မိဘဒုက္ခ သားသမီးသိပါစေ
ဩော် ဘာလိုလို့နဲ့ ငါတို့အသက်အရွယ်တွေတော်တော်ရနေပါရောလား
တွေးကြည့်မိတယ် ဟိုတစ်ချိန်ကလေးဘဝကမိဘတွေအပေါ်ဆိုးခဲ့ဖူးတယ် ခုတော့ကိုယ်ကလေးရတော့အများကြီးသိခဲ့ရတယ်ကျွန်တော်ကြောင်းမိဘတွေဘယ်လောက်ဒုက္ခခံခဲ့ရတယ်ဆိုတာ
တွေးကြည့်မိတယ်
ဟိုတစ်ချိန်ကလေးဘဝကမိဘတွေးကျွန်တော်ကြောင်းအိပ်ရေးပျက်ခဲ့ရက်ပေါင်းဘယ်လောက်မှန်းမရေတွက်နိုင်ဘူး
ခုတော့ကျွန်တော်ကလေးရတော့အများကြီးသိခဲ့ရတယ်ကျွန်တော်ကြောင်း အိပ်ရေးပျက်လို့မိဘတွေ ဘယ်လောက်များအင်းအားကုန်မလဲဆိုတာ
တွေးကြည့်မိတယ်
ဟိုတစ်ချိန်ကလေးဘဝကကျောင်းတက်တဲ့အချိန်ကမိဘတွေဆီကပိုက်ဆံမရရင်မရရအောင်ပူဆာလို့ထမင်းမစားရရင်နေပါစေဆိုပြီးထုပ်ပေးခဲ့ဖူးတယ်ဆိုတာမသိခဲ့မိဘူး
ခုကျွန်တော်မိဘနေရာရောက်တော့ကလေးတောင်းတဲ့ပိုက်ဆံမပေးနိုင့်တော့ သိခဲ့ရတာပေါ့
ခံစားရတယ်ဗျာပြောနေရင်ကုန်မှာမဟုတ်တော့ဘူး
ဒါတွေကြောင့်ကျွန်တော်အားလုံးသောမိဘတွေကိုအရမ်းလေးစာမိတယ်ရိုသေတယ်
ကျွန်တော်မစားရချင်နေပါစေ မိဘတွေအတွက်ဟင်းတစ်ခွက်ပို့ပေးလိုက်ပါတယ် ဟင်းကောင်းမကောင်းမိဘတွေမပြောပါဘူးစိတ်ညစ်မသွားဘူး မိဘတွေစိတ်ထဲမှာ ပိတိဆိုတဲ့ အရသာလို့ပဲတွေးတက်ကြတယ်
မိဘတွေအတွက်လိုအပ်တာဝယ်ဖို့အသုံးစရိတ်လေးကန်တော့တော့ နည်းတာများတာမိဘတွေမပြောပါဘူး ပိုက်ဆံအပ်တယ်ဆိုတဲ့ပိတိလေးဖြစ်ပြီးမစားရက်မဝယ်ရက်စုထားတက်တယ်
ကျွန်တော်ရင်ထဲကလာသော စကားလေးတွေပါ
အစဉ်လေးစားလျှက်
Kosoemoeaung
မှန်လိုက်လေခြင်း
ဟုတ်ကဲ့ စာဖက်ပေးတာ ကျေးဇူးပါ ခင်ဗျာ