ပတ်ဝန်းကျင်နှင့်ဝေဖန်သုံးသပ်ခြင်း အတွေးအမြင်( ၆ )

in #esteem7 years ago

image
မနေ့ကတစ်ရက်တွင် ကျွန်တော်ပို့စ်မတင်ပြဖြစ်ခဲ့ဘူး။အကြောင်းအထူးအထွေကတော့မရှိပါပါဘူး။ထုံစံအတိုင်း အဆင်သင့် ရေးပြီးသားပို့စ်အသစ်မရှိလေတော့ ရေးသားတင်ပြနိုင်ခြင်းမရှိဘူးပေါ့ဗျာ။ဒီလိုပဲ လိုရင်းတိုရှင်းလောက်သာ အကြောင်းပြချက်ထုတ်လိုက်ပါရစေခင်ဗျာ။
အပိုင်း( ၅ )တွင် အလုပ်မှအပြန် မတူညီသော လူမျိုးနှစ်ခု၏ အိမ်အပြန်လမ်း ဝတ်စားဆင်ရင်မှု ကွဲပြားခြားနားခြင်းကို လိုရင်းတိုရှက်းရေးသား၍ စာကိုအဆုံးသတ်ခဲ့ပါတယ်။
ယခု အပိုင်း( ၆ )မှာတော့ ရွှေလီနယ်စပ်မြို့တွင် ဟိုတချိန်က မည်သို့ တည်ရှိခဲ့သည်ကို ကျွန်တော်အနေဖြင့် နောက်လာမည့်အပိုင်းဆက်များနှင့် အနီးစပ်ဆုံးဖြစ်သည့် ဆိုလိုရင်းအကြောင်းအရာအတွက် လိုရင်းတိုရှင်းလောက်သာ ရေးတက်သလို ဖော်ပြခိုက်ပါရစေ။
image
ကျွန်တော်သည် ရွှေလီမြို့၌ နေထိုင်အလုပ်လုပ်ခဲ့စဉ်က မြင်တွေ့သမျှ အလုပ်သမားလူတန်းစားများ အမြဲစားသောက်လေ့ရှိကြသော လမ်းဘေးထ္မင်းဆိုင်ဆိုတာ တွေ့မြင်ခဲ့ရဖူး၏။လမ်းဘေးထ္မင်းဆိုင်ဆိုတာ ကားလမ်းမ၏ဘေး၌ရှိသော ဆိုင်ခန်းများဖြင့် ရောင်းချနေကြသည်ကို ဆိုလိုရင်းဖြစ်ပါသည်။
ကျွန်တော်မြင်တွေ့ခဲ့ရသော ထ္မင်းဆိုင်ခန်းများတွင် တရုတ်လူမျိုးတို့က တရုတ်ထ္မင်း ဟင်းလျာများကို ကြော်ချက်ပြုပ်၍ မိမိတို့၏ဆိုင်သို့ လာရောက်၍ ထ္မင်းဟင်းလျာ သုံးဆောင်သူများကို မည်သူမဆို ရောင်ချပေး၍စားသောက်ခွက့်ပြုထားသလို ရှမ်းလူမျိုးတို့ကလည်း ရှမ်းထ္မင်းဟင်းလျာများကို စားသောက်သူများအတွက် အဆင်ပြေကောင်းမွန်အောင် ချက်ပြုပ်ရောင်းချကြ၏။ကျွန်တော်တို့ မြန်မာလူမျိုးတို့ကလည်း တရုတ်လူမျိုး ရှမ်းလူမျိုးတို့ ထ္မင်းဟင်းလျာများရောင်းချ၍ အဆင်ပြေနေကြသည်ကို အားကျအတုယူပြီး မြန်မာထ္မင်းဆိုင်များ ဖွင့်လစ်၍ ရောင်းချလာကြသည်ကို ကျွန်တော်မြင်တွေ့ခဲ့ရဖူး၏။
image
ကျွန်တော်မှတ်မိသလောက် ရေးချရလျှင် တရုတ်လူမျိုးများချက်သော ဟင်းလျာများသည် ဆီကိုအဓိကထားပြီး ဟင်းခပ်အမွှေးအကြိုင်များထည့်ကာ ချပ်ပြုပ်ရောင်ချကြသည်။ရှမ်းလူမျိုးတို့ ချက်ပြုပ်ရောင်းချသောဟင်းလျာများသည် ဘာကိုအဓိကထားပြီး စားသောက်သူများ စားကောင်းအောင်ခက်ပြုပ်ရောင်းချသည်ကိုတော့ ကျွန်တော်မသိ တရုတ်လူမျိုးများ ချက်ပြုပ်၍ ရောင်းချသော ဟင်းလျာများလောက် ဆီမများသည်မှာကတော့ သေချာပေသည်။ တရုတ်ထ္မင်းဆိုင်နှင့်ရှမ်းထ္မင်းဆိုင်များကို အားကျသော မြန်မာများသည် အတုယူကာ မြန်မာထ္မင်းဆိုင်ဆိုပြီး တဆိုင်ပြီးတစ်ဆိုင် ပေါ်ထွက်လာပြီး တရုတ်ဟင်းလျာ ရှမ်းဟင်းလျာများထက် အချိုသာဆုံးဈေးနှုန်းဖြင့် ရောင်းချလာကြသည်မှာ ကျွန်တော်တို့မြန်မာများ ငှားရမ်းနေထိုင်သော ရပ်ကွက်အတော်များများ၌ လက်ညိုးထိုးမလွဲ ပေါများစွာ တည်ရှိခဲ့လေသည်။
လိုက်ဖက်မှုရှိမရှိတော့မသိဘူး အလှဓါတ်ပုံတွေကတော့ အဆင်ပြေသလိုကူးယူပြီးထည့်လိုက်ရတယ်။
author:@thura
photo:credit google images.

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

အချိန်မှီအောင်တော့ ရေးသားတင်ပြတယ်ပါတယ်ဗျာ

တင်ထားတဲ့ပုံတွေ စားချင်စဖွယ်
ဟုတ်တယ် တရုတ်က ဆီသုံးနည်းတယ်

အလှပုံတွေမထည့်တာကြာပြီဆိုတော့ အဆင်ပြေအောင်တော့ ကူးချပြီးတင်လိုက်တာပဲ ကိုကြီးထွေးရေ
တရုတ်နဲ့ရှမ်းပြီးရင် မြန်မာအကြောင်းရေးဦးမယ်ဗျ