အိမ်ကလေး
အိမ်ကလေး
ဟုတ်ကဲ့မင်္ဂလာပါခင်ဗျ…စာရေးသူရေးသားသော ဇတ်လမ်းများစွာကို ကြိုက်နှစ်သတ်ကြသော…စာရေးသူ၏ ချစ်ခင်ရတဲ့ ပရိတ်သတ်တွေအများကြီးရှိကြပါတယ်… ဟုတ်ကဲ့ပါ ခုလို လှိုက်လှိုက်လဲလဲ အားပေးမူ့အတွက်လည်း စာရေးသူအနေနဲ့ ဝမ်းသာပီတိ ဖြစ်မိပါတယ် ပင်ပန်းရကြိုးလည်း နပ်ပါတယ်… သို့ပေမဲ့ စာရေးသူ အနေနဲ့ ဇတ်လမ်းလေးတွေ ရေးသားတဲ့ နေရာမှာ စာဖတ်သူပရိတ်သတ်တွေကို အသိပညာလေးတစ်ခုခုတော့ ရစေချင်ပါတယ် ဒါကလည်း စာရေးသူရဲ့ ရင်ထဲမှ အရမ်းကို ဖြစ်ပေါ်လာတဲ့စိတ်ကလေးပါ… တကယ်တော့ စာရေးသူဟာ ခုဒီဇတ်လမ်းလေးကို ဖတ်နေတဲ့ သူထက် အသိပညာ ဗဟုသုတ ကြွယ်ဝ ချင်မှ သာကြွယ်ဝပါလိမ့်မယ်…
စာရေးသူထက် အသိပညာတွေ ကြွယ်ဝနေသူ ဖြစ်ချင်လည်း ဖြစ်ပါလိမ့်မည်။
ထို့ကြောင့် စာရေးသူအနေနဲ့ လက်လှမ်းမှီသလောက်သာ ဗဟုသုတအဖြစ်ရေးပို့ပေးတဲ့နေရာမှာ စာရေးသူဟာ ပညာတွေ ဘွဲ့တွေများစွာရရှိထားတဲ့လူတစ်ယောက်မဟုတ်တဲ့အတွက် စကားကြီးစကားကျယ်ပြောတယ်လို့လဲ မဖြစ်စေချင်ပါဘူး …စာရေးသူ ညဏ်မှီသလောက်သာရေးသားလိုက်ပါကြောင်း …
အကယ်၍ ဒီဇတ်လမ်းလေးနဲ့ တိုက်ဆိုင်မူ့ရှိခဲ့သောသူများရှိခဲ့ပါက စာရေးသူအနေနဲ့ တမင်ရည်ရွယ်ထားချင်းမရှိဘူးဆိုတာ ကိုသိစေချင်ပါသည်။
[စာရေးသူ]
အိမ်ကလေး(မြိတ်)
ရေးသားသော…
#"မျတ်ရည်ဖြည့်ထားသော…ပုလင်းလေး"#
ယခုလို တော်တလင်း သီတင်းကျွတ် တို့ လို လ' မျိုးဆိုလျှင် စာရေးသူတို့ မြိတ်မြို့ကလေးမှာ မိုးများမှာစွေလို့ပင်ကောင်းနေသေးသည်။
မြိတ်မြို့နယ်တစ်ဝိုက်တော့ မိုးသားများ အမြဲလိုလို အုံ့ဆိုင်းဆိုင်းရှိနေမြဲပင်။မိုးစက်မိုးပေါက်တို့က ကမ္ဘာမြေပေါ်သို့ ခပ်ကြမ်းကြမ်ထိတွေ့နမ်းရှုံ့ကြသည်။ရှေ့တော်ပြေးလျှပ်ရောင်နဲ့အတူ မိုးချုန်းသံတို့က ကောင်းကင်တစ်ဝှိုက်ဝဲ တဂျုန်းဂျုန်းတဂျိမ်းဂျိမ်းညံစ်ီနေသည်မှာတော့ အသူရာနတ်မင်းနဲ့ သိကြားမင်းဦးမာဃတို့ရဲ့ စစ်ချီသံနှင့် တူလေစွဟုစာရေးသူထင်မိပါတော့သည်။
စာရေးသူတို့ မြိတ်မြို့ဟာ နယ်စပ်မြို့လေးတစ်မြို့ဖြစ်သော်လည်း စည်ကားလှပါသည်။ အလုပ်အကိုင်ဆိုလျှင်လည်းပေါများလှပါသည်။
ကုမ္မဏီစက်ရုံ ၊ ပေါင်းများစွာရှိသည့်အပြင် သားငါးရှာဖွေသော လှေကြီးလှေငယ် အမျိုးမျိုး ကုန်တင်ကုန်ချသော သင်္ဘောကြီးအမျိုးများစွာရှိပါသည်။
ထို့ကြောင့် တခြားမြို့ရွာမှ လူအများစုဟာ အလုပ်အကိုင်ပေါများလှသောစာရေးသူတို့ မြိတ်မြို့ကလေးမှာ အခြေတကျနေထိုင်ကြပါသည်။
လူမျိုးစုံ စရိုက်မျိုးစုံ ဝါသနာမျိုးစုံဖြင့် တစ်နေ့တာစားဝတ်နေရေးကို နေပူမရှောင်မိုးရွာမရှောင် ခက်ခက်ခဲခဲရုန်းကန်ကြရပါသည်။
တဂျုန်းဂျုန်းတဂျိမ်းဂျိမ်းလျှပ်စစ်ကြောင်းတွေကြောင့် စာရေးသူဟာ ဖုန်းကလေးကို power ပိတ်လိုက်ပါသည်။
လျှတ်စစ်မီးဖြင့်တည်ထားသော ရေနွေးလေးကို ခွက်ကလေးနှင့်ခံ၍ ကော်ဖီမူန့်လေးကို ဖောက်ထည့်လိုက်ပါသည်။ ယခုလို မိုးချမ်းစိမ့်စိမ့်လေးနှင့် ကော်ဖီသောက်ရတဲ့ အရသာကို စာရေးသူနှစ်သက်မိပါသည်။ကော်ဖီတစ်ကျိုက်မော့၍
ရောက်တတ်ရာရာတွေးရင်း စာရေးသူစာရေးသားသော စားပွဲခုံပေါ်မှ နာရေးယပ်တောင်လေးကို အမှတ်မထင်တွေ့လိုက်မိလိုက်ပါသည်။
သေခြင်းတရားကို ရွာမှာထက်မြို့ပြတွေမှာပို၍ မြင်တွေ့ရပါသည်။ ဒါကလည်းမဆန်း မြို့ပြလူဦးရေမှာ ရွာတွေမှာထက်ပို၍အဆမတန် များပြားသည်မှာအမှန်ပင်။ စာရေးသူတို့မြိတ်မြို့မှာဆိုလျှင် ပို၍များပြားလှပါသည်။
