ကျွန်တော်နှင့် အကြောက်တရား
အကြောက်တရား၊ အင်းဒါက ကျွန်တော်တို့ငယ်ငယ်ကတည်းက ကြုံတွေ့နေခဲ့ရတာဆို မှားမလား။ မမှားဘူး ဟုတ်တယ် မွေးပြီးလို့ လူမှန်းသိတတ်စကည်းက ကြုံတွေ့ခဲ့ရတာပါ။ ကျွန်တော်တို့ မိဘတွေရဲ့ ရှေးရိုးဆန်မှု့ကြောင့်လား ဒါမှ မဟုတ် သူတို့ကိုယ်တိုင်ကိုက အကြောက်တရားနဲ့ လက်ပွန်းတတီးရှိနေခဲ့လို့လား။ ကျွန်တော် အပြစ်ပြောနေတာမဟုတ်ပါဘူး တကယ်ဆို စဉ်းစားကြည့်ပါ။ အကြောက်တရားကြောင့် ကျွန်တော်တို့ ဘာကောင်းကျိုးများရခဲ့ကြသလဲလို့။ ဘယ်လောက်တောင်ဖြစ်လဲဆို အကြောက်တရားကြောင့် ကိုယ့်ဘက်ကမှန်တာတောင် ပြန်မပြောနိုင်ဘဲ အမှားကို အမှန်လုပ် ငြိမ်ကုပ်တိတ်ဆိတ်စွနေခဲ့ရသလဲ ဆိုတာ တွေးကြည့်ပါ။
ကျွန်တော်တို့ကို ငယ်စဉ်ကတည်းက ထိန်းကြောင်းလာတဲ့ပုံစံက လူကြီး မိဘ ဆရာသမားကို ပြန်မပြောနဲ့ ကံကြီးထိုက်လိမ့်မယ် ငရဲကြီးလိမ့်မယ် စတဲ့ ခြိမ်ခြောက်မှု့တွေနဲ့ ကြီးပြင်းခဲ့ကတာပါ။ တကယ်ဆို နည်းမှန်လမ်းမှန်နဲ့ သုံးသပ်ပြောဆိုဆွေးနွေနိုင်အောင် လမ်းမှန်ကိုမြင်အောင် အကြောက်တရားကင်းကင်းနဲ့ ပြောဆိုဆွေးနွေးနိုင်အောင် လေ့ကျင့်သင်ကြားပေးခဲ့ရမှာ။ ဘယ်လိုပြောရမလဲ စနစ်ကိုပဲ လက်ညိုးထိုးရမယ်ထင်တယ်။
တကယ်ဆို မိတ်ဆွေတို့ အဲ့ ဒီ အကြောက်တရားဆိုတာကို တစ်ကြိမ်လောက်သာ တွန်းလှန်ကြည့်လိုက်ပါ။ နောက်ဆို အကြောက်တရားဆိုတာ ဘာလဲလို့ကို မေးယူရလောက်အောင်ဖြစ်သွားမယ်။ မကြောက်ကြပါနဲ့ ရဲရင့်ပါ အမှန်တရားကိုမြတ်တရားကိုမြတိယ်နိုးပါ။
သိပ်မှန်တယ်
Yes