တွေ့သမျှကူးချ.၂၈.

in #esteem7 years ago

အခန်း.၃.၉.
ဘယ်လိုကနေ ဘယ်လို ဒီလောက် ရူးနှမ်းမိုက်ကန်းသော
အတွေးအခေါ် အယူအဆတွေ ဝင်သွားရတာလဲ.....
ရန် ရုတ်တရက် စဉ်းစားမရ...
လင်းလင်းတို့ တွင် ညီအစ်မ သုံးယောက်ရှိသည်...အကြီး
ဆုံးက မနိုင်နိုင်အောင်...မမနိုင်က စီးပွားရေးတက္ကသိုလ်
နောက်ဆုံးနှစ်ကျောင်းသူမို့  ရန်တို့ နှင့်အသက်ချင်းလည်း
ကွာသည်...သည့်အပြင် မမနိုင်က အေးအေးဆေးဆေး
တည်တည်ငြိမ်ငြိမ်နေတတ်သူ ဖြစ်သဖြင့် ရန်တို့ က လေး
စားခန့် ညားရသည်...ရောရောဝင်ဝင် မနေဖြစ်...မနေရဲ...
လင်းလင်း၏အထက် မစိုးစိုးအောင်ကတော့ စက်မှု
တက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ...သူကျတော့ အသက်
ကလည်း နှစ်နှစ်လောက်ပဲကြီး...အရွယ်ကလည်း သိပ်မ
ကွာ...နောက်ပီး မစိုးစိုးအောင်က မမနိုင်လို မဟုတ် အ
ရောတဝင်နှင့် နောက်နောက် ပျော်ပျော် နေတတ်သည်...
သည့်အတွက်ကြောင့် စာကျက်သည့်နေရာလာ၍ စကား
များလိုက်...ရယ်လိုက်မောလိုက်နေကြတာတော့ အမှန်
ပင်...အပြင်မှာ ဆုံကြသည့် အခါလည်း စလိုက် နောက်
လိုက်ဖြင့် တရင်းတနှီး ရှိသည်...
သို့ သော် လင်းလင်းသည်လောက် စွပ်စွပ်စွဲစွဲ ပြောခြင်း
ကတော့ ဘယ်လိုမှ အဓိပ္ပာယ်မရှိ...ပီးတော့ သက်သေ
အထောက်အထားကလည်း ကြည့်ပါဦး မမစိုးနဲ့စကား
ပြောတိုင်း နင့်သွားကြီးက ဖြဲဖြဲ နေတယ်တဲ့...
သွားကြီးဖြဲလျှင် ကြိုက်နေလို့ ဟု သူ့ ကို ဘယ်သူကများ
မြှောက်ထိုးပင့်ကော် သင်ပေးလိုက်သည် မသိ...ရန် စိတ်
ညစ်သွားရသည်...
မစိုးစိုးအောင်နှင့် စကားပြောဖြစ်လျှင် သွားပေါ်အောင်
ရယ်နေရတတ်တာတော့ မှန်သည်...ဒါပေမယ့် နွားပြာ
ကြီး အောက်သွားမရှိသလို တဟဲဟဲ ဖြစ်နေတာမျိုးတော့
မဟုတ်...
မစိုးစိုးအောင်က စကားပြောနေရင်း ခပ်တည်တည်နှင့်
အရွှမ်းဖောက်ပြောတတ်သလို...အမြဲတမ်းလို ရယ်စရာ
ပြောဖို့ မရှားတတ်...သူလည်း ရန်တို့ ရယ်လျှင် လိုက်ရယ်
သည်...သို့ သော် ဗလွတ်ရွှတ်တ ပြောတာမျိုးတော့
မဟုတ်...
တခါတလေ တိုက်အောက်ဆင်းပီး ညနေခင်း နေအေး
ချိန် လမ်းလျှောက်သည့် အခါများတွင် မစိုးစိုးအောင်
လည်း ပါလာတတ်သည်...
လမ်းလျှောက်ရာသို့  မစိုးစိုးအောင် ပါလာလျှင် အလယ်
မှာ လင်းလင်းကိုထားပီး လျှောက်သော်လည်း မစိုးစိုး
အောင်ကသာ စကားဖောင်ဖွဲ့ပြောလေ့ရှိသည်...
