ယဉ်ကျေးမှု
*** လောကဓံ မျှင်းမျှင်း ***
::::::::::::::::::::::::::::::::::::::::::
လောကဓံတွေ ဆူပွက်နေကြမှ
ခံစားချက်တွေကို
ကြမ်းရှပြနေကြလို့လည်း
အပိုတစ်ပါပဲလေ..
အိမ်မက်ဆိုးက ညဥ့်နက်နက်နဲ့မှ
ထိုက်တန်တယ်လို့
သတ်မှတ်ချက်မရှိဘူး..
သစ္စာတွေချို့တဲ့ရုံနဲ့
ဘယ်အသဲကွဲရာသီမှ
အဆိပ်မသင့်တတ်ဘူးလေ..
အိမ်မက်တွေ ပျက်တော့မလိုဖြစ်မှ
ယူကြုံးမရ ငိုပြရင်း
နေပူပူပန်းချီတစ်ချပ်ကို
ရေးဆွဲဖြစ်တဲ့အခါ
နှလုံးသားတွေအထိ အပူဟပ်တယ်..
ကံတရှိုက်မှာ
ဘဝကတော့ မိုက်ခနဲ
သတိပြန်ရချိန်မှာ
အနာဂတ်ဟာ မျှော်လင့်ခြင်းကို
စမ်းတဝါးဝါး ရှာဖွေလို့
လူအရှင်လတ်လတ်ကြီးကိုမှ
ကံကြမ္မာက စမ်းသပ်သတဲ့
ဘယ်ကစလို့ ရယ်မောရမလဲ....
ငါ...
အောင်မြင်တဲ့ ခံနိုင်ရည်ရှိနည်းက
မျက်ရည်မြစ်ကျိုးအင်းရဲ့ မြေပုံထဲမှာ
နစ်မြှုပ်နေတယ်တဲ့..
စကားလုံးတွေက
အပြောင်မြှောက်ဆုံး ခံစားချက်ကို
ရုပ်ကြွင်းဖြစ်စေနိုင်တယ်..
ဒါပေမဲ့ အဲ့ဒါ ခံစားချက်တော့
မဟုတ်သေးဘူးတဲ့..
ကိုယ့်ဦးညွှတ်ခြင်းတွေဟာ သေးသေးကြီးကြီး
ကိုယ့်ကြီးမြတ်ခြင်းပါပဲ..
ခံယူချက်တစ်ခုကိုပဲ ပစ်ပုံစုံလုံးကန်းပစ်လိုက်ရင်း
အလင်းတစ်ချပ်ပွင့်သွားတဲ့အခါ
ကိုယ့်ယုံကြည်ချက်ထဲမှာပဲ
တစ်ဘဝစာ ထိုက်တန်ပါပြီ..
ယဉ်ကျေးမှု ဈေးတစ်ခွက်နဲ့
ဘယ်တော့မှ လာမဆစ်ပါနဲ့တော့
မုန်တိုင်းဆန်ခြင်းရဲ့နောက်က
သက်တန့်တစ်စင်းဟာ
ယုံကြည်ရာဆို
ဘဝနာနာထဲ ထိုးစိုက်ပစ်လိုက်တဲ့
အပ်တစ်စင်းအဖြစ်
ကံတရားရဲ့ နာဖျားမှု ဝေဒနာကနေ
လွှတ်မြောက်ခွင့်ကို
ဖြည်းဖြည်းညှင်းညှင်း စီးဆင်းပစ်နိုင်ကြပါစေ...
I'm ATM.
Photo crd.ယဉ်ကျေ