ချစ်သောထိုနှင်းဆီ
ချစ်သောထိုနှင်းဆီ
Part (2)
သမီးကြီးတွေ သမီးငယ်တွေပြောလာတော့ ဦးစိုးမိုးသူက အံ့သြနေသည်။သူသိထားတာက ဦးဘသောင်းမှာသားသမီးမထွန်းကားသည်ဟု...
ဒေါ်မြကတော့ ထမင်းပွဲသိမ်းနေတုန်း ဝင်လာသောနုနုယဉ်ယဉ်ပုံစံနှင့်မိန်းခလေးကိုလှမ်းကြည့်၍ရှင်းပြလိုက်သည်
``အဲ့ဒါသမီးကြီးလေ စံပါယ်ဖြူတဲ့ ဒီနှစ်ပဲအဝေးသင်နဲ့ဘွဲ့ ရတာ ဟောဒီရွာမာ လက်ချိုးရေလို့ရတယ် ကြွားတယ်လိုတော့မထင်နဲ့ လူလေးရေ အဘွားတို့မှာဒါလေးပဲဂုဏ်ယူနေရတာ.."
နှစ်ယောက်စလုံးဘွဲ့ ရစေချင်ပေမဲ့..."
နင်ကလဲ ကလေးအကြောင်းကို ထည့်ပြောအုံးမယ်၊ဒါပဲမပါမပြီး..."
ဦးဘသောင်းက ကွမ်းအစ်ကြီးကိုရှေ့ မှာချ၍ ကွမ်းညှပ်ကင်းမကြည်လင်သည့်မျက်နှာနှင့်....
သူကတော်တာပဲဥစ္စာ၊လူကြီးတွေကဆက်မတက်ခိုင်းလို့မတက်ခဲ့ရတာ" ဘယ်သူ့ကိုပြောနေမှန်းမသိတော့ လင်မယားနှစ်ယောက်မျက်နှာကိုတလှည့်စီကြည့်ရင်း အမည်ဖော်မှာကိုစောင့်နေမိသည်။ ဦးဘသောင်းက ဦးစိုးမိုးသူ ကြည့်နေသည်ကိုပြန်ကြည့်ကာ
အငယ်မလေးကအရမ်းခလေးဆန်တာကွ..မူလတန်းကနေအလယ်တန်းကျောင်း၊အလယ်တန်းကနေအထက်တန်းကျောင်းထားတဲ့အထိစာလည်းအရမ်းတော်တာ ဘယ်ရောက်နေနေစာတော်လို့ဆရာတိုင်းကချစ်တယ်"
ဘွဲ့ မရတာသူလား.."
အင်း ဆက်တက်ရရင်တော့ ခုဆိုနောက်ဆုံးနှစ်ပေါ့၊ဆယ်တန်းကို လေးဘာသာဂုဏ်ထူးနဲ့ အောင်ထားတာ..."
ဟင်!.." ဒီလိုရွာလေးမှာဂုဏ်ထူးရှင်ရှိသည်ဆိုတော့ဦးစိုးမိုးသူ အြံဥွားသည်။ပြီးတော့ လေးဘာသာဂုဏ်ထူး....။
အဲ့ဒါဆက်မဖြေတော့ပူးပေါ့..."
ပထမနှစ်ဖြေပြီးပြီး၊နောက်မှဆက်မတက်တော့တာ"
ဘာဖြစ်လို့လဲ..."
ဝ.. တောင်ပိုင်းက ဦးလေးဖြူတို့လာခေါ်နေတယ်" ပြောနေတုန်းစကားကပြတ်သွားသည်။
ဘွားမြသမီးဘာလုပ်ပေးရမလဲဟင်"
ကဲပါအေ ၏်းပန်းကန်ဆေးမလို့ ဟန်ပြင်နေတာကျုပ်သိပါတယ်၊မလိုပါပူး အပြင်မှာအေးဆေးနေစမ်းပါ၊အငယ်မက ပါမလာပူးလား" စံပါယ်ဖြေမလို့ ပြင်လိုက်စဉ် ဖျတ်ခနဲမော့လာသည့်မျက်နှာတခုကြောင့် နှုတ်ခမ်းတွေဟရင်း ပြောဖို့မေ့နေ၏ ဦးစိုးမိုးသူသတိထားမိကာ သူမကြည့်သည့်မျက်လုံးတွေနောက်ကိုလိုက်ကြည့်တော့ ထမင်းဝိုင်းမှာ ရှုံ့  ရှုံ့ မဲ့မဲ့နှင့်လက်စသတ်၍ သူ့ကျောနောက်မှာ စာအုပ်တအုပ် ဟိုလှန်ဒီလှန်လုပ်ရင်း တိတ်တိတ်ဆိတ်ဆိတ်ရှိနေသည့်ချစ်သော.... သူမစက္ကန့်များစွာ စူးစိုက်သွားခဲ့စဉ် ချစ်သောကမျက်နှာလွှဲသွားပြီဖြစ်သည်။ပြီးတော့နှုတ်ခမ်းတွေမှာ ခပ်တွန့်တွန့်ပြုံးစိစိနှင့်....။ စံပါယ်ဖြူဆိုတာ ဆံပင်တွေအရှည်ကြီးနှင့်အရပ်အနေတော် အသားညိုညို ယဉ်စစလေးပါပဲ ဒါပေမဲ့..... သူမကိုမြင်လိုက်တာနှင့် ခုနကပန်းကန်ထဲမှာဘာကြီးမှန်းမသိလို့ ဟိုလှန်ဒီလှန် တွန်းရွေ့ ခဲ့မိသော တို့ဟူးဆိုသည့် လေးထောင့်စပ်စပ် ဟင်းတံးကိုသတိရ၏ ပါးပြင်မို့မို့ညိုညိုမှာ ပါးကွက်ကြီးတွေတင်ထားတာ တို့ဟူးတုန်းကြီးတွေအတိုင်း...။ချစ်သောမချိုမချဉ်ဖြစ်သွားတာရော မိန်းခလေးရှက်သွားတာရော ဦးစိုးမိုသူဖျတ်ခနဲဝေ့ကြည့်ပြီး မမြင်သလိုနေလိုက်သည်။ပြီးမှ...