နေ့စဉ်နီးပါးလို အသုဘယာဉ်တန်းများကို တွေ့နေ မြင်နေ ကြားနေရသည်မှာ သံဝေဂသာ ယူတတ်မည်ဆိုပါက စာရေးသူတို့ မြိတ်မြို့သည် တရားအမြန်ရနိုင်မည်ဟု ထင်မိပါတော့သည်။ စာရေးသူလည်း နာရေးယပ်တောင်လေးကို ကြည့်ပြီးသံဝေဂရစွာဖြင့်အနိစ္စတရားကို နှလုံးသွင်းဆင်ခြင်မိလေတော့သည်။တစ်နေ့တော့စာရေးသူတို့လည်းအတူတူဒီလမ်းကို သွားကြရမည်သာ။ တကယ်တော့ မွေးဖွားခြင်းဆိုကတည်းက သေခြင်းရဲ့ ခရီးအစဦးပဲလို့ ဆရာတော်ကြီးများဟောကြားခဲ့သည်။
သေလမ်းကို လျှောက်ကြတဲ့သူတွေထဲမှာ တချို့ကတော့ မီးစာကုန် ဆီခမ်းလို့အိုနာသေကြသည်။တချို့ကြတော့လည်းအရွယ်ကောင်းတုန်းမှာ ဥပစ္စေဒ ကံတွေနဲ့ ရေနစ်လို့သေကြတယ်
…ကားမှောက်လို့သေကြတယ် …သူများသတ်လို့သေကြတယ်… အမျိုးမျိုးပေါ့ … တချို့ကြပြန်တော့လည်း လူ့ဘဝဆိုတာဘာမှန်းတောင်မသိလိုက်ဘူး အမိဝမ်းက ကျွတ်တာနဲ့သေကြတယ် … အမိဝမ်းထဲမှာသေကြတယ် …အမေက ရက်ရက်စက်စက်ဖျတ်ချလို့သေကြပြန်သည်မှာလောကမှာများစွာရှိလှပေသည်။
လူ့ပြည်ကအပ်တစ်စင်းနဲ့ နတ်ပြည်ကအပ်တစ်စင်း အပ်ထိပ်ချင်းထိဖို့လွယ်ကူသည်။ လူ့ဘဝရဖို့ကားမလွယ်ကူလှဟု စာရေးသူဖတ်ဖူးပါသည်။ ကံကြီးလို့ရတဲ့ လူ့ဘဝကို တချို့က အဓိပ္ပယ်ရှိရှိ ဖြတ်သန်းသွားကြသလို တချို့ကြတော့လည်း အချည်းအနှီးနဲ့ပင် တန်ဖိုးရှိတဲ့လူ့ဘဝကို အဆုံးသတ်သွားကြပါသည်။
လောကတွင် အဓိပ္ပယ်ရှိတဲ့လူထက် အချည်းနီးလူတွေက ပိုများသည်ဆိုလျှင် စာဖတ်သူအနေနဲ့လက်ခံရပေမည်။
နာရေးယပ်တောင်ပေါ်က နာမည်လေးကို စာရေးသူ ရင်းရင်းနှီးနှီးသိပါသည်။ ကိုထွန်းအောင်တဲ့ အသက်က(၂၅ နှစ်)စာရေးသူတို့နှင့် မတိမ်းမယိမ်းပင် စာရေးသူနှင့် စတင်ရင်းနှီးကတည်းက ကိုထွန်းအောင်ကအကြမ်းလိုင်း(အရက်သမားကိုဆိုလိုတာပါ) ကိုထွန်းအောင်ကို စာရေးသူသတိထားမိတုန်းကသူ့မျတ်နှာနှင့် ဗိုက်သာဖောင်းပွနေပြီး လူက အရိုးပေါ်အရေးတင်…
စာရေးသူက အရက်ကိုလျှော့သောက်ဖို့ သတိပေးခဲ့ပေမဲ့သူက တော့ ဆေးဖြစ်ဝါးဖြစ်ပါဗျာ…ဆိုတဲ့ဆင်ခြေနဲ့အရက်ပုလင်းကို ရေမရောပဲ တစ်ခွပ်ပြီးတစ်ခွပ်သောက်နေသည်ကို စာရေးသူသတိထားခဲ့မိပါသည်။ ကိုထွန်းအောင်မှာ အရက်၏ကျေးကျွန်ဖြစ်နေပြီဆိုတာ စာရေးသူသိလိုက်ပါသည်။ အသက်၂၅ဆိုတာ ခွန်အားညဏ်အား အကောင်းဆုံးအရွယ် ဘဝအတွက် ရည်မှန်းချက်တွေ မျော်လင့်ချက်တွေ တတ်ကြွလန်းဆန်းနေရမည့်အရွယ်ဖြစ်သည်။ယခုတော့ လူ့ဘဝကို အချည်းအနီးအဆုံးသတ်သွားရှာသည်။
နှမျော်စရာကောင်းလေစွ… ကိုထွန်းအောင်တွင် ဇနီးမယားရှိ၏။ လောကအလယ်လူတစ်လုံးသူတစ်လုံးဖြစ်အောင် ပြုစုပျိုးထောင်ပေးရမဲ့ သားသမီးများလည်းရှိပါသည်။
အဲ့ဒီ့တာဝန်တွေကို လျစ်လျှုရှုပြီး ကိုထွန်းအောင်တစ်ယောက် အဘယ်ကြောင့်များပုလင်းထဲ ခေါင်းနစ်ပြီးဒူးထောက်အရှံးပေးသွားရသနည်း။
စာရေးသူ လေ့လာမိသလောက်ကတော့ ကိုထွန်းအောင်က အတန်းပညာကတစ်ပိုင်းတစ်စ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကတစ်ခါကျပြန် ဟော…အသက်ကလေး၂၁လောက်မှာ ကလေးအဖေဖြစ်ခဲ့ပြန်တယ် စာရေးသူနဲ့တွေ့တဲ့ အချိန်မှာတော့ ကိုထွန်းအောင်တို့လင်မယားမှာ ကလေးနှစ်ယောက်ရှိနေပါပြီ… ပညာကလဲ နိမ့်ကျ ဗဟုသုတကလဲမရှိရှာ နည်းပါးတဲ့ဝင်ငွေနဲ့ တဖြေးဖြေးမြင့်တတ်လာတဲ့ ကုန်ဈေးနှုန်းတွေကကိုထွန်းအောင်တို့မိသားစုအတွက် ကိုထွန်းအောင်ခမျာ မနိုင်ဝန် ထမ်းထားရတဲ့ ဝန်ထုပ်ဝန်ပိုးကြီးတွေဖြစ်နေပါတယ်…
