အားမလျှော့တမ်း ချီတက်နေဦးမယ်
အားလုံးပဲ ကျွန်တော်လို Steemitကို ခြေလှမ်းစတင်နေတဲ့
အကိုအမများ မင်္ဂလာပါ။ကျွန်တော်လည်း အခုမှ ဝေဟင်မှာ ပျံသန်းနိုင်ဖို့ လေ့ကျင့်နေတဲ့ အတောင်မစုံ ငှက်ငယ်တစ်ကောင်ပါ။
အကိုတွေ SBD ၊SPတွေ အရနည်းနေလို့ စိတ်ဓာတ်ကျနေကြပြီထင်ပါတယ်။ကျွန်တော်လည်း အမြဲ အားတင်းနေရပါတယ်။ အလုပ်တစ်ခုကို လုပ်ရင်တော့ အနည်းနဲ့အများ အခက်အခဲတွေနဲ့ ကြုံရတဲ့အခါ အနည်းငယ် စိတ်ပျက်အားလျှော့စေတာတော့အမှန်ပါ။ဒါပေမယ့် စိတ်ဓာတ်တွေတော့ မကျအောင် အမြဲ ကြိုးစားနေပါတယ်။အခုရေတွင်းတူး အခု ရေကြည်ရဖို့ဆိုတာ မလွယ်တဲ့အတွက် ကျွန်တော်လည်း အတတ်နိုင်ဆုံးရှေ့ဆက်လှုပ်ရှားနေပါတယ်။ အကိုအမတို့လည်း Voteနည်းနေလို့ စိတ်ဓာတ်မကျပါနဲ့။ရှေ့ဆက် ကျွန်တော်တို့နဲ့အတူ ရှေ့ဆက်သွားကြရအောင်ပါ။No pain, No gainပါဗျာ။အခြားလူတွေက SBD၊SP များနေပြီး ကိုယ်ကအရနည်းနေလို့လည်း စိတ်ပျက်မသွားနဲ့။ကျွန်တော် ကတော့ အတတ်နိုင်ဆုံးကြိုးစားပြီး ရှေ့ဆက်သွားဦးမှာပါ။Steemitကြီး တည်ရှိနေသရွေ့ပေါ့။
တကယ်တော့ Steemitက ပညာတွေ အများကြီး ရလို့ ပျော်စရာအရမ်းကောင်းပါတယ်။ ကိုယ်က postမတင်ခင် စာအုပ်တွေ အရမ်းဖတ်ရလို့ စာဖတ်အားကောင်းလာသလို အကိုတွေတင်ပြီးသား အင်္ဂလိပ်စာတွေနဲ့ မြန်မာ စာပေတွေနဲ့ လည်း မပြတ်လေ့လာလို့ အတွေ့အကြုံ၊ပညာကောင်းတွေ ရနေပါတယ်။ တော်တဲ့အကို၊ဆရာကြီးတွေ အနေနဲ့ Mya-Engတင်ပေးတဲ့အတွက် ဒီ အင်္ဂလိပ်နဲ့ မြန်မာစာလေးက ဒီလိုလေး သုံးတာပါလားဆိုတာ ပိုသိလာရပါတယ်။ကိုယ့်ထက် seniorကျတဲ့အကိုတွေဆီမှာလည်း မေးလို့လည်းရနေတဲ့အတွက် ပိုပြီး ဗဟုသုတရစေပါတယ်။
အကို Kachinhenryက Myanmar Steemians အတွက် အကူအညီပေးဖို့ Steemit Boardအဖွဲ့ကိုလည်း လှမ်းတောင်းထားတာသိရလို့ အတိုင်းမသိ ဝမ်းသာရပါတယ်။ ကို kachineryသာ ကူညီပေးခဲ့လို့ ဒီအဖွဲ့ထဲ ရောက်လာခဲ့တာပါ။ အကို အပါအဝင် ကိုဖြိုးသန့်ဇင်နဲ့ အခြားသော အကိုတွေ ၊အမတွေ တော်တော်များများ Voteပေးကြလို့လည်း ဒီ အဖွဲ့အစည်းထဲမှာ ရပ်တည်ရတာပါ။ အကိုတွေ ကျေးဇူးတွေနဲ့ပဲ ရှေ့ဆက်လျှောက်လှမ်းရဦးမှာပါ။ဒါကြောင့် ကျွန်တော်လည်း အတတ်နိုင်ဆုံးပြန်ပြီး ကျေးဇူးဆပ်နေပါတယ်၊Voteပေးဖို့လိုအပ်နေ တဲ့juniorတွေ၊ Beginnersတွေကိုလည်း လက်တွဲပြီး Voteပေးနေပါတယ်။ဒါပေမယ့် ကိုယ်က SPနည်းနေသေးတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်၊ တစ်ခါတစ်ရံ ကိုယ်က Voteပေးချင်လွန်းလို့ Voteပေးလိုက်ပေမယ့် Sbd မတက်လာတဲ့အခါ စိတ်မကောင်းဖြစ်ရပါတယ်။ အဲ့လို အခါမျိုးကျရင် cmdပေးရမှာ အရမ်းအားနာတဲ့အတွက် မပေးဖြစ်ခဲ့ပါဘူး။ sbdများများရတဲ့အကိုတွေလည်း ပိုပြီး စေတနာထားပြီး ကြိုးစားခဲ့ကြလို့ ဆိုတာ လက်ခံနားလည်ခဲ့ရပါတယ်။
ချစ်သော အကို၊အမတွေကို လေးစား အားကျလျှက်
ရှေ့ဆက်လျှောက်လှမ်းနေဦးမယ့်
@tamuthar
#steemitmyanmar
အချိန်တခုသာပေးလိုက်ပါ။ သုံးလ လောက်ဆိုရင် သိသာလာပါလိမ့်မယ်
ဟုတ်အကို အားပေးစကားပြောပေးတဲ့အတွက် ကျေးဇူးပါ...ဆက်ကြိုးစားနေပါ့ပမယ်။
Plz give me a comment! I have a few SP thus I can't vote your post.Can vote soon!Thank you all!
Nice post
ကျေးဇူးအကို ကွကိုယ် အားဆေးသောက်နေတာပါ..😁
Good post!
Thanks!
Congratulations @tamuthar! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
Thanks A lot!
Never give up.Move on.
Yes,sir! Thanks.
vote&follow done
@kachinhenry help me a lot and explain me as well.