မိသားစုသည်သာ အချစ်ဆုံး
သင်သိပါသလား သင့်ကိုအချစ်ဆုံးက သင့်ရဲ့မိသားစုဆိုတာ။သင့်မိသားစုလောက် ဘယ်သူမှသင့်ကို မချစ်နိုင်ပါဘူး။ဘာဖြစ်လို့လဲ ဆိုတော့ သင်က သူတို့ရဲ့ မိသားစုဝင်မဟုတ်လို့ပါပဲ။အရေးကြီးကိစ္စတစ်ခု(သို့မဟုတ်)အရေးကြီး ပြသနာတစ်စုံတစ်ခုပေါ်လာရင် သင့်မိသားစုကသာ ဝိုင်းဝန်းဖြေရှင်းပေးကြပြီး၊ အခြားသူတွေကတော့ သင့်ကိုကူညီဖို့နေသာသာ ၊ရှောင်ဖယ်ဖို့ပဲ လုပ်ဆောင်ပါလိမ့်မယ်။
ဒါပေမဲ့ သင့်မိသားစုကတော့ သင့်ကိုရှောင်ဖယ်မှာမဟုတ်သလို၊အမြဲလိုလို သင့်အပေါ်ခွင့်လွတ်မေတ္တာထား ကူညီပါလိမ့်မယ်။ငယ်ငယ်က အမေပြောပြတဲ့ ကျနော်မှတ်မိသလောက် ပုံပြင်တစ်ပုဒ်ကိုပြောရမယ်ဆိုရင်.........တစ်ခါကပေါ့။ရွာတစ်ရွာမှာ ညီအကိုနှယောက်ရှိခဲ့ပါတယ်။အကိုက ညီကိုအရမ်းချစ်သလောက် ညီကတော့ အကိုကိုလုံးဝမချစ်သလို ၊သူ့သူငယ်ချင်းမျာတွေနဲ့ ပဲ အပြင်ထွက် အရက်သောက်ပျော်ပါးတာပေါ့။သူအကိုက ဆုံးမပေမဲ့နားမထောင် ၊နားမဝင်သလို ဂရုလဲမစိုက်ပါဘူး။ဒါပေမဲ့သူက အမဲလိုက်တဲ့အခါမှာ ကျွမ်းကျင်တဲ့ မုဆိုးတစ်ယောက်ပါ။ဒါပေမဲ့ သူအမဲလိုက်လို့ ရလာတဲ့ သားကောင်(တောဝက်၊သမင်၊ဒရယ်၊တောဆိတ်)တွေကိုလည်း သူအကိုမိသားစုဆီကို ဘယ်တော့မှ သွားမပေးသလို့၊သူ့သူငယ်ချင်းတွေနဲ့ ပဲသောက်စားပျော်ပါးပစ်ခဲ့ပါတယ်။သူ့အကိုကတော့ သူ့ညီမပေးပေမဲ့လည်း သူ့ညီအပေါ်စိတ်မဆိုးပါဘူး။ပတ်ဝန်းကျင်ပြောကြတယ်..."မင်းညီညကတောဝက်ရလာတယ်ဆို၊မင်းကို တစ်ပိသာလောက်လာမပေးဘူးလား"ပြောကြပေမဲ့ သူ့အကိုတော့ ဘာမှပြန်မပြောသလို စိတ်ဆိုးခြင်းလဲမရှိခဲ့ပါဘူး။ဒီလိုနဲ့ တစ်နေ့သူ့ညီဟာ သူရထားတဲ့ သားကောင်ကို သွားရောင်းပြီးပြန်အလာ လမ်းမှာ အဖိုးအိုတစ်ယောက်နဲ့တွေ့ပါရော။ထိုအခါ အဖိုးအိုက သူကိုခေါ်ပြီး" မင်းကမင်းအကို နဲ့အဆင်မပြေဖူးဆို၊သူပြောစကားတွေလည်းနားမထောင်ဘူး၊မင်းအကိုက ချစ်သလောက်မင်းက သူ့ကိုပြန်မချစ်ဘူး၊ပြီးတော့ မင်းအမြဲတန်း မင်းသူငယ်ချင်းတွေနဲ့ပဲပျော်ပါးသောက်စားတယ်၊အမဲလိုက်လို့ သားရဲတွေရလာရင်လဲ မင်းအကို ကိုအများကြီးမပေးနိုင်ရင်တောင် တစ်ပိသာလောက်ဖြစ်ဖြစ်တော့ မင်းပေးနိုင်ပါတယ်ခုတော့အဲ့လောက်တောင်မင်းက မပေးသလို အကုန်ပျော်ပါးသောက်စားပစ်တယ်။မင်းမိသားစုမှာ ဆိုလို့မင်းအကိုတစ်ယောက်ပဲရှိတာ မင်းသူ့ကိုမချစ်ရင် ဘယ်သူ့ကိုသွားချစ်မလဲ။မင်းသူငယ်ချင်းတွေကိုလားအဲ့လိုဆိုရင် မင်းမှားလိမ့်မယ်။မင်းသူငယ်ချင်းတွေက မင်းမှာငွေရှိလို့မင်းကိုပေါင်းနေတာ၊မင်းဒုက္ခရောက်တဲ့အခါ သူတို့က မင်းကိုကူညီမှာ မဟုတ်ဘူး။မင်းမယုံရင် ငါပေးတဲ့နည်းနဲ့ စမ်းတက်ကြည့်"လို့ အဖိုးအိုက အကြံပေးပြီးထွက်ခွာသွားလေသည်။
