Blockchain base social media(Steemit)
ပျော်ရွှင်မှုတွေ အပိုင်ဝယ်နိုင်အောင်
ငွေရှာရင်းနဲ့ လွတ်လပ်ခြင်းတွေ
စတေးလိုက်ရတယ်။
အဖော်ရမလားလို့ ချစ်သူရှာရင်းနဲ့
အထီးကျန်မှုတွေ နေရာအပြည့်ယူလာတတ်တယ်။
လူ့အောက်မကျအောင်
ချမ်းသာအောင် ကြိုးစားပါမှ
ပိုပြီးအောင်မြင်လာလေ ပိုပြီး
သည်းခံရလေဖြစ်နေတတ်တယ်။
ပူလောင်မှုတွေကြောက်လို့
သံယောဇဉ်ဆိုတဲ့အရာကြီးကို ပတ်ပြေးမိပါတယ်
ပြေးလေ ပိုပြီး ရစ်ပတ်ခံရလေလားမသိ။
လူပီသအောင် ကြိုးစားပြန်တော့လည်း
ရင်းနှီးပေးဆပ်မှုတွေက
ကိုယ့်ဆီမှာ ဘာမှမကျန်တော့လောက်အောင်ပါဘဲ။
ကိုယ်ကျရာနေရာမှာ တာဝန်သိတတ်ပြန်တော့လည်း
မှန်မှန်ကန်ကန် လုပ်လေ
လူမုန်းများခံရလေလား မသိ။
ကိုယ့်ဘက်က သစ္စာတည်အောင်ကြိုးစားပြန်တော့လည်း လူတစ်ချို့ကြောင့် ကိုယ့်သစ္စာတွေက
သဲထဲရေသွန်သလို ဘာမှ အသုံးမဝင်သလိုပါပဲလား။
ဒီလိုနဲ့ပဲ အသက်တစ်နှစ်ပြီး တစ်နှစ်ကြီးလာကြပြီး
ဒီလိုနဲ့ပဲ........နောက်ဆုံး နေဝင်ချိန်အထိ
ခရီးဆက်နေရတာက လူသားတိုင်းရဲ့
ဘဝတွေပါပဲ။