ရန် ..နင် သင်္ဘောသားလေး ဘာလေး လုပ်ဖို့  ရည်ရွယ်ချက် မရှိဘူးလား´´ ကားလမ်းပေါ်ဖြတ်သွားသော သင်္ဘောသား ကားပဲ မြင် လိုက်လို့ လား..ဒါမှမဟုတ် ကန်ထဲက ရေကိုပဲ တွေ့လိုက် လို့ လားမသိ..မစိုးစိုးအောင်က မဆီမဆိုင် မေးခွန်းတခု ကို ကောက်မေးသည်... ရန်က ရယ်ပီး...မရှိပါဘူး မမစိုး ..ဘာဖြစ်လို့ လဲ´´
သြော်...နင် သင်္ဘောသားလုပ်လို့  ကားလေးဘာ လေး ဝယ်လာတဲ့အခါ နင့် မောင်းခိုင်းပီး လျှောက်လည် လို့ ရတာပေါ့ဟ´´အမလေး မမစိုးရာ...လျှောက်လည်ဖို့ ကိစ္စများ
ဒီလောက်ရှည်ရှည်ဝေးဝေး လျှောက်စဉ်းစားနေရသေး
တယ်..ဘလက်တိုင်စီ ဂိတ်မှာ တနာရီမှ အစိတ်ရယ်
လည်စမ်းပါလေ့...ကျနော် ငှားပေးပါ့မယ်..တနေကုန်မှ
နှစ်ရာ့ငါးဆယ် သုံးရာပေါ့´´
[ မှတ်ချက်...၁၉၈၀ ဝန်းကျင် ကာလ များကို အခြေပြု
ရေးထားသည့်အတွက် ဈေးနှုန်းများကို သည်းခံ ဖတ်ကြ
ပါလေကုန်..]
သြော်...တူ မလား ..အဲ့ဒါက ငှားစီးတာပဲဟာ´´ငှားစီးတာနဲ့ ကပ်စီးတာ မတူဘူးလား´´
ဘယ်တူ မလဲဟ..ကပ်စီးတာက ကိုယ်ပိုင်လိုစီး လို့ ရတာပေါ့..နင့်ကား ဆိုတော့ တို့ က ဘယ်အားနာနေစ ရာလိုတော့မလဲ´´အဲ့တော့လည်း လွယ်ပါတယ် မမစိုးရာ...ရန့် 
ကားလည်း စောင့်စီးမနေနဲ့ ရန်လည်း သင်္ဘောသား
လုပ်ခိုင်းမနေနဲ့..ကိုယ်ပိုင် စီးရအောင် သင်္ဘောသား တ
ယောက်ပဲ ယူလိုက်ပါတော့လား´´
ဖျတ်ကနဲ ဝင်ပြောသူက လင်းလင်း..မစိုးစိုးအောင်က
ရယ်ပီး...
ဟဲ့...အဲ့ဒါတော့ စိတ်မကူးပဲ နေပါ့မလား.. စိတ် ကူးထားတာ ကြာလှပေါ့..ဒါပေမယ့် နိုင်ငံခြားသွားတဲ့ သင်္ဘောသားကမှ ငါ့ မကြိုက်တာဟ...ငါ့ လာကြိုက်တဲ့ သင်္ဘောသားက တမျိုး´´ဘယ်လို တမျိုးလဲ ဗျ´´
ရန်က မေးလိုက်သည်...
ဒလ နဲ့ ရန်ကုန် ကူးတို့ ဆွဲတဲ့ သင်္ဘောက သင်္ဘောသားပဲ ငါ့ ကို ကြိုက်တာလေ..ဒါတောင် အဲ့တ ယောက်က မရှိတော့ဘူး´´ ရန်က ရယ်၍...ဘယ်ရောက်သွားလို့ လဲ အစ်မ´´
သေသွားပီလေ..တိုးအေးနစ်တုန်းက ပါသွား လို့ ´´ဒါလည်း သိပ်တော့ ဂုဏ်မငယ်ပါဘူး အစ်မရယ်
သူ့ ခမျာ ဂျပန်ကား မပါပေမယ့် ဂျပန်သင်္ဘောက ဝင်အ
ိတိုက် ခံလိုက်ရသားပဲ´´
မစိုးစိုးအောင်က ရယ်သည်...
အေးလေ...ငါလည်း အဲ့ဒီလို တွေးမိလို့  အ လွမ်းပြေ ကြည့်ရမလားဆိုပီး သူ့ အလောင်းဆယ်တာ သွားကြည့်ပါသေးတယ်..ဟိုကျမှ မကြည့်ရဲလို့  ပြန်ပြေး လာရတာ´´ဘာလို့ လဲ ပုပ်ပွနေလို့ လား´´
မဟုတ်ပါဘူး...ရေနစ်တုန်းက ပုဆိုးကျွတ်ခဲ့ တာနေမှာပေါ့..အလောင်းမှာ ဘာမှ ပါမလာတော့ဘူး လေ´´ လင်းလင်းက ကြားထဲမှ ကျောချမ်းပီးအမလေး´´တ
လိုက်သည်...
ရှာရှာဖွေဖွေ ပြောတတ်ပုံကြောင့် ရန် ရယ်နေရတော့
သည်...
ဤသို့ နေတတ်သော မစိုးစိုးအောင်နှင့် သူ့ ကို လင်းလင်း
က စွပ်စွဲသည်ကို ရန် ဘယ်လိုမှ နားမလည်နိုင်အောင် ဖြစ်
ရသည် ။