ငွေကြေးက တစ်လနဲ့တစ်လက အဆင်မပြေပြန် လင်မယားနှစ်ယောက် တကျတ်ကျတ်များလိုက်တဲ့ စကား… ကိုထွန်းအောင်တို့ မိသားစု ထမင်းအိုးလေးမှာ တခါတလေ ညအတော်လေးမှောင်မှ တည်ပြီးစားရတဲ့အခါလည်းရှိပါတယ်… တစ်နေ့တစ်နေ့ ဝင်ငွေထွက်ငွေ မညီမျှတော့ ငွေပိုဆိုတာဝေးစွ… တစ်နေ့လုပ်တဲ့ နေ့စားဝင်ငွေက မိသားစုတစ်နေ့ဝမ်းရေးပင်အနိုင်နိုင်ရယ်… အဲ့တော့ ကိုထွန်းအောင်ရဲ့ စိတ်ထွက်ပေါက်က ညနေတိုင်းအရက်ဆိုင်ထိုင်တတ်လာတယ်…
အသူရာခင်းသောလမ်းကား အဘယ်မှာစိတ်ချမ်းမြေ့စွာရှိပါမည်လဲ…
ညနေတိုင်းလိုလို လင်မယားနှစ်ယောက်ရဲ့ ဆဲသံဆိုသံတွေ မိန်းမဖြစ်သူရဲ့အိုးခွက်ပန်းကန်တွေစောင့်ကြီးအောင့်ကြီးချသံတွေ… တစ်စ တစ်စ ကြီးထွားလာတဲ့ဒေါသတွေနဲ့ သူ့ကိုငါဆဲ ငါ့ကိုသူဆဲ မခံနိုင်တဲ့အဆုံး လင်မယားနှစ်ယောက်ထသတ်ကြပြန်ရော … တဝုန်းဝုန်းတဒိုင်းဒိုင်းနဲ့ အိမ်ပစ္စည်းလဲပြိုသံတွေ အိုးခွက်တွေ ခွမ်းခနဲ ခွမ်းခနဲ ရိုက်ခွဲသံတွေ ကလေးတွေရဲ့ အော်ငိုသံတွေ … ကျတ်သရေကင်းမဲ့စွာ ကြားနေ၊ မြင်နေရတဲ့ အဲ့ဒီ့အိမ်လေးဟာ … ပတ်ဝန်းကျင်အတွက်လဲအ ကျည်းတန်လွန်းသည်။ မိမိအတွက်ကြတော့လဲ မကောင်းဘူး မိသားစုအတွက်လဲ စိတ်မချမ်းမြေ့ဘူး… စိတ်ချမ်းမြေ့စရာမကောင်းတဲ့ အဲ့ဒီ့အရက်ရဲ့ နောက်ဆက်တွဲကတော့ … ငွေကိုယူသည်။ အချိန်ကိုယူသည် …ပြီးတော့ဘဝတွေကိုပါယူသည်။ …နောက်ဆုံးလူကိုပါယူပြန်ရော… အရက်ရဲ့နောက်ပိုင်းအဆုံးသတ်ကတော့ ကြွေချိန်မတန်ပဲကြွေလွင့်သွားကြတာပါပဲ…
သေဆုံးသွားတဲ့သူအတွက်ကတော့တစ်ပူအေးသွားပေမဲ့ ကျန်ရစ်တဲ့သူတွေမှာတော့ မငြိမ်းသော…မီးကိုရင်မှာပိုက်ထားရင်း လောကအလယ်မျတ်နှာငယ်စွာဖြတ်သန်းရချေဦးမည်။
အရက်၏ ဆိုးကျိုးများနှင့်ပတ်သတ်ခဲ့ဖူးသော …ဇတ်လမ်းပေါင်းများစွာ စာရေးသူ မြင်ခဲ့ ကြားခဲ့ တွေ့ခဲ့ဖူးပါသည်။… ထိုအထဲက မှ သင်ခန်းစာလဲရ ဆင်ခြင်စရာလဲ ကောင်းတဲ့ အရက်သမားတစ်ယောက်ရဲ့ ဖြစ်ရပ် ဇတ်လမ်းလေးကို စာဖတ်သူများ သင်ခန်းစာ ရစေရန် အလို့ငှာ ရေးသားတင်ပြလိုက်သည်။
၂၀၁၆…သြဂုတ်လ ကဟု စာရေးသူ ထင်မိပါသည်။
အချိန်တွေက တစ်နှစ်ဝန်းကျင်လောက်သာ ကြာသေးသော်လည်း စာရေးသူ ပြန်တွေးလိုက်လျှင် အရာအားလုံးဟာ မှတ်မှတ်ရရ ဖြစ်နေခဲ့မိပါသည်။ ရင်နာစရာလဲကောင်းပါ၏ ။
"!ရှင်ထင်တာတွေ လျှောက်ပြောမနေနဲ့"
!"ထင်တာမဟုတ်ဘူးကွမြင်တာ…မြင်တာ…"!
"!ရှင်မဟုတ်တမ်းကားတွေ လာမစွပ်စွဲနဲ့နော်!"
!"ဘာ…ငါက စွပ်စွဲတယ် …ဟုတ်လား…!မင်းတို့နှစ်ယောက်ကြားမှာ ငါက နွားကွ…နွား!…ဒီလောက်လက်ပူးလက်ကြပ်မိတာတောင်မှ မင်းက ဗြောင်လိမ်ချင်သေးတယ်!ကဲကွာ"
"!ဖြန်း!'
!ရှင်…ရှင်! ကျွန်မကို ရိုက်တယ်ဟုတ်လား!"
!အေး…ရိုက်တယ်ကွာ…ဘာဖြစ်လဲ!"
"!!ရှင်…ရှင် ကျွန်မအကြောင်းသိရမယ်… "!
!"သြော်…မင်းက လင်ငယ်အားကိုးနဲ့ ငါ့ကို ပြန်သတ်မယ်ပေါ့ ဟုတ်လား"!
"!ရှင်မဟုတ်တာတွေ လာမပြောနဲ့နော်…အဲ့ဒီ့လူတွေအားလုံးက ရှင်ခေါ်လာပြီးအိမ်မှာအရက်ဝိုင်းလာတည်တဲ့လူတွေကြီးပဲ မဟုတ်လား…!
!"အေး… ငါ့အအပေါင်းသင်းတွေက အရက်လေးသောက်တတ်တာက လွဲရင် အားလုံးခပ်အေးအေးပဲကွ …မင်းကိုက မနေတတ်မထိုင်တတ် ဖျတ်ဖျတ်ထနေတာ!"
