#ရေးမိရေးရာ_UCSM

in #esteem7 years ago

"ချစ်မဆုံးတဲ့ မောင့်နှမ ကျောင်းတက်တဲ့ပုံရိပ်လေးတွေ ရှုစားချင်လို့ ကြာနီကန်ကိုဖြတ် မြောင်းတွေကိုကျော် ဖုန်တွေအလိမ်းလိမ်းအတက်ခံပြီး UCSMကျောင်းတော်ကြီးကို မောင်ကြီးလာခဲ့တယ် မောင်ကြီးကို ကျောင်းတော်ကြီးအနှံ့ လိုက်ပြပါအုံး နှမရဲ့"

"ကျောင်းမှာတော့ ပြစရာ သာသာယာယာနေရာ ဘာမှမရှိတဲ့အတွက် canteenကိုသာ လိုက်ခဲ့ပါ မောင်ဘုရား"

"အလို........ ကျောင်းမှာအထွေထွေလုပ်သားတွေ ပေါလှချည်လား နှမရဲ့ နေပူကျဲတဲထဲ သွားချည်လာချည်နဲ့ ပင်ပင်ပန်းပန်းလှုပ်ရှားနေရတာ စိတ်မချမ်းသာစရာ ကောင်းလှပါဘိ"

"canteenနဲ့ main buildingကိုကူးနေတဲ့ 3rd yr...4th yrနဲ့ master ကျောင်းသားတွေပါဘုရာ့
အထွေထွေလုပ်သားမဟုတ်ရကြောင်းပါ"

"အော် အဲ့ဂလိုလား ရှိစေတော့ ရှိစေတော့ အနို့ ဒါနဲ့ နှမတို့ကျောင်းက COEကျောင်းဆိုတော့ ရိုးရိုးတွေနဲ့ ဘာကွာသလဲကွဲ့ မောင်ကြီးသေချာမသိလို့"

"စာသင်တာနဲ့Labသင်တာ ကွာတယ်လို့တော့ ပြောကြတာပဲ ထင်သာမြင်သာကွာတာကတော့ ကျောင်းလခ၅၀၀၀ပေးရတာနဲ့ C++တစ်နှစ်ခွဲသင်ရတာပါပဲဘုရာ့ နို့ပေမယ့် 3rd yrမှာ major ၅ခုပြန်ခွဲလိုက်တာလဲ သိသိသာသာကွာသွားပါတယ်ဖျာ့"

"ရန်ကုန်ကျောင်းကတော့ နာမည်ပြောင်းလိုက်တယ်ဆိုပဲ နှမတို့ကျောင်းကော နာမည်ပြောင်းဖို့ အစီစဉ်မရှိဘူးလား"

"နာမည်ပြောင်းရင် နှမတို့ပါချုပ်က တခြားကျောင်းက ပါချုပ်တွေကို ဘာဘာညာညာကျွေးရမစိုးလို့ မပြောင်းတာဖြစ်ပါလိမ့်မယ် ပါချုပ်က ကပ်စေးကြီးပါဘုရာ့ နှမတို့ကျောင်းသားတွေသောက်ဖို့ရေတောင် limitနဲ့ပေးပြီး ကျောင်းအဆောင်မှာနေတဲ့သူတွေကို တစ်နေ့ရေတစ်ထပ်ပဲချိုးခိုင်း ကျောင်းထဲကခရေပန်းတောင် မကောက်ရလို့အမိန့်ထုတ်ထားတဲ့ တကယ့် ကော်တရာကပ်စေးပါဖျာ့"

"ကွယ်.........ရေအကျိုးဆယ်ပါးနဲ့ ပန်းအကျိုးအပါးနှစ်ဆယ်ဆိုတာ သူမသိလေရော့သလား ရှိစေတော့ ရှိစေတော့ အနို့ နှမတို့ကျောင်းကလဲ လူနည်းလို့လားမသိ တကယ့်ကိုခြောက်ကပ်နေတာပဲလကွယ်"

