အလှမ်းဝေးသွားခဲ့ရသော Steemit သို့ ဒုတိယမ္ပိခြေလှမ်း

မင်္ဂလာပါ။ကျနော့်နာမည်ကတော့ ဗစ်တာလို့ခေါ်ပါတယ်။ရန်ကုန်သို့လာရောက်အလုပ်လုပ်ကိုင်နေသော
လူငယ် တစ်ယောက်ဖြစ်ပါတယ်။ပထမအကြိမ် 2017 July လ ခန့်က ကိုဟင်နရီ၏@kachinhenry
မိတ်ဆက်ပေးမှုကြောင့် Steemitကိုသိရှိခဲ့ပါတယ်။ဆောင်းပါးများကိုအင်္ဂလိပ်လိုရေးဖို့ ပြင်ဆင်နေခဲ့စဉ်မှာ
နယ်မှမိခင်ကျန်းမာရေးအခြေနေကြောင့်နယ်သို့ ပြန်သွားခဲ့ပါတယ်။ရွာမှာအင်တာနက်မရသောကြောင့် Seeemit နှင့်အဆက်ပြတ်ခဲ့ရပါတယ်။သို့သော်ဆောင်းပါးများကြိုတင်ရေးသားနေခဲ့ပါတယ်။ရေးသားပီး
သောဆောင်းပါးများအားအင်တာနက်ရလျှင် ပို့စ်တင်နိုင်စေရန်စုထားပါတယ်။ခုရွာမှာအင်တာနက် ရလာသဖြင့်ရေးသားခဲ့သောဆောင်းပါးများအားမျှဝေပေးဖို့ပြင်ဆင်ခြင်းဖြစ်ပါသည်။အဲဒီအတွက်မိတ်ဆက်ပို့စ်ကို ဦးစွာရေးသားဖော်ပြလိုပါသည်။

ကျနော်သည်Steemitတွင်ဆောင်းပါးများရေးသားရန်ဆုံးဖြတ်ခဲ့ပါတယ်။ဘာအတွက်ကြောင့်လဲဆိုရင်တော့
facebookနှင့် twitter တို့များကဲ့သို့ Social Mediaများနှင့်မတူထူးခြားစွာအကျိုးကျေးဇူးများရှိလို့ပါ။
ကိုယ်ရေးသားလိုက်သောအကြောင်းအရာ၊ မျှဝေလိုက်သောPostများသည် တခြားသူများအတွက် တန်းဖိုးရှိသော၊အကျိုး(သို့)အသိတစ်ခုခုရရှိနိုင်သောအကြောင်းအရာPostများအတွက် တိုက်ရိုက်အကျိုးခံစားခွင့်(ငွေကြေး)ရရှိလို့ဖြစ်ပါတယ်။ပြီးတော့ Steemitသည်Cyrptyocurrency နှင့် Social Mediaပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ဒါကြောင့်SteemitSocialMeadiaနှင့်အတူSteemitCyrptyocurrencyသည်အနာဂတ်တွင်ပိုမိုအောင်မြင်လာမယ်လို့လည်းထင်မိပါသည်။အရေးကြီးဆုံးတစ်ချက်ကတော့ကျနော်တို့သည်SteemitSocialMediaတွင်မိမိတို့ကျွမ်းကျင်ရာ(သို့)၀ါသနာပါရာများအားမျှဝေခြင်း၊ဆွေးနွေးခြင်းဖြင့်
ကိုယ့်ရဲ့ကျွမ်းကျင်တတ်မြောက်မှုတို့သည်တဆင့်ထက်တစ်ဆင့်တိုးတက်လာမည်မှာသေချာပေသည်။
ဒါကြောင့်steemitတွင် ဆောင်းပါးရေးခြင်းသည် မိမိကိုယ်ကိုကိုယ်မြှင့်တင်ခြင်း(Upgrade)ပြုလုပ်ခြင်းသာ
ဖြစ်ကြောင်းယုံကြည်လက်ခံထားနိုင်ပါသည်။
<>
ကျနော်ကပတ်ဝန်းကျင်လူအများနဲ့စကားပြောရာမှအဆင်ပြေလှသူမဟုတ်ပါ။အပြောလည်းမကောင်း။အင်မတန်စကားနည်းသူတစ်ယောက်ပါ။တစ်ခါတစ်ရံကိုယ့်စိတ်ကပြောချင်တာကိုနှုတ်ဖြင့်ပြောရတာဟာတခြားသူများနားလည်မှုလွဲတတ်ပါတယ်။စာနှင့်ရေးသားရှင်းပြလိုက်ချိန်မှာတော့ အချက်လက်ထိထိမိမိရှိသဖြင့်ပိုမိုအဆင်
ပြေသွားပါတယ်။ဒါကြောင့်လည်းကျနော်အလုပ်လုပ် ရတဲ့အခါလူနဲနဲဖြင့်စိတ်အေးလက်အေးလုပ်နိုင်သော
စာရင်းပိုင်း၊ကွန်ပျူတာပိုင်းလိုမျိုးအလုပ်ကိုလုပ်ကိုင်ခဲ့ရပါတယ်။