အငယ်မလေးက ပညာတော်တာပဲ၊ဘာဖြစ်လို့ဆက်မဖြေတာလဲ မြင်တောင်မြင်ဖူးချင်လာပြီ"
ဒေါ်မြကတော့ ရေနွေးကရားလေးပါသည့်ဗန်းနှင့်လက်ဖက်သုပ် သူတို့ရှေ့ ချပေးရင်း....
မြင်ဖူးရင်တော့ မျောက်မူးလဲလေးပါလားလို့ တန်းသိသွားမှာပဲ" ပြောရင်းရယ်သေးသည်။ပြီးတော့...
အကြီးမနဲ့ကတော့လုံးဝဆီနဲ့ရေပဲဟေ့ ပြောစရာရှိလဲ ဘယ်မျက်နှာမှမကြည့်ပူး၊ဘာလုပ်လုပ် အကြောက်အလန့်ကလဲနည်းကာ့ ကိုယ့်ရပ်ရွာမို့လို့ပေါ့ မဟုတ်ရင်မလွယ်ပူး၊အဲ့ဒါကြောင့်ခက်နေတာပေါ့ကွယ်၊ပြောလဲမပြောချင်ပူး"
ဆိုပြီး တကယ်မပြောတော့ဘဲနေသဖြင့် ထပ်မေးရကောင်းနိုးကောင်းနိုးနှငိ့ ဦးစိုးမိုးသူနှုတ်ဆိတ်နေရပြန်သည်။ဒါပေမဲ့သတိရလိုက်ကာ
ဒေါ်မြတို့က ကလေးမမွေးခံဘူးထင်တာ"
အော် ငါ့တူကလဲကျုပ်ကသားသမီးမထွန်းကားပါပူး ကျုပ်တူမခလေးတွေပါ ငယ်ငယ်ကတည်းကသူ့ မမေကတီဘီနဲ့ဆုံးတာလေ အဲ့ဒါနဲ့ခေါ်မွေးစားထားတာ"
ခလေးတေကလဲရိုးသားကြိုးစားတယ်"
ဟုတ်တယ်ဟုတ်တယ် အဲ့ဒါတော့သွေးထွက်အောင်မှန်တယ် အကြီးဆိုရင်သူ့ကိုယ်သူ အငယ်မလောက်ဥာဏ်မကောင်းဘူးဆိုပြီး စာတွေအရမ်းကျက်တာ အငယ်မကြတော့လဲ စာအုပ်ခါးကြားထိုးရန်ဖြစ်ရင်းမေးလိုက်ရင် ရသွားပြီ၊ကျက်ပြီးပြီဆိုတာချည်းပဲ"
ရန်ဖစ်တယ် ဟုတ်လား"
ဖြစ်ပြီငေါ လူလေးရေ..ဘာပြောပြောအမြီးအမောက်လွတ်တယ်မှမရှိတာ၊တော်ရုံလူကဘယ်ခံနိုင်မလဲ"
ဘာလဲအဘွား..သူကယောက်ျားလေးလိုနေတာလား.."
အဲ့ဒိလိုပဲပြောရမလား၊ရည်းစားသနာထာယမှာလည်းညီအမနှစ်ယောက်စလုံး ပူစရာမလိုပူး..... "
ဒီစကားကြားတော့ စိတ်မပါဘဲစာအုပ်လှန်နေသည့်ချစ်သော ပခုံးတွန့်ရင်း ရေရွတ်မိ၏။ကြိုက်တဲ့ကောင်တော့သွားပြီ.....။
ဟဲ့...ခလေး၊မြေးရယ်တိတ်လှချည်လား၊ဒီဘက်လှည့်ပါဦး"
ဗျာ!.."
တိတ်တိတ်လေး အသံမထွက်အောင်တယောက်တည်းအတင်းတုတ်နေပါတယ်ဆိမြှ တိုက်တိုက်ဆိုင်ဆိုင်ခေါ်လိုက်တော့ ပျာပျာသလဲကြီးထူးမိသည်
ဒီဘက်လှည့်ပါ၊လက်ဖက်သုပ်လေး စားပါဦး"
အဟွန်း...မကြိုက်လို့ပါ"
``ကြိုက်သွားမှာပါကွယ်၊အကြီးမက လက်ဖက်သုပ်ဆိုရင်လက်ရာသိပ်ကောင်းတာကွဲ့ ၊ကြည့်ကြည့်တောသုပ်မဟုတ်ပူး၊စပ်စပ်ချဉ်ချဉ်လေးရယ်.."
ရယ်နေရင်း ချစ်သောမျက်နှာမချိုမချဉ်ဖြစ်၏၊မျက်လုံးထဲမှာ ပါးကွက်ကြီးနှစ်ဖက်နဲ့ တို့ဟူးတုံးကြီးတွေပဲ ကွင်းကွင်းကွက်ကွက်ပေါ်လာတာဘယ်လိုဖျောက်မလဲ....။
ြေ ပာတော့ တောသုပ်မဟုတ်ပူးတဲ့။ကြည့်လိုက်တော့ြို့မှာအမည်တပ်ကြသည့် လက်ဖက်အဘိုးကြီးသုပ်...........။
#အမှားပါရင်ခွင့်လွှတ်ပါ 😙😙
Original Writer @babylay