ဘယ်လိုအလှမျိုးလဲကွယ်
ကလေးဆန်ဆန်လေပြေလေညှင်းလေးတွေ
တသုန်သုန်ဆော့ကစားနေတဲ့
ကိုယ်တစ်ကိုယ်စာအခန်းကျဉ်းလေးထဲက
သနပ်ခါးကျောက်ပျဉ်ပေါ်ထိုးကျလာတဲ့လရောင်ကို
တရှိုက်မက်မက်ပါးပြင်အပ်နမ်းရှိုက်ကြည့်မိတော့
သူမရဲ့ကဗျာဆန်ဆန်ကိုယ်သင်းရနံ့လေးတွေသာ
သူမရဲ့ကဗျာဆန်ဆန်ရယ်သံလွလွလေးတွေသာ
သူမရဲ့ကဗျာဆန်ဆန်အမူအရာဖွဖွလေးတွေသာ
ဆေးစက်ကျသလို ထွက်ကျလာခဲ့ပေါ့......
မင်းဟာဘယ်လိုအလှမျိုးလဲကွယ်
မင်းဟာဘယ်လိုရနံ့မျိုးလဲကွယ်
ကိုယ့်တစ်ကိုယ်စာအခန်းကျဉ်းလေးထဲက
ကိုယ့်တစ်ကိုယ်စာစိတ်အပေါ်ကိုမှ
လရောင်နဲ့အတူပြိုကျခဲ့သူ
ကိုယ့်ဘဝရဲ့ဆေးရောင်ခြယ်ပန်းကလေး
မင်းဟာဘယ်လိုကဗျာမျိုးလဲကွယ်
မင်းဟာဘယ်လိုအလှမျိုးလဲကွယ်.......
@ahtaroo
MSC- 004
မင်းဟာ ဘယ်လို အလှမျိုးလဲ အိုကဗျာလေးရယ်။
ကျေးဇူးကွီးရွှေ
Thank you @ahtaroo for making a transfer to me for an upvote of 2.32% on this post! Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem! The other half helps holders of Steem power earn about 60% APR on a delegation to me! For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily? To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?
မင်းဟာကို့ဘဝရဲ့အလှပဆုံး သက်ရှိပန်းရိုင်းလေး တစ်ပွင့်ပါ 😁
👍👍👍👍
ခံစားရတယ်
ကျေးဇူးပါ
No words to say.
By the way, how beautiful!
☺☺☺☺
FAတွေခံစားလို့ရတာလေးတွေပဲတင်ပေးပါကိုတာ
sucide လုပ်သွားမှာစိုးလို့မရေးတာ
fa ကောင့်ရဲ့ 😝
အေးပါကွာတင်ပေးပါမယ်
မခံစားတတ်ဘူး
Uတို့အချစ်ကဗျာတွေ
FAတွေပြောနေကျစကားလေးပါ😂😂😂😂
မနှိမ်သင့်ပါ
မိဘကိုလုပ်ကျွေးမဲ့faလေးပါ
မမ ကလေးကို နှိမ်ကြနေ😂😂
ဟုတ်တယ်အမရေ
သတိ ရလာသလိုဘဲကွယ် အရင်က ဇာတ်လမ်းလေး ခ်ခ်
သတိရမနေနဲ့အသစ်ရှာ
ထင်ချင်သလိုထင် မြင်ချင်သလိုမြင်
ဒါလဲဟုတ်တာပဲ
https://steemit.com/myanmar/@ahtaroo/muyang-eyathathundefinedaa-etang-pn-sa-6eab7653c1c33