ဘဝနှင့် ငါ

in #myanmar7 years ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ...
ဒီကဗျာကို ဆရာဦးတင်လှိုင်ဦး @tinhlaingoo မှ
ကျွန်တော်၏ LIFE (ဘကုံး ဘ ဝလုံး ဝ) Post အား
လာ၍ Comment ပေးထားသည်ကို Reply ပြန်ဖို့
ရေးသားခဲ့ပါသည်။
orca-image-1258230484.jpeg

ဘဝနှင့် ငါ

ဘာဝနာအား
မပွားနိုင်ခင်
ဘဝ နာကျင်
ဤတွင်ခက်တွေ့
ထိုင်ချမွေ့လည်း
ထိုင်ညောင်းထပြန်
ထကြာညောင်းကိုက်
လမ်းလျှောက်လိုက်နှင့်
မှေးစက်တစ်ခါ
နေပါသော်လည်း
မပြေဒီစိတ်
ကြိတ်မှတ်တွေးတော
လူ့သဘောမှာ
စောကြောပါလဲ
ဝေဒနာစွဲလို့
မမြဲရှည်ကြာ
ဤကမ္ဘာဝယ်
ဘ နှင့် ဝ ဖြတ်
တရားမှတ်လည်း
စိတ်စွဲသမုသ်
ငါ အဟုတ်တည်း
ထင်မိနေပြန်
လောကဓံဝယ်
ဖြစ်ပျက်နှစ်တန်
ဓမ္မခန်ကို
ငါ ကားမပြုတ်
အလုပ်ရှုတ်သည်
ခက်လှချည်စွ
ငါတကားကား......

...... Hein Khant Maung ......

ဆရာဦးတင်လှိုင်ဦး ၏ Comment မှာ အောက်ပါ
Screenshot photo ဖြစ်ပါသည်။
Screenshot_2018_0818_151742.png

Comment ပေးသူများကို လေးစားလျက်
@billionairehein

Sort:  

You got a 3.54% upvote from @postpromoter courtesy of @billionairehein!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

MSC ဘာလို့မတပ်

Pro တင်တဲ့ post မှာပဲ တပ်ဖြစ်ပါတယ်ဗျ
ကျန်ပို့စ်တွေက အတိုတွေမို့ပါ

တပ်ပါဟ ဘာဖစ်မှာလိုက်လို့

ဟုတ်ပါပြီ တပ်တော့မယ်ဗျာ

ငါဆိုတော့ဘဝနောက်ဆုးံကျတော့လဲ

ငါ ဆိုသော အတ္တ မကင်းသမျှတော့ ....

ငါဆိုသော စကားလုံးများနောက် လွတ်လမ်းများ ရှာရ
ပါလေသည်

လူတွေက ငါ့ ကို ဝိုင်းပြီးပြောကြတယ် ...ဒီလူဟာ..အရူးကြီးတစ်ယောက်ပါတဲ့... ဘယ်လိုလူမျိုး အကောင်းလို့ ခေါ်သလဲကွယ်... ငါကိုယ်တိုင် စဉ်းစားမရနိုင်တယ်...

Congratulations @billionairehein! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do you like SteemitBoard's project? Then Vote for its witness and get one more award!

ငါမပြုတ်သ၍
စိတ်မော၊ လူမော ၊ဘဝမော နေအုံးမည်သာ...

😊😊😊တရားတော့မပေါက်သေးဘူး ဟိဟိ။

ငါ မပြုတ်ဘဲ ငါ အဟုတ် ထင်နေတာ သံသရာရှည်သကွာ