြာလုပ်ငန်းဖြစ်ပါတယ်
ယနေ့ကမ္ဘာကြီးမှာကြော်ငြာလုပ်ငန်းဟာ
အရမ်းကိုအရေးပါလွန်းလှပါတယ်
ဆရာလင်းသိုက်ညွန့်ပြောထားတဲ့
စကားလေးတစ်ခုရှိတယ်
"မိတ်ဆွေသင်ဟာစီးပွားရေးလုပ်ပြီး
မကြော်ငြာဘူးဆိုရင်အမှောင်ထဲမှာ
ရပ်နေတဲ့ကောင်မလေးကိုမျက်စိမှိတ်ပြ
နေသလိုပါပဲ"တဲ့
ဒီတော့စီးပွားရေးလုပ်ငန်းရှင်တွေက
မိမိပစ္စည်းတွေကိုကြောငြာဖို့အတွက်
Facebookမှာ
Pageတွေလုပ်လာကြတယ်
Facebook accတစ်ခုရှိတာနဲ့
Pageတွေလုပ်လို့ရပါတယ်
ဒါပေမဲ့ လုံးဝစိတ်မပူပါနဲ့ခင်ဗျ
ခင်ဗျားတို့Pageကိုဘယ်သူမှမမြင်ပါဘူး
ဒီPageကိုမြင်အောင်ဘယ်လိုဘယ်လို
လုပ်မလဲဆိုတော့Friendsတွေကို
inviteလုပ်မယ်လေ
ကဲfb accတစ်ခုမှာအလွန်ဆုံးလူ5000လေ
ဒီတော့inviteကိုလက်ညောင်းအောင်
လိုက်ခေါ်ပေမဲ့အဲ့ဒီလူတွေကကိုယ်ရောင်း
ချင်တာကိုဝယ်ပါ့မလား?
Likeပေးသွားရုံထက်မရှိပါဘူး
ဒီအတွက်FacebookမှာPayment
တစ်ခုသတ်မှတ်ထားပါတယ်
ဥပမာ-ကျွန်တော်ကမကွေးမြို့မှာ
ဆိုင်တစ်ခုဖွင့်လိုက်တယ်ဆို
ကျွန်တော့်ဆိုင်လေးကိုPageနဲ့ကြေငြာ
မယ်လေ ဒီတော့Facebookရဲ့စနစ်က
မကွေးတိုင်းဒေသကြီးနှင့်အနီးအနားမှာ
ရှိနေတဲ့Facebook Usersတွေရဲ့
New Feedsမှာကျွန်တော့်Pageက
သွားပေါ်ပါတယ် သြော်ဒါမှသိပြီး
လာဝယ်ကြမယ်လေ မကွေးမှာလုပ်
ထားတဲ့ဆိုင်ကို ဘန်ကောက်လိုနေရာက
လူတွေဆီမှာသွားပေါ်နေတော့
ဘာထူးမှာလဲလေ မဟုတ်ဘူးလား?
ဒီတော့ အဲ့ဒီအကန့်အသတ်အတွက်ပါ
Location,age,Genderအဲ့လိုတွေ
အတွက်ပါမကန့်အသတ်ထားပေးပါတယ်
ဥပမာ-ကိုယ်လုပ်တဲ့PageကOnline
Shoppingလုပ်ငန်းကို
အသက်40,50,60အဲ့လိုအဘိုးအဘွား
ကြီးတွေရဲ့New Feedsမှာမပေါ်အောင်
ကန့်သတ်ပါတယ်
နောက်ပြီးGenderကတော့
မိန်းကလေးအသုံးအဆောင်ဆိုရင်
ယောက်ျားလေးတွေရဲ့New Feedsမှာ
မပေါ်ပါဘူး
(ပေါ်ပါတယ်ဆိုပြီးစောဒကမတက်ပါနဲ့
အဲ့ဒါကPageကိုကျွမ်းကျွမ်းကျင်ကျင်
မကိုင်တတ်သေးလို့ပါ)
ကဲဒီလောက်ဆိုရင် ခင်ဗျားတို့အနေနဲ့
ကြော်ငြာလုပ်ငန်းကိုနားလည်လောက်ပါပြီ
ဒါဆိုရင်ငွေပေးချေတဲ့နှုန်းလား?
ပြောပြမယ်လေ 1.4kto3.8kအတွက်ဆို
1$ပါ မြန်မာတွေနားလည်အောင်ပြောရရင်
(လူတစ်သိန်းလေးသောင်းကနေ
သုံးသိန်းရှစ်သောင်းအထိ)New Feeds
မှာမြင်နိုင်ဖို့အတွက်တစ်ဒေါ်လာကျပါတယ်
မြန်မာငွေနဲ့ကတော့ တစ်ထောင့်သုံးရာငါးဆယ်လားပဲ
(အခုဒေါ်လာဈေးတွေတက်နေတယ်)
ဟ မင်းဟာကလည်းတန်လှချည်လား
လို့မေးပါလိမ့်မယ်
ဟုတ်ပါတယ် အလွန်တန်ပါတယ်
ဒါပေမဲ့ အဲ့ဒါထက်နည်းနည်းလေး
ပိုတွေးလိုက်ပါဦ
တစ်ကမ္ဘာလုံးမှာစီးပွားရေးလုပ်ငန်းရှင်တွေ
များသလိုPageတွေကလည်း
မရေနိုင်မတွက်နိုင်ပါပဲ
ဒီတော့တစ်နေ့တစ်နေ့ဝင်လိုက်တဲ့ငွေဆို
တာကျွန်တော်တို့တစ်သက်ရှာရနိုင်ပါမလား?
ဒီPageတွေကိုlikeလုပ်နေတဲ့ကျွန်တော်
တို့ခင်ဗျားတို့လိုသာမန်Facebookသုံး
နေတဲ့သူတွေကိုအလကားသုံးခွင့်ပေးထားတယ်လေ ဟုတ်တာပေါ့ ကျွန်တော်တို့
လိုသုံးမယ့်သူတွေမှမရှိရင်ဒီPageတွေ
ဘယ်လိုကြေငြာမလဲဟင်
ဒီတော့ ကျွန်တော်တို့ဟာကိုယ့်Billနဲ့
ကိုယ်သုံးပြီးဒီPageတွေကိုကြည့်ပေးရ
likeလုပ်ပေးနေရတာပါ
ဒီအတွက်တင်မဟုတ်ပါဘူး
celeဖြစ်ချင်သူတွေအတွက်ပါPayment
ကlikeတိုးအောင်လုပ်ရပါသေးတယ်
သူကMaster cardလိုဟာနဲ့
ငွေဖြည့်ရတာပါ KBZနှင့်CBမှာ
လုပ်လို့ရပါတယ် ဒီတော့ပြောချင်တာက
Facebookသုံးတဲ့သူတွေသာ
billကုန်ပြီးမွဲကုန်မယ်
ဒါ့အပြင် နိုင်ငံရေး လူမှုရေးအစအစ
အရာရာပေါ့ စိတ်တွေပြောင်းလဲကုန်မယ်
ဘယ်သူတွေဘယ်လိုဖြစ်ချင်ရာဖြစ်ပါစေ
CEOကတော့ပြုံးပြုံးပါပဲ
ဒါပေမဲ့ ကျွန်တော်အခုလိုထောက်ပြလို့
ကိုယ့်ကိုယ်ကို fbမှာအကျိုးမရှိတာတွေ
လုပ်နေလို့အပြစ်မတင်လိုက်ပါနဲ့
ကုသိုလ်ပါဝင်တယ်လို့သဘောထားလိုက်ပါ
Mark Zuckerbergက
အလှူအတန်းရက်ရောလွန်းပါတယ်
သူ့ရဲ့Facebook Companyမှာပါတဲ့
sharing99%(USD 45billions)
ကိုသူ့သမီးလေးအတွက်
Chan Zuckerberg Initiativeအဖွဲ့
အစည်းမှာ ငွေပဒေသာပင်စိုက်ထူပေးထား
ပါတယ် ဒီအဖွဲ့အစည်းရဲ့ရည်ရွယ်ချက်ကတော့
လူ့စွမ်းအားအရင်းအမြစ်ကို
တိုးတက်လာစေရန်နှင့်အခွင့်အရေးများ
အတွက်တန်းတူညီတူမြှင့်တင်ပေးရန်
ဖြစ်ပါတယ် သဘောကတော့ လူမှုကူညီရေး
ပရဟိတအဖွဲ့အစည်းလိုပါပဲ
တခြားသူလှူတန်းထားတာတွေလည်း
အများကြီးပါပဲ သူ့အမျိုးသမီး
Chan ZuckerbergကBuddhistပါ
Mark Zuckerbergလည်း
Buddhistဖြစ်ဖို့လေ့လာနေပါတယ်
ကမ္ဘာပေါ်မှာကျွန်တော်အားအကျရဆုံး
ပုဂ္ဂိုလ်ပဲပေါ့