"နောက်အပတ်မှာတော့ Dထိလို့ အိမ်တိုင်စာပို့ခံရတဲ့ ကျောင်းသားမိဘတွေနဲ့ တရုံးရုံးဖြစ်နေလို့ ကျောင်းတော်ကြီးစိုပြည်လာပါတော့မယ် နောက်များမှာလည်း roll callမပြည့်ရင်မိဘခေါ်မယ်ဆိုတဲ့အတွက် ကျောင်းတော်ကြီးခြောက်ကပ်နေမှာ စိတ်မပူရတော့ကြောင်းပါဖျာ့"

"အလို.......တယ်လဲ အမြော်အမြင်ကြီးတဲ့ ပါချုပ်ကြီးပါကလား"

"မှန်လှပါဘုရား ပြီးတော့ ကျောင်းကိုခဏတဖြုတ်လာသင်ပေးတဲ့ Koreanဆရာကြီးကိုလည်း ကျောင်းကားစီးခိုင်းပြီး အသွားအပြန်လမ်းလျှောက်ခိုင်းတဲ့ ဧည့်ဝတ်ကျေပွန်တဲ့သူလည်း ဖြစ်ပါတယ် မြန်မာပြည်ရောက်တုံး ရောက်ခိုက် ပူနေတဲ့ဗိုက်ကလေးကျလိုကျငြား ကျန်းမာရေးလိုက်စားစေချင်တဲ့ စေတနာတွေဖြစ်ပါလိမ့်မယ်"

"အို.......လေးစားစရာကောင်းလိုက်တာကွယ် မြင်ဖူးချင်လိုက်ပါဘိသနဲ့"

"နောက် မြင်စေရပါ့မယ် မောင်တော်"

"နှမလည်း တက္ကသိုလ်ကျောင်းသူဖြစ်နေပြီ သူများတွေလို မိတ်ကပ်လေးဘာလေးလိမ်း ဆံပင်လေးဘာလေး ကာလာတင် ဖိနပ်အမြင့်ကြီးတွေစီးပြီး ကြွကြွရွရွလေး နေပါအုံးလား"

"ဆံပင်အရောင်မဆိုးရ ၂လက်မခွဲထက်မြင့်တဲ့ ဖိနပ်တွေမစီးရဆိုတဲ့ အမိန့်တွေရှိပါသေးတယ် မိတ်ကပ်ဖို့ပြီး လှလှပပနေဖို့ကလည်းမဖြစ်နိုင်ပေါင်ဖျာ့ မနက်ကလိမ်းတဲ့ သနပ်ခါးတောင်နေ့လည်ရောက်သွားရင် canteenသွားတာနဲ့တင် ချွေးတွေဖုန်တွေနဲ့ ရောသွားလို့ ဘီလူးသဘက်ရုပ်ပေါက်နေရတာပါ"

"နှမတို့ကလည်း တယ်ဒုက္ခကြီးသကိုး"

"မှန်ပါ့ဘုရာ့ ဒါတင်မက နောက်ဖြေရမယ့် Labအတွက် circuitဆင်ရ ခဲဆော်ရနဲ့ လက်တွေလည်း အပူလောင်ပြီး ကြမ်းလာဖို့ လမ်းမြင်နေပါတယ်ဖျာ့"

"မောင့်နှမလေး ခုချိန်မှာတော့ စုတ်စုတ်ပြတ်ပြတ်နေပြီး ဒုက္ခခံလိုက်အုံးပေါ့ကွယ် ကျောင်းပြီးမှ လှလှပပကြွကြွရွရွနေပြီး မောင်ကြီးနဲ့ စုလျားရစ်ပတ်ဖို့ ပြင်ဆင်ကြတာပေါ့ ဒီကြားထဲတော့ မောင်ကြီးလည်း နှမဆီမလာတော့ပါဘူးကွဲ့ လမ်းမှာအမြန်မောင်းတဲ့ မတ္တရာကားတွေကြောက်ရ ဖုန်ပေတဲ့ဒုက္ခတွေကိုလည်းခံရနဲ့"

"နှမက master ဆက် တက်ချင်........................."

"နှမ အပျိုကြီးလုပ်ပြီး ဒဟတ်တောကျောင်းကြီးကို ဖက်တွယ်ပြီးနေခဲ့လေတော့ မောင်ကြီးတော့ သွားတော့မယ် တာ့တာ"