"!ဟင်!" ရှင်…ဒါကျွန်မကို သတ်သတ်စော်ကားတာပဲ ရှင်နဲ့မပေါင်းဘူးကွာမယ်"!
!"အေး…ကွာ …ငါကလည်းကွာချင်နေတာ !"
"အဖေ …အမေ…"!
အချင်းများနေတဲ့ လင်မယားနှစ်ယောက်ရဲ့ အနောက်မှာတော့ အဖြူအစိမ်းအင်္ကျီလေးနဲ့ကလေးမလေးတစ်ယောက် လွယ်အိပ်ကလေးကို ပိုက်လို့ ထီးကလေးစောင်းထားတဲ့အသက်၁၅နှစ်သာရှိသေးတဲ့ သူတို့ရဲ့သမီးကြီး ကိုးတန်းကျောင်းသူမလေးဖြစ်ပါသည်။
အပျိုဖော်လည်းဝင်လာတော့ သူ့ခမျာ မိဘတွေ ရန်ပွဲကို ခဏခဏ ကြားနေ တွေ့နေရတော့ ရှက်ရှာမှာပေါ့။
ခုလည်း ကတောက်ကစ ဖြစ်နေတဲ့ မိဘနှစ်ပါးရဲ့အနောက်မှာ မျတ်ရည်ကြည်ဥ ပြီးငို ရှိက်နေရှာသည်။
မိဘတွေ ကတောက်ကစ ရန်ဖြစ်ပြီဆိုရင်တော့ …သားတွေသမီးတွေ စိတ်ဆင်းရဲရရှာသည်မှာ စာဖတ်သူလဲ သိပါလိမ့်မည်။
ကိုယ့်ဖက်က ကြည့်တော့ ကိုယ်အမှန် သူ့ဖက်က ကြည့်တော့သူအမှန် ဒါဆို ဒီပြသာနာမှာ တစ်ခုခုတော့ကွဲလွဲချက်ရှိရမည်ဖြစ်သည်။
စာရေးသူနဲ့ရင်းနှီးကတည်းက ကိုသိန်းမင်းက အသောက်အစား ရှိသည်။
နောက်ပြီးအပေါင်းသင်းလဲ အတော်လေးခုံမင်သူဖြစ်ပါသည် ။
ညနေခင်းဒါမှမဟုတ် အလုပ်နားရတဲ့အခါမျိုးဆိုရင်
သူတို့အိမ်မှာ အပေါင်းသင်းတွေနှင့် ဝိုင်းတစ်ဝိုင်းတော့ရှိနေသည်။
အဲ့ဒီ့လို ဝိုင်းထောင်ပြီဆိုရင် မိန်းမဖြစ်သူ မမာမာအောင်က အရက်ဝိုင်းအတွက် အမြည်းလုပ်ပေးရတော့တယ်။
အဲ… တစ်ခါတစ်လေ အပေါင်းသင်းတွေထဲက သောက်စားထားလို့ ခေါင်းမထောင်နိုင်တော့တဲ့သူဆိုရင် သူ့ရဲ့အိမ်မှာပဲ အိပ်လိုက်တာပဲ…
ဲ… အိမ်ကကျဉ်းကျဉ်းရယ်သာ…
ကိုသိန်းမင်းတို့ လင်မယားနှစ်ယောက်နဲ့ အငယ်ဆုံးနို့စို့ လေးနဲ့က ခန်းစီးလေးကာပြီးအိပ်ကြတယ်…
ဘုရားခန်းဖက်မှာတော့ သမီးကြီးနဲ့ သားအလတ်ကောင်လေးအိပ်ကြတယ်…
တကယ်လို့အဲ့လို ငမူးတွေ တစ်ယောက်ယောက်အိပ်ပြီဆိုရင်တော့ ကလေးမလေးနဲ့ အလတ်ကောင်လေးက မိဘတွေရဲ့ ခြေရင်းမှာ ကန့်လန့်လေး အိပ်ရရှာတယ်…
ကိုသိန်းမင်းနဲ့ ပေါင်းသင်းတဲ့ သူတွေထဲမှာ စရိုက်မျိုးစုံရှိလှတယ်။
အိမ်မှာပုလင်းတည်ပြီဆိုရင် သောက်စားကြရင်း အရည်မရ အဖတ်မရ စကားတွေဖောင်းပွအောင်ပြောတော့တာပဲ… အရက်သမားစကားဆိုတော့ ပညာသားတွေပါပေမဲ့လည်း အရက်သမားစကား အလကားဆိုသလိုပါပဲ အလကားတွေပါပဲ…
အဲ့ကြားထဲ… စရိုက်ဆိုးတဲ့ တချို့အပေါင်းသင်းတွေဆိုရင် အိမ်ပေါ်အရက်တတ်သောက်ရုံတင် မဟုတ်ဘူး…
မိန်းမဖြစ်သူကို ပါ ထိကပါး ရိကပါးလုပ်လာတတ်ကြတယ်…တခါတလေ မီးဖိုမှာအမြည်းလုပ်ပေးဖို့ကြော်လှော်နေတဲ့ အချိန်မှာ အနောက်ကနေ ခါးကို မတော်တစ ထိလိုက် တင်ပါးကို မတော်တစ ထိလိုက်နှင့် အရက်သမားမယားဆိုတော့ လက်တည့်စမ်းချင်ကြသည်။
မိန်းမဖြစ်သူက လင်သားကို ပြောပြန်ရင်လဲ ကိုယ့်လင်နဲ့ အရက်ဝိုင်းမှာ ပြသာနာ တစ်စုံတစ်ရာ ဖြစ်မှာစိုးရိမ်မိသည်။
ငြိမ်နေလေ အသင့်ရဲသည်ဆိုသလိုပါပဲ တခါတရံ ကျောင်းက ပြန်လာသည့် သမီးဖြစ်သူကိုပါ ငမူးတစ်ယောက်စ နှစ်ယောက်စ က မိဘ တွေအလစ်ခိုက် တင်ပါးထိလိုက် နောက်ကျောကိုမသိမသာပွတ်လိုက်နှင့်ထိကပါး ရိကပါးလုပ်သည်ဟု အမေဖြစ်သူကို ပြောပြသည်။
အဲ့တော့ အမေဖြစ်သူ မာမာအောင်က သမီးကြီးကို အရက်ဝိုင်းရှိနေရင် အပြင်ကိုရှောင်ခိုင်းတဲ့အထိဖြစ်လာတယ်…
လင်ဖြစ်သူကိုပြောပြပေမဲ့ …
!"မင်းတို့သာအနေထိုင်ဆင်ခြင်…"