သို့သော်ကျနော်ကခရီးသွားရတာကိုနှစ်သက်တယ်။ဟိုမြို့သွားလိုက်၊နောက်တစ်မြို့ထွက်လိုက်အလုပ်မျိုးကို
ရှာခဲ့ဖူးတယ်။မရခဲ့ပါဘူး။ခရီးသွားရင်းမှတ်တမ်းဓါတ်ပုံရိုက်ရတာ၊တောတောင်သဘာဝရှူ့ခင်းဓါတ်ပုံရိုက်ရတာတွေကိုသိပ်ကိုဝါသနာပါတာ။
<>
လူတိုင်းမှာတစ်နေ့လုပ်နိုင်ရင်လုပ်မယ်ဆိုတဲ့ဆန္ဒလေးတွေအိပ်မက်လေးရှိကြစမြဲပါပဲ။ကျနော့်မှာလည်းအိပ်မက်လေးတစ်ခုရှိပါတယ်။မရောက်ဖူးမမြင့်တွေ့ဖူးသောနေရာ၊ထူးခြားတဲ့နေရာတွေ၊ရှေးယခင်ကစာပေ
ယဉ်ကျေးမှုထွန်းကားခဲ့သောနေရာများသို့မြင်ဖူးတွေ့ဖူးပြီးရောက်ဖူးလိုခြင်းပါပဲ။ထူးခြားသောနေရာများသို့ခရီးသွားလိုသောအိပ်မက်လေးတော့ရှိပါတယ်။ခရီးသွားမှတ်တမ်းဓါတ်ပုံရိုက်၊ပြန်ရောက်လာရင်ဓါတ်ပုံပြခန်းလေးတစ်ခုလိုပြုလုပ်နိုင်ဖို့မျှော်လင့်ပါတယ်။ဒီလိုခရီးသွားဓါတ်ပုံပြခန်းလုပ်ချင်တယ်ဆိုတာကလည်းကျနော်အဘယ်ကဲ့သို့ခရီးသွားနိုင်သည်၊ဘယ်လိုနေရာများသို့သွားနိုင်သည် ဟုကြွားဝါထုတ်ဖော်လိုသောကြောင့်မဟုတ်ပါ။
အနုပညာဖန်တီးမှုတစ်ခုအဖြစ်သာဖန်တီးပြုလုပ်လိုခြင်းဖြစ်ပါသည်။
<>
သို့သော်လည်းအိပ်မက်အဖြစ်သာရှိသေးသည်။အကောင်ထည်ဖော်နိုင်ရန်အတော်ပင်ဝေးကွာနေသေးသည်။လက်ရှိမှာတော့ဘယ်လိုအခြေနေမျိုးမှာဖြစ်ဖြစ်လုပ်လို့ရသောဝါသနာတစ်တော့ရှိပါသေးတယ်။စာအုပ်စာပေ
နှင့်သုတ၊ရသဆောင်းပါးများဖတ်ရတာကိုကြိုက်ပါတယ်။ဖတ်ပီးသားဆောင်းပါး၊အကြောင်းအရာများကိုလည်းကိုယ်ပိုင်အမြင်နှင့်တွေးရခြင်း၊စဉ်းစားခြင်းမျိုးလုပ် ဖြစ်ပါတယ်။
<>
မြန်မာပြည်ကလူအချို့ (အထူးသဖြင့်လူငယ်များ)အားကြည့်ပီးစိတ်ထဲမှာလုပ်ဖို့စိတ်ကူးလေးတစ်ခုဖြစ်မိပါတယ်။နည်းပညာနှင့်
SocialMediaကိုအကျိုးရှိရှိအသုံးချစေချင်တာပါ။ဥပမာ မြန်မာပြည်မှ လူဦးရေ သန်3း0ခန့်ကfacebookနှင့် Social Media ကိုသုံးစွဲနေကြတယ်လို့ စစ်တမ်းများအရသိရှိနိုင်တယ်(according to http://bit.ly/2ugMDTF)။အဲဒီထဲမှာမှ အချို့က ၀င်ငွေ(ကြော်ငြာ၊OnlineShoppingစသဖြင့်) ရနေကြသည်။အချို့ကတော့ သူတို့၏အောင်မြင်မှုအတွက် ကောင်းကောင်းအသုံးချသွားသည်(အနုပညာရှင်များနှင့်Celeများ)။ အချို့သောသူများသည် မကောင်းသောထိခိုက်ဆုံးရှူံးရခြင်းများဖြင့်ကြုံတွေ့ရင်ဆိုင်ကြရသည်။ဒါကြောင့် ဘယ်လိုအကျိုးရှိအောင် အသုံးချရမည်ဆိုတာကိုကျနော်သိသလောက်မျှဝေပေးချင်သည်။
ကျနော့်ထက်နားလည်တတ်ကျွမ်းသူများထံမှလေ့လာစုဆောင်း ပြီး ဖြန့်ဝေချင်သော ရည်ရွက်လေးဖြစ်ပေါ်မိပါသည်။
upload2.jpg
upload1.jpg
ခုတော့Steemitကိုကျနော်ခြေလှမ်းစတင်ခဲ့ပါသည်။Facebook,Twitter,BeeTalk(မြန်မာ)စသည့်လူမှုကွက်ရက်များနှင့် မတူသောSteemit၏ ကောင်းကျိုးနှင့်အကျိုးသက်ရောက်မှု အနှစ်သာရများမျှဝေပြောပြသွား
မှာဖြစ်ပါတယ်။ပြောပြ၊ရှင်းပြနိုင်ရန်အတွက်လည်းကြိုးစားရပေအုန်းမည်ဖြစ်သည်။
လူငယ်လူရွယ်နှင့်မြန်မာပြည်ကလူများ steemit Social Media ၏ ကောင်းကျိုး အနှစ်သာရများအား
ပိုမိုသိရှိလာဖို့နှင့် သုံးစွဲသူများပြားလာစေဖို့မျှော်လင့်ပါတယ်။အုတ်တစ်ချပ်၊သဲတစ်ပွင့်ဖြစ်ပါစေ တတ်နိုင် သလောက်ကြိုးစားမည်ဖြစ်ပါသည်။
$
Steemitတွင် ရေးသားသောကျနော်၏ post များအားလည်းQuaility Post ဖြစ်စေဖို့ကြိုးစားသွားပါမည်။
ကျေးဇူးတင်ပါသည်
Written By; ဗစ်တာ
@victorzayyar

