ရှင်သန်ခြင်းအနုပညာ
ဦးမြသာနှင့် ဦးလှထွန်းတို့သည် ခြံချင်းကပ်နေထိုင်ကြသူများဖြစ်ကြလေ၏။
ဦးလှထွန်းတို့မိသားစုကား စီးပွားရေးပြေလည်ကြသူများဖြစ်၍ ဦးမြသာတို့မိသားစုမှာမူ အသင့်တင့်သာမျှဖြစ်လေသည်။
တစ်နေ့ ဦးလှထွန်းမှ ဦးမြသာအား "ကိုမြသာရေ အရိပ်လေးလည်းရအောင် လေဒါဏ်မိုးဒါဏ်လည်း ကာကွယ်ပြီးသားဖြစ်ရအောင် အရိပ်ရ အပင်လေးများစိုက်ကြရင် မကောင်းဘူးလားဗျာ"
" ကောင်းတာပေါ့ ကိုထွန်းလှရေ နွေရာသိကြလည်း ပူရင် အပင်ရိပ်လေးရှိတော့သက်သာသေးတာပေါ့ဗျာ"
မည်သည့်အပင်အားစိုက်ကြမည်တိုင်ပင်ရွေးချယ်ကြရင်း နောက်ဆုံး၌ အချိန်တိုတွင်းအရိပ်အမြန်ရရှိသည့် ဗံဒါပင်အားစိုက်ကြလေသည်။
ဦးလှထွန်းကား စီးပွားရေးပြေလည်သူပီပီ သူစိုက်ပျိုးထားသည့် အပင်များအား မြေသြဇာမှအစ လိုအပ်သည့် အထောက်ပံ့တို့ ဝယ်ယူကျွေးမွေး၏။
ဦးမြသာမှာ မိမိအပင်များအား သာမန်သာလျှင်စိုက်ပျိုးခြင်းပြုလေသည်။မနက်တစ်ခါရေလောင်းပေးခြင်း၊ညနေတစ်ခါရေလောင်းခြင်းဖြင့် မိမိအပင်တို့အား သာမန်ပင် ရှင်သန်ကြီးထွားစေလေသည်။
ဤသို့ဖြင့်သူတို့နှစ်ဦးစိုက်ပျိုးထားသည့် အပင်များမှာ အတော်လေးပင် အရွယ်ရောက်၍ အတန်သင့်အရိပ်အာဝါသတို့ရရှိနေတော့၏၊၊
စိုက်ပျိုးကြသူနှစ်ဦးမှာလည်း မိမိတို့အပင်လေးများအားကြည့်ကာ ပြုံးရွှင်နေကြလေသည်။
တစ်နေ့၌ လေပြင်းများဝင်ရောက်တိုက်ခိုက်ခြင်းနှင့်ကြုံတွေ့ရပေတော့သည်။
ဦးလှထွန်းစိုက်ပျိုးထားသည့်အပင်များမှာ လေပြင်းဒဏ်မခံနိုင်၍ အားလုံးလိုပင် အတုံးရုန်းလဲကြကုန်လေတော့သည်။ သခင်၏ဂရုစိုက်မှု၊ထောက်ပံပေးမှုများအား အလွန်အကျွံ ယူထားမိသည့်အပင်လေးများသည်
အမြစ်များခိုင်မာအောင် မည်သို့မည်ပုံ ကြိုးစားရမည်ကို မသိသောကြောင့်ပင်ဖြစ်လေတော့သည်။
ဦးမြသား၏အပင်များကား ရှင်သန်မြဲ၊စိမ်းစိုမြဲပင်။ပုံမှန်ပင် စိုက်ပျိုးပေးခြင်းကြောင့် မိမိအားကိုမိမိကိုး၍ပင် မြေအောက်အမြစ်များခိုင်မာစေရန် ကြိုးစားအားထုတ်ထားသောအကျိုးကျေးဇူးကြောင့် ယခုကဲ့သို့လေဒါဏ်မိုးဒါဏ်များအား လွယ်ကူစွာပင် ကျော်ဖြတ်နိုင်လေသည်။
.
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
ကိုယ့်ကိုကိုယ်အားကိုးလို့ဘယ်လိုဒဏ်ဖြစ်ဖြစ်ကာကွယ်နိုင်တာပေါ့နော့....
Posted using Partiko Android
ဟုတ် အဲ့သဘောလေးပါဗျ
Congratulations! This post has been upvoted from the communal account, @minnowsupport, by aunggyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
Thank @minnowsupport
အလဲ့ ပြန်တွေ့ကြပြီ ကိုအောင်ကြီးရေ
ဟုတ် ကိုညီ
ပေးချင်တဲ့messageလေး သိပ်ကောင်းဗျာ။
ဟုတ်ကျေးဇူး ကိုမဟော်
ကိုယ့်အားကိုကိုး လေဒဏ်မတိုးပေါ့
အဲ့လို အဲ့လို😂
ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ရည်မှန်းချက် ပန်းတိုင်ဆီ
လျှောက်လှမ်းကြပါစို့
ဟုတ် ကိုမိုးဟန်
ကိုယ့်အားကိုယ်ကိုးရမှာပါ ဘေးကပေးတာနည်းနည်းပါ
ဟုတ်လေးစိုး
ကလေးတွေကို ဒါကြောင့်
ကိုယ့်အားကိုယ်ကိုးတာ သင်ပေးဖို့ လိုအပ်တာကိုး။
ဟုတ် အကို
Congratulations @aunggyi100! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word
STOP
Do not miss the last post from @steemitboard:
Congratulations @aunggyi100! You received a personal award!
Click here to view your Board
Do not miss the last post from @steemitboard: