Forex အခေါ်ဝေါ်များ
Forex အခေါ်ဝေါ်များ
Base Currency
Currency Pair တစ်ခုတွင် ပထမဆုံးတွေ့ရသော ငွေကြေး၊ EURUSD တွင် EUR သည် Base Currency ဖြစ်သည်။
ဒါ့အပြင် ဥပမာအနေဖြင့် EURUSD=1.300 လို့ Quote လုပ်ထားပါက 1Euro သည် 1.3USD တန်တယ်၊ပေါက်တယ်လို့ မှတ်သားရမှာဖြစ်ပါတယ်။
Quote Currency
အထက်ကဖေါ်ပြထားသော Base Currency ရဲ့ ဆန့်ကျင်ဘက် ငွေကြေးကိုခေါ်သည်။ Counter Currency လို့လည်းခေါ်ကြသည်၊ Currency Pair တစ်ခု၏ ဒုတိယမြောက်ငွေကြေးကိုခေါ်ခြင်းဖြစ်သည်။ EURUSD တွင် USD သည် Qoute Currency (or) Counter Currency ဖြစ်သည်။
Ask
Broker မှ ရောင်းလိုသော ဈေး၊ (သို့မဟုတ်) sell price (သို့မဟုတ်) Offer Price ဟုခေါ်သည်။
Bid
Broker မှ ၀ယ်လိုသော ဈေး (သို့မဟုတ်) Buy Price ဟုခေါ်သည်။
Bid/Ask Spread (or "Spread")
ရောင်းဈေး (Sell Price) နှင့်ဝယ်ဈေး (Buy Price), Spread လို့လည်း အတိုကောက်ခေါ်သည်။
Swap
ညသိပ်ခ၊ညအိပ်ခွန်၊ညသိပ်အတိုး၊ ဖွင့်ထားသော Lot မပိတ်ဘဲထားလျှင်ပေးရမည်။
Leverage
ပြန်ရငွေ(အမြတ်)တိုးလာစေရန်အသုံးပြုသော အငှားအရင်းနှီး၊ တနည်းအားဖြင့်မိမိအကောင့်ထဲရှိ ငွေပမာဏထက်ပိုသော ပမာဏရှိသော ငွေကြေးအတွဲများကို အရောင်းအ၀ယ်လုပ်နိုင်စွမ်းအားဖြစ်သည်။ ပြန်ရချက်များသလို၊အရှုံးလည်းများနိုင်မြန်နိုင်သည်။ Ratio ဥပမာ 100:1 ကဲ့သို့ဖေါ်ပြပြီး၊ မိမိ၏ Margin account ရှိ စုစုပေါင်းပမာဏထက် အဆ ၁၀၀ အရောင်း၊အ၀ယ်လုပ်နိုင်ခြင်းဖြစ်သည်။ ဥပမာအားဖြင့် သင့်အကောင့်ထဲတွင် ဒေါ်လာ ၁၀၀ ရှိပါက သင့်အနေဖြင့် ဒေါ်လာ ၁၀၀၀၀ တန်ကြေးရှိသော ငွေကြေးအတွဲများကို အော်ဒါဖွင့်နိုင်မယ်ဖြစ်ပါတယ်။
Margin
ဖွင့်ထားသော လော့ကို ထိန်းထားဖို့နဲ့ လော့အသစ်၊အော်ဒါအသစ်ဖွင့်ဖို့ လိုအပ်သော ငွေကြေးပမာဏကိုခေါ်ပါသည်။ % နှင့်ဖေါ်ပြတတ်သည်၊ ဥပမာအားဖြင့် 1% Margin လိုသည်ဆိုပါက 100000$ Position အတွက်1000$ Deposit လိုအပ်တယ်ဆိုတဲ့သဘောပါ။
Margin Call
မိမိ Trade လုပ်သော Broker မှ ဖွင့်ထားသော အော်ဒါများထိန်းသိမ်းထားနိုင်ရန်(အသက်ဝင်နေရင်)နှင့် အော်ဒါအသစ်တစ်ခုဖွင့်ရန် သတ်မှတ်ထားသောအနိမ့်ဆုံးလိုအပ်ချက်တစ်ခုဖြစ်သည်။
သတ်မှတ်ချက် မပြည့်ထားသော Margin Call မရှိတော့ပါက မိမိ၏ ဖွင့်ထားသော အော်ဒါအားလုံးကို Broker မှ ပိတ်ပစ်လိုက်မည်ဖြစ်သည်။
Stop Out
အထက်က ဖေါ်ပြထားသော Margin Call သတ်မှတ်ချက်တစ်ခုအောက်ကျသွားပြီး ယခု Stop Out သတ်မှတ် % သို့ရောက်ပါက လော့များ၊အော်ဒါများ အလိုအလျောက်အပိတ်ခံရမည်ဖြစ်သည်။
Market Order (or) Market Execution
လက်ရှိဖြစ်နေသော ဈေး (Ask Price, Sell Price) တွင် အော်ဒါစဖွင့်ခြင်းပုံစံ။
Pip
ငွေကြေးတစ်ခု၏ အသေးဆုံး ပွိုင့်အစိတ်အပိုင်း၊ Ticks လို့လည်းခေါ်တတ်သည်။ဥပမာအားဖြင့်- 1.3014 ကနေ 1.3016 ဖြစ်သွားသော EURUSD အတွဲမှာဆိုလျှင် 2 Pip ရွေ့သွားတယ် (တက်သွားတယ်) လို့ပြောပါတယ်။
Buy Limit
လက်ရှိဈေးကွက်တွင်ဖြစ်ပေါ်နေသော ဈေး၏ အောက် ဈေးတစ်ခုခုသို့ရောက်လျှင် အ၀ယ်အော်ဒါစဖွင့်မည့် ကြိုတင်အ၀ယ်အော်ဒါအမျိုးအစား။
Buy Stop
လက်ရှိဈေးကွက်တွင်ဖြစ်ပေါ်နေသော ဈေး၏ အထက် ဈေးတစ်ခုခုသို့ရောက်လျှင် အ၀ယ်အော်ဒါစဖွင့်မည့် ကြိုတင်အ၀ယ်အော်ဒါအမျိုးအစား။
Sell Limit
လက်ရှိဈေးကွက်တွင် ဖြစ်ပေါ်နေသော ဈေး၏ အထက်ဈေးတစ်ခုခုသို့ရောက်လျှင် အရောင်းအော်ဒါစဖွင့်မည့် ကြိုတင်အရောင်းအော်ဒါအမျိုးအစား၊
Sell Stop
လက်ရှိဈေးကွက်တွင် ဖြစ်ပေါ်နေသော ဈေး၏ အောက် ဈေးတစ်ခုခုသို့ရောက်လျှင် အရောင်းအော်ဒါစဖွင့်မည့် ကြိုတင်အရောင်းအော်ဒါအမျိုးအစား။
Long Position
ငွေကြေးအတွဲတစ်ခုကို တက်မယ်လို့မျှော်လင့်ပြီး ၀ယ်လိုက်တာကို Long လုပ်တယ်ခေါ်ပါတယ်။
Short Position
ငွေကြေးအတွဲတစ်ခုကို ကျမယ်မျှော်လင့်ပြီး ၀ယ်လိုက်တာကို Short လုပ်တယ်ခေါ်ပါတယ်။
thanttunsoe
photo credit; google