"ဝန်ခံပါတယ် ”
ငါ မတည်ငြိမ်သေးပါဘူး
ငါ့ကိုယ်ငါ ရင့်ကျက်နေပြီလို့ ထင်ထားခဲ့တာ
မင်း ရှေ့ရောက်တိုင်း ကလေးတစ်ယောက်လို
အယောင်ယောင်အမှားမှား ဖြစ်နေတုန်းပဲ
ငါ ဟန်မဆောင်တတ်သေးပါဘူး
မင်းနဲ့တွေ့ရင် ငါ့ရင်ထဲက အချစ်တွေ
အကုန်ထုတ်မပြဘူးလို့ ကြံရွယ်ခဲ့ပေမယ့်
မင်းနဲ့ဆုံတဲ့အခါမှာတော့
ဟန်မဆောင်နိုင်လောက်အောင်
ငါ့ရဲ့အချစ်စိတ်တွေ လျှံထွက်နေတုန်းပဲ
ငါ မနာကြည်းနိုင်ပါဘူး
မင်း ငါ့ အပေါ် ဘယ်လိုအမှားတွေကျူးလွန်ခဲ့ ကျူးလွန်ခဲ့ အမှတ်မရှိတဲ့ ငါ့နှလုံးသားက
ပန်းနဲ့ပေါက်နေသလို မနာတတ်တော့ဘူး
ငါ မမေ့နိုင်ခဲ့ပါဘူး
မင်းနဲ့ ပတ်သက်တဲ့ အမှတ်ရပေါင်းများစွာကို
မေ့ထားခဲ့ပေမယ့် ခလုတ်တိုက်မိတိုင်း
ရင်ခုန်နေမိတုန်းပဲ
ငါ ဝန်ခံပါတယ်
ငါ့ရင်ထဲမှာ မင်း တစ်ယောက်ပဲရှိသလို
မင်းတစ်ယောက်တည်းကပဲ
ငါ့ဘဝကို လှပအောင် ပုံဖော်ပေးနိုင်တယ်ဆိုတာ
ငါ့ အတွေး နဲ့ ငါ့ရင်ဘတ်ထဲက
ယုံကြည်နေမိတယ် ချစ်သူ......