Sort:  

Welcome to the community!

Goodluck here

Welcome to the platform victorzayyar! Explore and enjoy it :)

Welcome to the steemit.

I wish you get high success here. But you are new now so don't get more upvotes.

I suggest you to follow @gauravgpt60 for more share for your posts so that more steemians can read your posts and can upvotes you.

Steemit မှ ​နောက်​တစ်​ကြိမ်​ပြန်​လည်​ကြိုဆိုပါသည်​ 😃

အိပ်​မက်​​တွေအ​ကောင်​အထည်​​ပေါ်ပါ​စေ

ဟီးးး
အတော်ကြိုးစားရအုးမယ်

ရေးသားချက်ကကောင်းလွန်းပါတယ်
ကြိုဆိုပါတယ်ရှင်
myanmar tag လေးကိုအရှေ့ဆုံးကထည်းပေးရင်ပိုကောင်းမယ်လို့ထင်ပါတယ်ရှင့်

ဟုတ်ကဲ့ပါ အမရေ
intro post ကလွဲရင် ကျန်တာဒေ myanmar tag က ရှေ့က ထားမှာပါဗျ

စာတွေမတင်ဖြစ်တာကြာပြီကိုးbroက
ကြိုဆိုပါတယ်ဗျာ
Broက စာပေကောင်းတွေရေးနိုင်မယ်လို့ထင်ပါတယ်
ကျွန်တော်ကတော့ မရေးနိုင်ဘူးbroရေ အဆင်ပြေသလိုပဲရေးတင်နေရတာ
Fb ကသူတွေ Steemitကိုပြောင်းလာကြရင်တော့ အရမ်းကောင်းပြီပေါ့ ခုက ပျက်စီးမှုများတဲ့ အင်တာနက်ဖြစ်နေရတယ်