ဆိုတဲ့ စကားနဲ့ သာအဆုံးသတ်သွားတော့မိန်းမ ဖြစ်သူက ဘာမှ ပြောလို့မရတော့ဘူး ကိုယ့်ကိုကိုယ်သာ ငမူးတွေနဲ့ ခပ်ကင်းကင်းဆင်ဆင်ခြင်ခြင်ရမှာပေါ့လို့စိတ်ထဲတွေးပြီး နေလိုက်တယ်…ဒါပေမဲ့လည်း ကိုယ့်လင်သားနဲ့ ပတ်သတ်နေတော့ အမြည်းလုပ်ပေးရ အရက်ဝယ်ပေးရနဲ့ မာမာအောင်ခမျာ မကင်းနိုင်ရှာပါဘူး…
လင်ဖြစ်သူကလဲ အပေါင်းသင်းမက်မောတော့။ အရင်ကတည်းက အထက်စီးနဲ့ ဆက်ဆံလာတဲ့ ကိုယ့်ရဲ့ဇနီးမယားရဲ့ စကားကို အရေးတယူမရှိတော့ဘူး…
မာမာအောင်ခမျာ စုပ်လည်းစူး၊ စားလည်းရူး ဆိုသလိုပါပဲ လင်ဆိုးမယား တဖါးဖါးဆိုသလို ဝဋ်ကြွေးရှိသမျှခံပေးဦးတော့…
ဒါပေမဲ့…………
ခုလို ငမူးတွေရဲ့ရိသဲ့သဲ့ပြုလုပ်မူ့တွေကို ကိုသိန်းမင်းအမှတ်မထင်မြင်တွေ့သွားတော့ ပြသာနာတွေဖြစ်လာတယ်… ကိုသိန်းမင်းရဲ့ စွပ်စွဲချက်တွေက ပြင်းထန်တာကြောင့် မာမာအောင်ရဲ့သိက္ခာတွေ အများပတ်ဝန်းကျင်အရှေ့မှာ ကျဆင်းခဲ့ရပြန်တယ်… ရှက်စိတ်နဲ့ဒေါသစိတ်ကြောင့် မာမာအောင် အငယ်ဆုံးသားလေးကို ခါးခွင်တင်ပြီး မိဘတွေရှိတဲ့ပထက်ကမ်းဖက်ကို အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်သွားတော့တယ်… စိတ်ဆိုးစိတ်ကောက်လို့ထွက်သွားတာဆိုတော့ အကြီးမလေးနဲ့ အလတ်ကောင်လေးကို ကျောင်းတစ်ဖက်နဲ့မို့ထားခဲ့မိတယ်…
ကိုသိန်းမင်းလည်း လင်မယားချင်းစကားများပြီးတာနဲ့ တားမနေဘူး သွားရာချင်သွားဆိုတဲ့သဘောမျိုးနဲ့ သူလဲ အိမ်ပေါ်ကနေ ရပ်ကွက်က အရက်ဆိုင်ကို ထွက်လာခဲ့တော့တယ်…
သမီးကြီးကတော့ သူ့အမေ စိတ်ဆိုးစိတ်ကောက်ရင် အနီးနားပတ်ဝန်းကျင်ကို သွားနေကြဆိုတော့ ပြန်လာမယ်ပဲထင်ခဲ့မိတယ်… ကလေးမလေးက ထမင်းအိုးလေးတည်ပြီး မောင်နှမနှစ်ယောက် ရေချိုးကြတယ် အစ်မကြီးတော့ အမိရာဆိုတော့ မောင်လေးကိုလဲ သူပဲရေမိုးချိုးသနပ်ခါးလိမ်းပေးတာပေါ့ဗျာ…
ဒီလိုနဲ့ ညနေစောင်းလောက်ကျတော့ ကိုသိန်းမင်းက အဖော်တစ်ယောက်ခေါ်လာတယ် …ကိုသိန်းမင်းလည်းအတော်လေးမူးနေပြီ…ခြေတွေတောင်ယိုင်လို့
အရက်သမားတို့မည်သည် ခေါင်းထောင်သ၍ သောက်နိုင်သည်ဆိုသလိုပါပဲ… ဆိုင်က ပါလာတဲ့ အရက်တစ်လုံးကို အိမ်ရောက်တော့ အဖော်နဲ့အတူထပ်သောက်ဖို့ပြင်ကြတယ်…
ကိုသိန်းမင်းက သမီးဖြစ်သူကို "နင့်အမေမလာသေးဘူးလား"လို့မေးလိုက်တယ်…
"မလာသေးဘူးအဖေ"
ကလေးမလေးက ပုဆစ်ထုပ်ထိုင်ရင်း ထဘီရင်လျားနဲ့သနပ်ခါးလိမ်းရင်းဖြေတယ်'"
!"အေ့…နင့်အမေ …ဗိုက်တာမ ပြန်မလာလဲကောင်းတယ်!ခု အိမ်မှာဘာရှိသေးလဲ"
"ဘာမှမရှိဘူးအဖေ"
!"နည်းနည်းရှာကြည့်စမ်းပါ ဟအိုးတွေခွက်တွေထဲကို"
နေ့လည်ကတည်းက အမေအိုးတွေခွက်တွေဆေးထားတယ် ဘာမှမရှိဘူးအဖေ"
ထိုအခါအတူသောက်ဖော် ဧည့်သည်ကမနေသာတဲ့အဆုံး
"ကဲသမီး ဘာမှရှာမနေနဲ့ရော့ ဦးနားက ပိုက်ဆံယူသွား ဟင်းနည်းနည်းဝယ်လာပေး ပိုတာသမီးတို့မုန့်ဝယ်စားလိုက်"
ကလေးတွေဆိုတော့ အားနာရကောင်းမှန်းလဲမသိရှာဘူး မုန့်ဖိုးရမည်ဆိုတော့ ဧည့်သည်ပေးတဲ့ ပိုက်ဆံလေးကို ယူပြီးရပ်ကွက်ထဲက ထမင်းဆိုင်မှာ ဟင်းသွားဝယ်ကြတယ် ပိုတာကိုတော့ မောင်နှမနှစ်ယောက်မုန့်တွေဝယ်ပြီးပြန်လာခဲ့တယ်…
အဲ့ဒီ့လို နဲ့အရက်တစ်လုံးကို နှစ်ယောက်သားဖက်သောက်လိုက် စကားပြောလိုက်နဲ့ အချိန်က ညရှစ်နာရီအထိရောက်လာတယ်… ကိုသိန်းမင်းလည်းခေါင်းမထူနိုင်တော့ဘူး… ဧည့်သည်လဲ စားပွဲခုံမှာ ခေါင်းတင်ရင်းမှောက်နေပြီ…
