Update news

H1N1 ကိုယ်ဝန်ဆောင် မိခင်တစ်ဦး ဝေဘာဂီ ဆေးရုံတွင် ထပ်မံသေဆုံး

၃၀..၇..၁၇

ရာသီတုပ်ကွေးရောဂါ H1N1 ဖြစ်ပွားနေတဲ့ နောက်ထပ် ကိုယ်ဝန်
ဆောင် မိခင်တစ်ဦး မြောက်ဥက္ကလာပ ဝေဘာဂီ ဆေးရုံမှာ ဇူလိုင်(၃၀)ရက် မနက်ပိုင်းက သေဆုံးခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော် ပြောကြားချက်အရ သိရပါတယ်။

အဲဒီသေဆုံးခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ အင်းတကော် ဘက်လာရောက်ကုသတဲ့ ရာသီတုပ်ကွေးရောဂါ H1N1 ကူးစက်ခံ
ထားရတဲ့ အမျိုးသမီးဖြစ်ပြီးတယ်လို့ ဒေါက်တာသာထွန်းကျော်က ပြောပါတယ်။

ဇူလိုင် ၂၉ ရက်နေ့အထိ စာရင်းတွေအရ H1N1ကြောင့် သေဆုံးသူ ၇ ဦးရှိတာမို့ အခုတစ်ယောက်နဲ့ပေါင်းရင် သေဆုံးသူ (၈) ယောက်ရှိ
သွားပါပြီ။

ဒါပေမယ့် စာရင်းအတိအကျကို ကျန်းမာရေးဝန်ကြီးဌာနက ည ပိုင်းမှာ အတိအကျ ထပ်ပြီး ထုတ်ပြန်ပေးမယ်လို့ သိရပါတယ်။

ဒီ သတင်းကို CNB က သတင်းထောက် အေးမိစံ ပေးပို့တာ ဖြစ်ပြီး သတင်းအပြည့်အစုံကို Sky Net , Up To Date ချယ်နယ်မှာ ဆက်ပြီး ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Credit Photoimage image
Credit #Sithu Aung Myint

Sort:  

မင်္ဂလာပါ
Vote ပေးတဲ့လူ ၂၀ ကျော်လို့ Steem $ ၂၀ မကျော်ရင် Promotion လုပ်ရင်ရပါတယ်။