လိုအပ်တာထက်မပိုစေနဲ့
လူတစ်ချို့အပေါ် လိုတာထက်ပိုသွားတဲ့ ကိုယ်ရဲ့
ခင်မင်မှုအတွက် ပြန်ရတာက ကိုယ့်ဟာ
သူတို့အတွက် လူပိုတစ်ယောက်ဖြစ်သွားတာဘဲအဖတ်တင်တယ်..
လူတစ်ချို့အပေါ် လိုအပ်တာထက် ကောင်းပြမိတဲ့အခါ
ကိုယ့်ဟာသူတို့အတွက် အသုံးချခံ အရာဝတ္တုတစ်ခုလို့
သဘောထားလာကြတတ်တယ်..
လူတစ်ချို့ပေါ် လိုအပ်တာထက်ဂရုစိုက်မိတဲ့အခါ
ကိုယ့်ဟာ သူတို့အတွက် အပယ်ခံလူတစ်ယောက်ဖြစ်မှန်းမသိဖြစ်လာတယ်
လူတစ်ချို့အပေါ် လိုအပ်တာထက်ပေးဆပ်မိတဲ့အခါ
ကိုယ့်ဟာ သူတို့အတွက် အဖြည့်ခံလူတစ်ယောက်လို့ ကိုယ်အပေါ်တွေးလာတတ်ကြတယ်..
လူတစ်ချို့အပေါ် လိုတာထက်ပိုပြီး ချစ်ပြမိခဲ့ရင်
ကိုယ့်ဟာသူတို့အမြင်မှာကိုယ်အပေါ် တန်ဖိုးထားဖို့ မေ့လာတတ်ကြတယ်..
လူတစ်ချို့အပေါ် လိုအပ်တာထက် နားလည်မှုပေးမိခဲ့ရင်
ကိုယ့်ဟာသူတို့အမြင် ဘာမှမသိတဲ့ ခပ်ညံညံလူတစ်ယောက်လို့ ဆက်ဆံလာကြတယ်..
ဒါကြောင့်မို့ ကျွန်မလူတစ်ချို့အပေါ် သူတို့ပြုမူသလို
မှန်တစ်ချပ်ရဲ့ သက်ရောက်မှုအတိုင်း တုန့်ပြန်လိုက်တဲ့အခါ
ကျွန်မက မာနကြီးတယ်လို့ သူတို့ တွေးကြလိမ့်မယ်
တစ်ခါတစ်လေ မလိုအပ်တဲ့ပက်သက်မှုတွေက
သူတို့အတွက်လည်း ဝန်ပိုသလို
ကိုယ့်စေတနာတွေလည်း အလားကား ဖြစ်သွားတတ်လို့
လူတွေအပေါ်ကျွန်မ လိုအပ်တာထက် ပိုတဲ့
ဆက်ဆံရေးတွေ မပြုမူတတ်တော့ဘူးလေ
သူတို့နေနိုင်သလို့ ကျွန်မလည်း နေနိုင်အောင်ကြိုးစားလိုက်တော့တယ်...
Credit to မိုးရည်စက်hm
Jk