ကလေးနှစ်ယောက်က သူ့တို့အမေ လာနိုးနိုး လာနိုးနိုးနေနဲ့ ဝရံတာဖက် ခေါင်းလေးပြူပြီးမျော်နေရှာတယ်…
ဒါပေမဲ့ အချိန်တွေသာ တဖြေးဖြေးမှောင်လာတယ် အမေ့ရဲ့ အရိပ်ယောင်ကို မတွေ့မိကြဘူး…
ညဆယ်နာရီထိုး ရပ်ကွက် မီးသတ်တဲ့ အခါကျတော့မှ မောင်နှမနှစ်ယောက် အိမ်တံခါးလေးပိတ်ပြီး အရက်ဝိုင်းမှာလဲနေတဲ့ အဖေဖြစ်သူကို မောင်နှမနှစ်ယောက် မနိုင်တနိုင် မ'ပြီး သူတို့မိဘတွေ အိပ်ရာထဲ ကို ဆွဲသွင်းကြတယ်…
ဧည့်သည်ကိုတော့ လဲနေတဲ့နေရာမှာပဲ စောင်ကလေးလွှာပေးထားလိုက်တယ်… မောင်နှမနှစ်ယောက်ကတော့ အဖေ့ရဲ့ ခြေရင်းမှာပဲ အိပ်စက်ကြတော့တယ်…
…ဒီလိုနဲ့ ညသန်းခေါင်းကျော်လောက် အချိန်မှာတော့ သူမရဲ့ ခန္ဓာကိုယ်ကို တစ်ခုခုက တတ်ဖိထားပြီး ဖမ်းချုပ်ထားသလိုမျိုးခံစားလိုက်ရတယ်…
သူမရဲ့ ခန္ဓာကိုယ် အောက်ခြေမှာ ထမီမရှိတော့ဘူး…ကြောက်ကလည်းကြောက်အမှောင်ထဲမှာ အော်ဟစ်အကူညီတောင်းမည်ပြုလိုက်တော့ … သူမရဲ့ နှုတ်ခမ်းနှစ်လွှာကို လက်ကြမ်းကြမ်းကြီးတစ်စုံက အတင်းအကြပ်ပိတ်ဆို့ထားတယ်…
!အု"
"အု!…အု!"
ခြေထောက်နဲ့ ရုန်းကန်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့…အချည်းအနည်းသာ…
"နင်အော်တာနဲ့ငါနင့်ကိုသတ်ပစ်မှာ ဒီမှာဓါးတွေ့လား စမ်းကြည့်!…
တိုးဖွဖွ ခြိမ်းခြောက်သံကို လူစိမ်းဆီကကြားလိုက်ရတယ်…
ကလေးမလေးမှာ ရုန်းကန်၍လည်းမရ အော်မည်ဆိုတော့လည်း နှုတ်ခမ်းနှစ်လွှာကို အတင်းကြပ်ပိတ်ဆို့ထားတာကြောင့် မည်သို့မျှ မယဉ်နိုင်တော့ပဲ…
နာကျင်မူ့ကို အံကြိတ်၍ ယုတ်မာကောက်ကျစ်သောကျားဆိုးတစ်ကောင်ရဲ့ခံတွင်းမှာသက်ဆင်းခဲ့ရလေတော့သည်။
နံနက်မိုးသောက်အလင်းရောက်တော့ …ကိုသိန်းမင်းလွှာထားတဲ့စောင်ထည်ကို ခွာပြီးငုတ်တုတ် ထထိုင်လိုက်တယ်… ခြေရင်းတွင်တရှံ့ရှံ့ရှိက်ငင်နေတဲ့သမီးနဲ့ အစ်မဖြစ်သူကို ငူငိုင်ငိုင်ကြီးကြည့်နေတဲ့သားကိုလည်းတွေ့လိုက်ရတေယ်…
အစ ပထမတော့ သူ့အမေနဲ့ ရန်ဖြစ်လို့ အိမ်ပေါ်ကဆင်းသွားတာကို ငိုနေတာပဲလို့ ကိုသိန်းမင်း ထင်ခဲ့မိတယ်…
!"မနက်စောစောစီးစီးနင်က ဘာလို့ငိုနေတာလဲ "!
!"အဖေ…အဖေ…!
မျတ်ရည်အဝဲသားနဲ့ ဖခင်ဖြစ်သူရဲ့ ရင်ခွင်ထဲကို ပြေးဝင်လာတဲ့သမီးလေးမျတ်နှာကို ကိုသိန်းမင်း ဇဝေဇဝါ ဖြစ်စွာကြည့်လိုက်မိတယ်…
ထိုနောက် သမီးဖြစ်သူရဲ့ လက်ချောင်းတွေမှာ သွေးစက်အချို့စိုစွတ်နေတာကို ကိုသိန်းမင်မြင်လိုက်ရတော့ ……
!"သမီး ပြစမ်း…အဲ့ဒီ့လက်ကသွေးက ဘာဖြစ်တာလဲ…"
သမီးဖြစ်သူကို မေးလည်းမေး သွေးစက်အချို့ကို ကြည့်လိုက်တော့ …
သမီးရဲ့ ထဘီအနားစမှာသွေးစက်အချို့ စောစောကသမီးထိုင်ထားတဲ့နေရာမှာလဲ သွေးကွက်ကြီး နှစ်ကွက်ကို ထပ်မံတွေ့ရပြန်တယ်…
အစကတော့ သမီးဖြစ်သူ အမျိုးသမီးဓမ္မတာဟုထင်မိသေးသည်။ဒါပေမဲ့သမီးရဲ့မျတ်ရည်နဲ့အတူတရှိက်ရှိက်ထွက်ကျလာတဲ့ စကားလုံးတွေကြောင့် တဒင်္ဂသတိလက်လွတ်ဖြစ်မိသွားသည်။
"ည…ညက… ညက…အဖေနဲ့အတူတူအရက်သောက်တဲ့ဦးလေး…သမီး…သမီးကို…?…? သွားတယ်…"
!"ဘာ!'
အော်သံနဲ့အတူကိုသိန်းမင်းတစ်ယောက် မီးဖိုချောင်က ဓားမကိုပြေးဆွဲတော့သည်။… မနက်စောစောစီးစီးကိုသိန်းမင်းရဲ့ ကျယ်လောင်စွာ ထွက်လာတဲ့ အသံကြောင့် အိမ်နီးနား ပတ်ဝန်းကျင်က နားစွံ့နေကြသည်။
!ပြော…စမ်း…ပြောစမ်း…ဘာ…ငါ့ကိုပြန်ပြောစမ်းပါ…
!"တောက်!'ကွာ! ခွေးမသား!
