<စားပွဲထိုး>
ကျွန်တော်က လက်ဖက်ရည်ဆိုင် တခုရဲ့ စားပွဲထိုးလေး တယောက်ပါ
ဆိုင်လာတဲ့ ဧည့်သည်တွေကို အကို အမ ဦးလေး အဒော်ဘာသုံးဆောင်မလည်း မေးရတာက ကျနော်အလုပ်လေ
ကျွန်တော်လစာလေးက တလ(၈၀၀၀၀)ကျပ်ပေါ့ဗျာ § § § § §မနက်၎နာရီကထ ဆိုင်ခင်း သန့်ရှင်းရေးလုပ် အခုလို အရမ်းအေးတဲ့ရာသီဥတုမျိုးမာ ဖြစ်နိုင်ရင် စောင်လေးခြုံပြီး ကွေးနေချင်သေးတာပေါ့
ဒါပေမယ့်လည်း ဘဝပေးကံက လုပ်မှစားရတာဆိုတော့ ခဗျားတို့ သားသမီးတွေလို ဂွမ်းစောင်ထူထူကြီးတွေထဲ မိသားစုနဲ့အတူ ကွေးမနေနိုင်ဘူးလေ
ဆိုင်ရှင်ကပြောတယ် ဆိုင်ရဲ့ဖောက်သည်တွေကို ကိုယ့်ရဲ့ထမင်းရှင်လို သဘောထားပါတဲ့
ဟုတ်ကျွန်တော်လည်းကျွန်တော်ကလေး အသိလေးနဲ့ နားမလည်သေးဘူးလေ
တချို့ ဧည့်သည်တွေက သူတို့ခေါ်တာမကြားရင် ဆဲကကြသေးတယ်ဗျာ
ကျွန်တော်လည်းကလေးအရွယ်ဆိုတော့ ဗီဒီယိုလေးများဖွင့်ပြပေးထားရင် ငေးနေမိတာကိုး § § § အာ့လိုအချိန်မျိုး ဆိုင်ရှင်နဲ့မိလို့ကတော့ ခေါင်းကိုပူနေအောင် အခေါက်ခံရတော့တာပါဘဲ§ § § ဧည့်သည်အကိုကြီးအမကြီတွေကို တခုလောက်တော့ မေတ္တာ ရပ်ခံချင်တယ်ဗျာ ဘဝပေး ကုသိုလ်ကံ မကောင်းလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ စားပွဲထိုးလုပ်နေရတဲ့ ကျွန်တော်လို စားပွဲထိုးလေးတေကို မဆဲကြပါနဲ့လားဗျာ မနှိမ်ကြပါနဲ့လားဗျာ
ကျွန်တော်တို့လိုစားပွဲထိုးလေးတွေမှာ အကိုကြီးတို့ အမကြီးတို့ ဦးဦး ဒေါ်ဒေါ် တို့ရဲ့ သားသမီးလေးတွေ ညီငယ်လေးတွေသာဆိုင် §§§ ဆိုတဲ့အတွေးမျိုးနဲ့ ဆက်ဆံပေးကြပါလို့ ကျွန်တော်ဒီနေရာကနေ ကျွန်တော်လိုစားပွဲထိုးလေးတွေ အားလုံးကိုယ်စား
အသနားခံတောင်းဆို လိုက်ရပါတယ်ဗျာ
§
§
§
§ § § @aunggyi
MSC no 179
Steemit myanmar အဖွဲ့သားအားလုံး ပျော်ရွင်စရာနေ့လေးဖြစ်ပါစေ
ဟုတ်ကဲ့ ကျနော်လည်း စားပွဲထိုးပါတယ်။ လူအတော်များများက လက်ဖက်ရည်ဆိုင်ရောက်လာရင် သူတို့ကို သူတို့ သူဌေးလိုလိုနဲ့ ဘာလိုလိုနဲ့ ဆရာကြီးဂိုက်ဖမ်းပြီး ဟိုဟာယူပေးစမ်း ဒီဟာယူပေးစမ်း လူပါးဝတဲ့ လေသံနဲ့ အမြဲခိုင်းတယ်။ လူကြည့်တော့ ဘာသောက်ဆင့်မှ မရှိဘူး။ အဲ့ဒီဘာမှ မရှိတဲ့ကောင်တွေက ပိုလူပါးဝတယ်။ တဂယ် ချမ်းသာတယ့်သူတွေ ဆရာသမားတွေက ငါ့ညီဘာစားမယ် ဘာသောက်မယ် ကောင်းမွန်ပြောဆိုဆက်ဆံတယ်။ "မပြည့်တဲ့အိုးဘောင်ခပ်တယ်တဲ့"ဒီစကား သိပ်မှန်တယ်ဆိုတာသိလိုက်ရတယ်ဗျာ.....။
လူတွေကဒီလိုပါဘဲဗျာ
လူအများနဲ့ ဆက်ဆံရတော့ အတွေ့အကြုံ ပိုရတယ်
ကျေးဇူးပါပဲ ဗျာ
MSCနဲ့ ဘဝကိုအောင်မြင်တိုးတက်အောင်ကြိုးစားပါ ဖိုက်တင်း
ကျေးဇူးပါပဲ အမ
အဓိက ကတော့ အားမငယ်ဖို့ ပါ
အလုပ်ဟူသမျှ ဂုဏ်ရှိကြပါတယ်
စားပွဲထိုး ဘဝကနေ အမြင့်တတ်သွားတဲ့သူတွေ
ဒုနဲ့ဒေးပါ fighting
ဟုတ် ကျေးဇူးပါပဲ ဘုရား
လူတိုင်းမှာ သူ့တန်ဖိုးနဲ့သူရှိပါတယ်
ဟုတ် ကျေးဇူးတင်ပါတယ် bro
ဆက်ရေးပါ အားပေးနေပါတယ်
ကျေးဇူးပါပဲ bro
ကောင်းတယ်အကို။ဆက်ကြိုးစားပါ
ဟုတ် ကျေးဇူးပါပဲ ဗျ
စာနိာမပါတယ်အစ်ကို
ကျေးဇူးပါ အကို