ဟာသအတိုအထွာ ရယ်မောစရာ (၁၄)
ဟာသအတိုအထွာ ရယ်မောစရာ (၁၄)
မသိရင်မေး မစင်ရင်ဆေး
အမြဲတကျက်ကျက်ရန်ဖြစ်လေ့ရှိသော လင်မယားအိမ်သို့ အိမ်နီးချင်းမှ လာလည်စဉ် ...
အိမ်နီးချင်း သူငယ်ချင်း ။ ။ "အေးကွာ ... ခုလို မင်းတို့လင်မယား ချစ်ချစ်ခင်ခင် ဖြစ်နေကြတာမြင်ရတော့ ပီတိဖြစ်တယ်"
အိမ်ရှင် အမျိုးသား ။ ။ "အမ် ... ဘာကိုပြောတာလဲကွ နားမလည်ဘူး"
အိမ်နီးချင်း သူငယ်ချင်း ။ ။ "အော် ... နေ့လည်တုန်းက ခြံထဲမှာ မင်းတို့ လင်မယား ထင်းအတူခွဲနေတာမြင်လိုက်လို့ပါ ...
အဲ့လိုပဲနေကြစမ်းပါကွာ"
အိမ်ရှင် အမျိုးသား ။ ။ "မင်းကတော့ မသိဘဲ ရမ်းတုတ်ပြန်ပြီ ...
အဲ့ဒါ ချစ်ခင်နေတာမဟုတ်ဘူးကွ ... ထင်းခွဲနေတာလည်းမဟုတ်ဘူး ...
အိမ်ထောင်ပရိဘောဂတွေ ခွဲနေကြတာ"
မှတ်ချက် ။ ။ 'ရယ်သောသူ အသက်ရှည်ပါသည်' 😄😄