ကဲဒီတော့ Facebook usersတွေဟာ
Mark Zuckerbergရဲ့Donation
မှာငွေတွေထည့်ဝင်နေတာပါ
fbသုံးလေလေ ကုသိုလ်ရလေလေပေါ့
ဒါပေမဲ့သုံးတဲ့နေရာမှာ ကိုယ်ကအကျိုးရှိရှိ
သုံးနိုင်မသုံးနိုင်ဆိုတာကိုယ့်ကိုယ်ကို
ပြန်သုံးသပ်ဖို့လိုပါတယ်
Facebookမှာတကယ်တမ်းလေ့လာ
သင်ယူစရာတွေအများကြီးပါ
အသုံးချတဲ့သူအပေါ်မူတည်ပါတယ်
ဒီPostလေးကိုဖတ်ပြီးကျွန်တော့်Friendsတွေထဲကတစ်ယောက်လောက်ပဲ
Facebookပေါ်မှာပေါ်ပင်လုပ်တာတွေ
ရပ်ပြီးအကျိုးရှိရှိသုံးသွားနိုင်တယ်ဆိုရင်ပဲ
ကျွန်တော့်လက်ညောင်းရကျိုးနပ်ပါတယ်

Facebookကိုအကျိုးရှိရှိအသုံးချတတ်သူ
များဖြစ်ပါစေ

image