တစ်ချိန်က ကျောင်းသားဘဝ

in #my7 years ago (edited)

download.jpg
ကျတော့်ရဲ့ ပြန်မရနိုင်တော့တဲ့ အတိတ်အပိုင်းအစတစ်ခုပါဗျာ ......

ကျတော် ဆယ်တန်းအောင်တော့ အဖေ့ကိုပြောမိတယ်ဗျ ၊

" အဖေ သား အင်ဂျင်နီယာဖြစ်ချင်တယ် ဆိုပြီးပေါ့ "

အဖေကလဲ အားပေးပါတယ် ဒါကြောင့် ကျတော် GTC Meikhtila ဆိုတဲ့ ကျောင်းကြီးကို တက်ခဲ့ရတာပေါ့

ကျောင်းစစတက်ချင်း ပဲဗျ သူငယ်ချင်းတွေ ရတာပေါ့ မှတ်မှတ်ရရ စတက်တက်ချင်းမှာ မေဂျာတွေ မခွဲသေးဘူးဗျ အကုန်ပေါင်းတက်ရတယ်

ကိုယ်ကြိုက်တဲ့အတန်းတက်ပေါ့ဗျာ အဲ့အတန်းမှာပေါင်းမိတဲ့သူငယ်ချင်း ငါးယောက်လောက်ရှိတယ်ဗျ နောက်တော့မေဂျာတွေကွဲကုန်တာနဲ့

သိပ်မပေါင်းဖြစ်တော့ပါဘူး

   နောက်တော့ အင်ဂျင်နီယာဖြစ်ချင်တဲ့ ကျတော်က ဘုမသိဘမသိနဲပ IT ( Information Technology) ဆိုတဲ့ မေဂျာကို ရောက်သွားတယ်ဗျ

အဲ့မှာ စတွေ့တာပဲဗျို့၊ အဲ့တုန်းက IT ဆိုတာ ဘာမှန်းကို မသိပါဘူးဗျာ ။ ဒါပေမဲ့ တက်နေရင်းနဲ့ ကျတော် စိတ်ဝင်စားလာခဲ့တာကိုတော့ ငြင်းမရပါဘူး ။ မှတ်မှတ်ရရ ကျတော်တို့ အတန်းမှာ ယောက်ျားလေးဆိုလို့ ၈ ယောက်ပဲ ပါတယ်ဗျ ။ ရှစ်ယောက်မှာ လေးယောက်က ဂျလေဘီ လေးယောက်က ရွာသားလူလိမ္မာလေးတွေဗျ ။ ကျတော်ကတော့ ဂျလေဘီထဲပါတဲ့ လူလိမ္မာလေးပါဗျာ အပျော်ဆုံးအချိန်တွေကတော့
Drawing ချိန် CS ချိန် Workshop ချိန် တွေပဲဗျ ။ Drawing ချိန်ဆို ကောင်မလေးတွေကို ပုံကူဆွဲပေးရတယ်

ဆွဲမတက်လို့ ထိုင်ငိုနေတဲ့ကောင်မလေးတွေကို ထိုင်စရတာလဲ ပျော်စရာပဲပေါ့ဗျာ ။ Workshop ချိန်ဆိုရင်လဲ ဆရာ ဦးဘုန်းရဲ့ တော်ကီတွေကို

နားထောင်ရတာလဲ ပျော်စရာပဲဗျ။ သူပြောတဲ့ အမှတ်ရစရာ စကားတစ်ခုကတော့ AGTI certificate လက်မှတ်က မင်းတို့အတွက် ထမင်းစား

လက်မှတ်ဆိုတဲ့ စကား တစ်ခုကိုပဲ ဗျ။ မှန်လဲ မှန်ပါတယ် ။ ခုဆို AGTI နဲ့ပဲ ကျောင်းပြီးသွားတဲ့သူငယ်ချင်းတစ်ယောက်ဆို AE တောင်ဖြစ်

လို့လေ။

   ဒီလိုနဲ့  ပျော်ရွှင်စွာနဲ့ စာတွေ သင်လိုက်နဲ့  ပထမနှစ်ကို ပျော်ပျော်ကြီး ဖြတ်သန်းနေကြတာပေါ့ ။ ဒုက္ခရောက်ကြတာတော့ စာမေးပွဲခြေခါနီး

ပဲဗျို့ ။ ဂျလေဘီ လေးယောက်မှာ သုံးယောက်က လုံးဝ စာကို စိတ်မ၀င်စားဘူးဗျ ။ ကျတော်ကတော့ ဂျလေဘီလူလိမ္မာလေးဆိုတဲ့ အတိုင်း စာ

လဲ လုပ်တယ်ဗျ။ စာမေးပွဲကို မကြောက်ပေမဲ့ rocall ပြည့်အောင်တောင် ဘယ်သူမှ ကျောင်းမတက်တော့တဲ့ အချိန်ထိ ကျတော့်မှာ ကျောင်းမှာ

လာထိုင်ရတုန်းပဲဗျို့ ။ စာကတော့ ဟိုလူလိမ္မာ ရွာသား လေးယောက်ကိုတောင် ပြန်ရှင်းပြနိုင်လောက်အောင်ကို တော်တာကိုးးးးး

       ဂျလေဘီလေးယောက်မှာ သုံးယောက်ပဲ စာမေးပွဲဖြေခွင့်ရတယ်ဗျ   တစ်ယောက်က rocall မပြည့်လို့ တဲ့ဗျာ   ဖြေလဲ အောင်မှာ မဟုတ်

ပါဘူး ။ ဒီလိုနဲ့ စာမေးပွဲတွေလဲ ဖြေကြရော မှတ်မှတ်ရရဗျာ Drawing ဖြေရတဲ့ အချိန် လူလိမ္မာလေးယောက်လုံးကို ကျတော် Drawing လူလြဲ

ပီး ဆွဲပေးခဲ့ရတယ်ဗျ။ EC ဖြေတဲ့ အချိန်ဆို အရမ်းလွယ်နေလို့ အရင်ပြီးနေတဲ့ ကျတော့်ကို ဆရာမက မဖြေဘူးလားဆိုပြီး လာမေးတာလဲ အမှ

တ်တရပါပဲဗျာ ။

နောက်မှ ဆက်ရေးမယ်ဗျာ

Hein Lin Zaw @heinlinzaw