ဪ လောက လောက

in #esteem7 years ago

FB_IMG_1528119053948.jpg
ပျားရည်ရောင်းသူက ကြော်ညာပြီး ရောင်းတယ်
"ပျားရည် အစစ်ဆိုတာ ခွေးမစားဘူး .. ခွေးစားရင် အဲဒါ ပျားရည် မစစ်ဘူး"

အခု သူရောင်းနေတဲ့ ပျားရည်ကို လက်တွေ့ စမ်းသပ်နိုင်ကြောင်း၊ သူ့ ပျားရည်ဟာ အစစ်ဖြစ်သောကြောင့် ခွေးမစားဘူး ဟူ၍ ကြော်ညာရောင်းတယ်။

အဲဒီမှာ လူတစ်ယောက်က ကြားဖြတ်ပြီး ဝင်မေးပါတယ်..
"တကယ်လို့ ခင်ဗျာ့ ပျားရည်ကို ခွေးစားရင် ရောဗျာ"

ပျားရည်ရောင်းသူက ယုံကြည်စွာပဲ ပြန်ဖြေပါတယ် ..
"အဲဒါ ခွေးမစစ်လို့"

ဈေးရောင်းသူက သူ့ပျားရည် စစ်ဖို့အတွက် ခွေးတောင် ခွေးအစစ် မဟုတ်ဘူး ပြောသွားတယ်။

နာမည်ကြီး ဗေဒင်ဆရာ တစ်ယောက်ဆီ အမျိုးသား တစ်ယောက်က ဗေဒင်
လာမေးတယ်။ ဗေဒင်ဆရာကြီးက ဟောလိုက်တယ် ..
"မောင်ရင့်မှာ သားသမီးသုံးယောက် ရှိတယ်"

အဲတော့ အမျိုးသားက ပြာပြာသလဲဖြင့်
"ဟာ မဟုတ်ပါဘူး ဆရာကြီးရယ်၊ ကျနော့်မှာ သားသမီး ငါးယောက် ရှိတာပါ"

ထိုအခါ ဗေဒင်ဆရာက မျက်နှာထားကို ပိုခန့်ထည်လိုက်ပြီး ပြောလိုက်တယ် ..
"မောင်ရင်က ထင်နေလို့ပါ"

ဗေဒင်ဆရာကြီးက သူ့ဟောကိန်း မှန်နေတာကို တစ်ပြားမှ မလျော့။

သိုးကလေးက စမ်းချောင်းမှာ ရေ ဆင်းသောက်တယ်။ ဝံပုလွေဆိုးက သိုးကလေးကို စားချင်တယ်။ ဒါပေမဲ့ မတရားစားတယ်၊ အနိုင်ကျင့်တယ်လို့ ပတ်ဝန်းကျင်က သမုတ်မှာ စိုးတဲ့အတွက် သိုးကလေးကို အပြစ်ရှာတယ်..
"မင်း ငါသောက်မယ့် ရေတွေကို အနယ်ထအောင် လုပ်တယ်"

သေချာကြည့်ပါအုံး ဝံပုလွေကြီးရယ်၊ ကျနော်က ဝံပုလွေကြီးရဲ့ ရေစုန်ဘက်မှာ နေတာပါ .. ကျနော့်ကြောင့် ဘယ်လို လုပ်ပြီး ရေက နောက်ရမှာလဲ"

ဝံပုလွေက
"မရဘူး .. မင်းကြောင့် ရေမနောက်ပေမဲ့ မင်းမိဘတွေကြောင့် ရေနောက်ဖူးတယ် .. အဲတော့ မင်းကို ငါ စားရမှာပဲ"

*ဘယ်လိုဖြေဖြေ သူ့အဖြေက အမှားပဲ။ ငါပြောတာ အမှန်ပဲ ဆိုပြီး သူ့အသားကို စားချင်တဲ့ ဝံပုလွေကြီးကရဲ့ အမှန်ကလည်း အံ့သြစရာပဲ။

FB_IMG_1527641053490.jpg
လူနှစ်ယောက်က ဒင်္ဂါးပြား ခေါင်းပန်လှန်တယ်။ တစ်ယောက်က ခေါင်းကျလည်း စားလိုက်တာပဲ။ ပန်းကျလည်း စားလိုက်တာပဲ။ အဲတော့ တခြားတစ်ယောက်က မေးတယ် ..
"ကျနော်က ဘယ်လိုကျမှ စားရမှာလဲ"

ဟိုလူကက တရားမျှတစွာ ပြန်ဖြေတယ် ..
"မင်းက ထောင်နေမှ စားရမှာ"

*အဲ့လူကြီးရဲ့ အမှန်တရား၊ တရားမျှတမှုကလည်း ကြောက်စရာ။

*ဖနောင့်ရှည်ပြီး ဖိနပ်အမြီးတိုနေသူက ဖိနပ်နဲ့ ကွက်တိ ဖြစ်အောင် ဖနောင့်ကို အဖြတ်ခိုင်းတဲ့ အမှန်တရား ...

*'အမြီးပြတ်မြေခွေးက အမြီးရှိမြေခွေးတွေကို အမြီးဆိုတာ အပိုသက်သက်ပဲ .. အမြီးရှိနေတဲ့အတွက် ဘာမှ ပိုထူးခြား မလာဘူး' ဆိုပြီး အမြီးရှိ မြေခွေးတွေကို သူ့လို အမြီးပြတ် ဖြစ်စေရန် အမြီးဖြတ်ဖို့ တရားဟောတဲ့ အမြီးဖြတ် အမှန်တရား ...

*'ရေပါတာပဲ လိုချင်တယ် .. ရေးဗူးပေါက်တာ မလိုချင်ဘူး' ဆိုတဲ့ အကြောင်းမကောင်းပဲ အကျိုးကောင်း ထွက်ချင်နေသော၊ အကြောင်း မကြည့်ပဲ အကျိုးကိုသာ လိုချင် သော ထူးသည့် အမှန်တရား ...

*အဖွဲ့အစည်းတစ်ခုမှာ အမှားအယွင်းတစ်ခု ကြုံရသောအခါ အသီးသီးသော အဖွဲ့ဝင်တွေက
'ကျနော်ကတော့ မမှားဘူးနော်' ဆိုပြီး အမှန်တရား ဆိုတာကို မုန့်လုနေသလို သူ့ထက်ငါ ဦးအောင်ပြောပြီး အပြောနှေးသူက မှားတဲ့ကောင် ဖြစ်ရသော လုယူပြီး မှန်ရသည့် အမှန်တရား ...

FB_IMG_1528598818812.jpgဤသို့သော ထူးဆန်သော အမှန်တရားမျိုး၊ လွန်စွာ တရားမျှတသော အမှန်တရားမျိုး၊ လွန်စွာ ယထာဘူတကျသည့် အမှန်တရားမျိုး များကို ကိုင်စွဲရပ်တည် နေကြသည့် မဟာ့ မဟာလူသားများသည် ဤကမ္ဘာမြေပေါ်၌ အားရ ကျေနပ်ဖွယ်ရာဖြင့် များစွာတည်ရှိနေသည်ဟု ကျွန်တော်သဘောပေါက်ရ ပါတော့တယ်။

Sort:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.ustream.tv/HowTo

Go here https://steemit.com/@a-a-a to get your post resteemed to over 72,000 followers.

Congratulations! This post has been upvoted from the communal account, @minnowsupport, by thanzawoo from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.