အသည်းကွဲမဲ့...စုကြးမဲများ

in #esteem6 years ago

image
ဒီရက်ပိုင်း online ပေါ်မှာ
ခေတ်စားလာတာက
အမြတ်ပေးတဲ့စုကြေးမဲများ...

ဒီစုကြေးမဲတွေကအခုမှ
ခေတ်စားတာမဟုတ်
ပေါ်ခဲ့တာကြာပြီလေ...
ကျနော်ကိုယ်တိုင်
စုကြေးသိန်းရာဂဏန်းနဲ့
ဒိုင်လုပ်ခဲ့တာ ၃နှစ်မက
တခြားဒိုင်မှာစုခဲ့တာလည်း
၅နှစ်မက လုပ်ခဲ့တယ်။

စုကြေးစုတာ၂ မျိုးရှိတယ်
လေလံစုကြေးနဲ့
ပုံသေအမြတ်စုကြေး
(၂)မျိုးစလုံးမှာ ဒိုင်က
ဦးဆုံးထုတ်ရတယ်။
ငွေလိုတဲ့သူက ပိုပေးပြီးဆွဲတယ်
ဒီတော့ကျန်တဲ့သူတွေက
ထည့်ရတဲ့ငွေနည်းပြီး
နောက်ကျမှထုတ်လေ
အမြတ်ရလေပဲ။

ဒီတော့ စုကြေးအရင်ထုတ်
တဲ့သူတွေရဲ့ ကတိသစ္စာရှိမှုက
အရေးကြီးတယ်။ ငွေကတော့
ထုတ်သွားပြီး နောက်လတွေ
ပြန်မထည့်ပေးတော့ဘူးဆိုရင်
ဒိုင်က စိုက်ရပြီ။ ဟုတ်တယ်လေ
အဲလို တာဝန်ယူမှာမလို့လဲ
အရင်ဦးဆုံးထုတ်ပြီး
ငွေအပြည့်ရတာပေါ့။
တစ်ယောက်လောက်စုကြေး
ထုတ်ပြီး ပြန်မထည့်လို့
ဒိုင်ကစိုက်နိင်ပေမဲ့
၃ဦး၎ဦးလောက် မထည့်ပဲ
ပြေးရင်တော့ ဒိုင်ပါ ပြေးမှာပဲ။
သိန်းဆယ်ချီ ရာချီ စုကြေးတွေ
မှာ ထိကြတာများတယ်။

အခုလို Online ပေါ်ကနေ
သူ့လည်းကိုယ်မသိ
ကိုယ့်လည်းသူမသိတဲ့
အခြေနေတွေမှာ စုကြေး
ဆိုတဲ့ခေါင်းစဉ်နဲ့မက်လုံးပေး
ဆွယ်နေကြတာ စဉ်းစားစရာပါ

ကိုယ်တွေလည်းစုကြေးဒိုင်
လုပ်ခဲ့စဉ်က အရှေ့မှာစုကြေး
ထုတ်ပြီး မထည့်နိင်တဲ့
သူတွေရှိတယ်။ နာမည်ကြီးခဲ့
တဲ့ကိတ်မုန့်လုပ်ငန်းတခုကပါပဲ
မိတ်ဆွေရင်းတွေဖြစ်နေတော့
လည်း ကိုယ်ကပဲ စိုက်ခဲ့ပေး
ရတာပေါ့။ ၁၀နှစ်လောက်ရှိပြီ
နောက်တခုက သူများဆီမှာ
စုကြေးထည့်တာ
ကျောက်မျက်လုပ်ငန်းရှင်တစ်
ဦးပါပဲ ကိုယ်တစ်ဦးထဲ
သိန်းရာဂဏန်းပါသွား
တယ်။ တခြားသူတွေပါပေါင်း
လိုက်ရင် သိန်းသောင်းဂဏန်း
ကျော်တယ်။ တရားစွဲလည်း
၂ခါ ကုန်မှာဆိုတော့
ရေစက်သာချလိုက်တော့တယ်။
ဒါတောင်အဲဒီ အမျိုးသမီးက
ကျောက်မျက်လောက
စုကြေးလောကမှာ လုံးဝ
နာမည်ပျက်မရှိခဲ့သူ လုပ်နေတာ
လည်း ဆယ်နှစ်မကကြာခဲ့သူနော်

နောက်တခုကမန္တလေး
ဈေးချိုတော်ကြီးမှာ
စားသောက်ကုန်ဖြန့်ချိရေး
အကြီးကျယ်လုပ်တဲ့သူ
ချမ်းသာကတော့ကျိကျိတက်
သူလည်း စုကြေးကို
သိန်းရာချီ ထောင်ချီလုပ်နေရင်း
အခုတော့ပြေးရပြီ။
ဘဝပျက်တဲ့သူတွေ မနည်း
အရှေ့မှာစုကြေးထုတ်ကြပြီး
ပြန်မထည့်တဲ့သူတွေ များသွား
လို့ဆိုပဲ....။

အခုလို လူသိထင်ရှား
ပိုက်ဆံရှိတဲ့ လုပ်ငန်းရှင်
တွေတောင်စုကြေးတွေ
လုပ်ပြီး နာမည်ပျက်ထွက်ပြေး
ခဲ့ကြတာ အွန်လိုင်းပေါ်ကနေ
စုကြေးဒိုင်ကိုင်တဲ့သူရဲ့
ရာဇဝင်လည်းမသိ
လိပ်စာလည်းမသိ
ဘာဆိုဘာမှ မသိပဲ
အမြတ်ရတယ်ဆိုပြီး စုကြေး
တွေဝယ်ရောင်းလုပ်နေကြတာ
ရင်လေးစရာပါ.....
ကျနော်ကတော့
အသည်းကွဲမဲ့စုကြေးမဲများလို့ပဲ
ပြောပါရစေတော့...။

အားလုံးGood Luck
Credit###Thura Tun

Photo-credit