ကိုသိန်းမင်းဒေါသတွေကို မထိန်းနိုင်တော့ပဲ ဓါးမ တစ်လတ်နဲ့ ရပ်ကွက်လမ်းထဲ ထွက်လာတော့ ဟိုလူက ကိုသိန်းမင်းကို ဘာဖြစ်တာလဲမေး ဒီလူက ဘာဖြစ်တာလဲ မေးကြသည်။ [စပ်စုချင်ကြသည်မှာလူ့သဘာဝမဟုတ်ပါလော]
ကိုသိန်းမင်းတစ်ယောက် ဓါးမ တစ်ကိုင်ကိုင်နဲ့ ရပ်ကွက်အရက်ဆိုင်ကိုဒေါသတကြီး ရောက်လာပြန်တယ်…ဆိုင်က မဖွင့်သေးဘူးဆိုင်ရှင်နဲ့တွေ့တယ် … ညက သူနဲ့ပါလာတဲ့လူကိုမေးတော့… ဆိုင်ရှင်က မလာဘူး ဘာပြသာနာဖြစ်ပြန်ပြီလဲမေးတယ်… ကိုသိန်းမင်းမဖြေဘူး နှုတ်ဆိတ်ပြီးတော့ ထွက်သွားတယ်… ကိုသိန်းမင်းက အရက်မသောက်ထားလို့လားမသိဘူး တခုခုကို စူးစူးစိုက်စိုက်တွေးတောပြီး… စာရေးသူဆီ ရောက်လာတယ်… အဲ…သူ့သမီးကြီးလည်းပါလာတယ်…စာရေးသူတို့သူငယ်ချင်းတစ်စုနဲ့သူတို့ မိသားစုနဲ့ကလည်းအတော်တန်ခင်မင်ကြတယ်လေ။
သူတို့နေတဲ အိမ်နဲ့ စာရေးသူတို့ ငှားနေတဲ့အခန်းကသိပ်မဝေးပါ။
!'"ကိုနေမျိုး"
စာရေးသူဆီ ရောက်လာတော့ ကိုသိန်းမင်း မျတ်နှာ တစ်ခုခုကို မျိုသိပ်ထားသလိုပဲ …
"သြော်…လာလေ ကိုသိန်းမင်း အိမ်ပေါ်တတ်ပါဦး …
" မတတ်တော့ဘူး ကိုနေမျိုး… ကျွန်တော့်သူ့တို့အမေကို ဖုန်းဆက်ချင်လို့ … "
"သြော်…ရပါတယ်…ခဏလေးနော် ကိုသိန်းမင်း"
စာရေးသူလည်း ကမန်းကတန်းအိမ်ပေါ်တတ် စားပွဲခုံပေါ်က စာရေးသူရဲ့ ဖုန်းစုတ်ကလေးကို ယူ၍ ကိုသိန်းမင်းကို ပေးလိုက်ပါသည်။
ရံဖန် ရံခါ ကိုသိန်းမင်းတို့ မိသားစုက စာရေးသူဆီမှာ ဖုန်းအခမဲ့ လာလာဆက်ကြပါတယ်…သူတို့မှာတော့ ဖုန်းလေးတွေအရင်က ရှိပါတယ် ပျတ်လို့ ၊ပျောက်လို့၊ ဈေးကြီးလို့ဆိုပြီး ထပ်မဝယ်တော့တာပါ။
ကိုသိန်းမင်းက စာရေးသူနဲ့ ခပ်လှမ်းလှမ်းကို သွားပြီး ဖုန်းကို တီးတိုးတီးတိုးပြောဆိုနေပါတယ်။
ကိုသိန်းမင်းရဲ့ သမီးအကြီးမလေးက စာရေးသူနဲ့မနီးမဝေးမှာ မျတ်ရည်အရွဲသားနှင့်တွေ့ရပါသည်။
စာရေးသူလဲ သူ့အဖေရိုက်ထားတယ်လို့ပဲ ရိုးရိုးလေးတွေးမိလိုက်ပါသည်။
စက္ကန့်၃၀လောက်ပဲ ကြာမည်ထင်သည်။
ကိုသိန်းမင်းလက်ထဲက ဖုန်းလေး စာရေးသူလက်ထဲကို လာပြန်ပေးပါသည်။
"ခဏလေးနော် ကိုနေမျိုး သူ့အမေကို ဖုန်းသွားပေးနေလို့ ခဏမှ ပြန်ခေါ်ပေးလိုက်မယ်တဲ့"!
"ဟောဗျာ ကိုသိန်းမင်းရယ်…"… ရပါတယ်ဗျာ…ပြောစရာလူတွေမှ မဟုတ်ပဲ ဆက်ပါ…ဆက်ပါ…"
ကိုသိန်းမင်းရဲ့ မျတ်နာကြီးက မသောက်ထားပေမဲ့လဲ နီရဲတွတ်နေပါသည်။
မျတ်နှာပြင်ဟာ အရင်နေ့တွေကထက် အပြုံးအရယ်နည်းပြီး တည်ငြိမ်နေတာကို တွေ့ရပါသည်။
တစ်ခဏလောက်သာကြာမည်ထင်သည်။
စာရေးသူလက်ထဲက ဖုန်းလေးမြည်လာတာနှင့် နံပတ်စိမ်းဖြစ်နေတာကြောင့် ကိုသိန်းမင်းကို ပေးလိုက်ပါသည်။
စောစောကလိုပင် ကိုသိန်းမင်းက ဖုန်းကို ယူ၍ စာရေးသူနှင့် ခပ်လှမ်းလှမ်းမှာ အသံကို နှိမ့်ချည် မြင့်ချည်ဖြင့် ပြောနေပြန်သည်။
ထိုနောက် ဖုန်းပြောပြီးသည်နှင့် စာရေးသူုကို ကျေးဇူးတင်စကားဆိုပြီး နှုတ်ဆတ်ကာ သားဖနှစ်ယောက် ထွက်သွားကြသည်။
စာရေးသူလဲ ထိုအကြောင်းရာကို ညနေမှသာ သိရပါတော့သည်။
မာမာအောင်ကို ဖုန်းဆက်တော့ အမျတ်ဒေါသထောင်းထောင်းထတဲ့ မျတ်နှာကြီးနဲ့အိမ်ကိုပြန်ရောက်လာပါသည်။
ကိုသိန်းမင်းက ရှက်ခြင်း၊ ဒေါသ ထွက်ခြင်း ကြောင့် ဘာလုပ်ရမှန်းမသိပဲ ထူပူနေပါတယ်။
မာမာအောင်က သမီးကို လက်ဆွဲပြီး ညက ဖြစ်တဲ့ အဖြစ်ပျတ်တွေကို ရပ်ကွက်လူကြီးအိမ်မှာ တိုင်တန်းသွားဖွင့်ပါတယ်။
ရပ်ကွက်လူကြီးကလဲ ဖြစ်ကြောင်းကုန်စင် က သက်ငယ်မုဒိမ်းမူ့ပမြောက်တာကြောင့် ရဲစခန်းကို အကြောင်းကြား ပြစ်မူ့ကျူးလွန်သူကို အမြန်ဖမ်းဆီးရမိဖို့ကြိုးစားခဲ့ပါသည်။
စာရေးသူလဲ ကြားကြားချင်း အရမ်းကို အံ့သြ သွားမိပါသည်။ ဤသတင်းမှာ ရပ်ကွက်ထဲမှာလဲ ဟိုးလေးတကြော်ကြော်ဖြစ်သွားခဲ့ပါသည်။
ကလေးမလေးက ပညာရေးတစ်ပိုင်းတစ်စနှင့် ဘဝက ပျတ်ခဲ့ရှာလေသည်။ ယူကြုံးမရဖြစ်မိပါ၏။
ဒီလိုနဲ့ နှစ်ရက်မြောက်နေ့မှာပဲ ပြစ်မူ့ကျူးလွန်သူကိုရပ်ကွက်က ဖမ်းဆီးရမိခဲ့ပါသည်။
ပြစ်မူ့ကျူးလွန်သူ အသိတစ်ယောက်၏ သတင်းပေးမူ့ကြောင့် ရပ်ကွက်က ကာလသားအချို့ က ငါးလေးလံအနီးက ဝါလပ်လှေတစ်စီးတွင် ဖမ်းဆီးရမိခဲ့သည်ဟု သိရပါသည်။
စာရေးသူတို့လည်း ပြစ်မူ့ကျူးလွန်သူကို ရပ်ကွက်လူကြီးအိမ်တွင် သွားကြည့်သည့်အခါ မျတ်နှာတစ်ခုလုံးမှာ ဖူးရောင်နေသည့် ပြစ်မူ့ကျူးလွန်သူအားတွေ့ရလေတော့သည်။ ဒါတောင် ကိုသိန်းမင်းက သတ်မယ်ကြီးတကဲကဲလုပ်နေလို့ ရပ်ကွက်လူကြီးများက ထိန်းထားရလေသည်။
ထိုသူမှာ
အသက်အားဖြင့် ၃၀လောက်ပင် ရှိလောက်သည်ဟု စာရေးသူခန့်မှန်းမိပါသည်။
နေ့လည်လောက်ကျတော့ ရဲစခန်းကို ပို့လိုက်သည်ဟု ကြားသိရပါသည်။
ပြီးသူက ပြီးသွားပေမဲ့ မပြီးသေးသည့်ဇတ်လမ်းကား ရှိသေးသည်။
ထိုအဖြစ်ပျတ်ကား ရပ်ကွက်ထဲတွင် ဟိုးလေးတကြော်ကြော်ဖြစ်ခဲ့တာကြောင့် အများသူငါ၏ ပါးစပ်ဖျားတွင် ကိုသိန်းမင်းတို့ သမီးလေးအကြောင်းအား သတင်းကြီးနေရှာသည်။
!'ဟုတ်ရဲ့လားဟယ်"
"!သနားပါတယ်ဟယ်…
"!မနေတတ် မထိုင်တတ်လို့ဖြစ်မှာပေါ့!"
ဆိုတဲ့ လူတကာရဲ့ နှုတ်ဖျားမှာကျောင်းသူုမလေးခမျာ ရှက်ရွံ့လွန်း၍ထင်သည် မခံစားနိုင်တော့ပဲ မိမိကိုယ်ကို ကြိုးဆွဲချ၍ အဆုံးစီရင် သွားလေတော့သည်။ စာရေးသူတို့လဲ စိတ်မကောင်းယုံမှတစ်ပါးမည်သို့မျှ မတတ်နိုင်ခဲ့ပါ။
ကလေးမလေးအလောင်းကို ဆေးရုံသယ်ကြတော့လည်း လူတွေရဲ့နှုတ်ဖျားမှာပြော၍ပင်မဆုံးနိုင်သေးပါ။
အသုဘ ပို့ပြန်တော့လည်း ထိုအကြောင်းက ကားထဲတွင် ပါလာတတ်သည်။
လူတွေဟာ သူတစ်ပါးအကြောင်းကို ပြောရသည်ကို ခံတွင်းတွေ့သလောက် မိမိအကြောင်းဆိုလျှင် အမျိုးမျိုးဖာထေး၍ပြောဆိုတတ်ကြသည်ဟုစာရေးသူ မှတ်ချက်ချမိလေသည်။
ကလေးမလေးသေဆုံးပြီး ၃ရက်မြောက်နေ့မှာပဲ မာမာအောင်က ကျန်ခဲ့တဲ့ သားလတ်နဲ့ အငယ်ဆုံးနို့စို့လေးကို ခေါ်ပြီး သူမတို့ရဲ့ မိဘတွေ အိမ်ကို အပြီးပြောင်းရွေ့သွားပါတော့သည်။
အိမ်တစ်လုံးထဲမှာ တစ်ဦးတည်း ကျန်ရစ်သူက ကိုသိန်းမင်းပေါ့… ကိုသိန်းမင်းကို စာရေးသူတို့ ကြည့်တဲ့အချိန်မှာ သူအတော်ပြောင်းလဲနေပါပြီ… အရက်ကိုတော့သူလုံးဝ မသောက်တော့ပါဘူး
ပိန်လှီနေတဲ့ လက်ချောင်းတွေ ချိုင့်ဝင်နေတဲ့ မျတ်ကွင်းတွေနဲ့အတူ အရက်ရဲ့ ဒဏ်ကို သူတစ်ဦးတည်းအိမ်တစ်လုံးထဲမှာ ကြိတ်မှိတ်ပြီးခံစားနေရရှာပါတယ်…
ရံဖန် ရံခါလည်း !"သမီး…သမီး…လို့ ယောင်ယမ်း၍ အော်နေရှာပါတယ်…
ကိုသိန်းမင်းရဲ့စိတ်တွေဟာ ပုံမှန်မဟုတ်တော့ပါဘူး…
တခါတလေ တငိုငို တရယ်ရယ်နင့် သမီးဖြစ်သူကိုလိုက်ခေါ်လို့"
!"အဖေမှားပါပြီ သမီးရယ်… အဖေ့ဆီ ပြန်လာပါနော်… အဖေ့ဆီပြန်လာပါ"
ဆက်လက်မျော်
Source
Plagiarism is the copying & pasting of others work without giving credit to the original author or artist. Plagiarized posts are considered spam.
Spam is discouraged by the community, and may result in action from the cheetah bot.
More information and tips on sharing content.
If you believe this comment is in error, please contact us in #disputes on Discord
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
http://showmypc.com/?ref=header