တစ်နေ့တွင် သူသည် အဖိုးအိုအကြံပေးတဲ့ နည်းအတိုင်းသူ့သူငယ်ချင်းသူ့ကိုချစ်မချစ်သိအောင်ဆောင်ရွက်မယ်လို့ဆုံးဖြတ်လိုက်လေတယ်။နောက်နေ့တွင် သူသည်တောထဲသို့ အမဲလိုက်ထွက်လေသည်။အမဲလိုက်တော်သောကြောင့် တစ်ခုနအတွင်း သမင်တစ်ကောင်ကို ပစ်နိုင်ခဲ့လေတယ်။ထိုအခါ သူသည် သမင်ကိုတောငပျောရွက်တွေနဲသေချာဖုံးထားပြီးရွာသို့ ပြန်ခဲ့လေသည်။ရွာရောက်သော အခါသူ့သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်ကိုသွားလေသည်။သူ့သူငယ်ချင်းအိမ်ရောက်သောအခါ သူ့သူငယ်ချင်းက"အမဲလိုက်ပြန်လာပြီးလား၊ဒီနေ့သာကောင်းမရလာဘူးလား"လို့မေးလေတယ်။ထိုအခါ သူဝမ်းနည်းစိတ်ပျက်သောလေသံဖြင့်"မဟုတ်ဘူးသူငယ်ချင်း၊ ဒီနေ့ငါတောထဲအမဲလိုက်ထွက်တာ မထင်မှတ်ပဲ လူတစ်ယောက်ကို သားကောင်အထင်နဲ့ မှားပစ်မိတာ ခုတော့ ဘယ်လိုလုပ်ရမလဲ မသိဘူး၊အဲ့တာမင်းအကူအညီလာတောင်းတာ၊ကူညီပေးနိုင်မလား "လို့ပြောတယ်။ထို့အခါ သူ့သူငယ်ချင်းက "ဟာ၊မင်းကိစ္စက ငါမကူညီပေးနိုင်ဘူး ၊ငါပါ ပက်သက်နေအုံးမယ်၊ငါအိမ်က အခုထွတ်သွား"ဆိုပြီး နင်ထုပ်လေသည်။ထိုအခါ သူသည် သူ့သူငယ်ချင်းရဲ့နောက်တစ်အိမ်ကိုထက်သွားလေသည်။ရောက်သောအခါအရင်အတိုင်း သူ့ပြောခဲ့သလိုပြေလေတယ်။ထိုအခါ အဲ့တစ်ယောက်လည်း မကူညီပေးနိုင်ဟုပြောပြီး နင်ထုပ်လေသည်။ဒီလိုနဲ့ တစ်ယောက်ပြီးတစ်ယောက် သူ့သူငယ်ချင်းတွေကို လိုက်ပြောသော်လည်း မကူညီတဲ့ အပြင် နင်ထုပ်ခံရလေသည်။ထိုအခါ သူသည် သူ့သူငယ်ချင်းများ၏ စိတ်နေသဘောထားကို သိရှိသွားလေသည်။ထို့ကြောင့် သူသည်သူ့အကို၏ စိတ်ထားကို သိချင်သောကြောင့် သူအကိုဆီသို့ သွားလေသည်။သူ့အကိုအိမ်သို့ရောက်သွားသောအခါ သူ့အကိုက မလာစဖူးလာတဲ့ ညီကိုကြည့်ပြီးမေးလေတယ်။သူညီက စိတ်ပျက်စွာဖြင့်"တောထဲသို့ အမဲလိုက်သွားရင်း မထင်မှတ်ပဲ လူတစ်ယောက်ကို သားကောင်အထင်နဲ့ မှားပစ်မိခဲ့ကြောင်း၊ခုအလောင်းကို ဖုံးထားကြောင်း"ပြောပြလေသည်။ထိုအခါ သူ့အကိုက ထိုင်ရာမှ ချက်ချင်းထာကာပေါက်တူးနဲဂေါ်ပြားကို ယူပြီးသူ့ကိုခေါ်ပြီး ရွာထဲမှ ထွက်ခွာသွားကြလေတယ်။တောထဲသို့ရောက်သောအခါ သူ့ညီပြောပြတဲ့အတိုင်း ဖုံးထားတဲ့ အလောင်းတစ်ခုကိုတွေ့လေတယ်။ထိုအခါ သူ့အကို ကအလောင်းကို ဖုံးထားတဲ့ ငပျောရွက်တွေကိုခွာလိုက်တဲ့ အခါ သူထင်သလို လူသေအလောင်း မဟုတ်ပဲ၊ သမင်သေအလောင်းဖြစ်နေလေတယ်။ ထိုအခါ သူညီက သူ့ အကိုကိုဖက်ပြီးငိုလေတယ်။"အကိုရေ..ညီလေးမှားပါတယ်၊အကိုစကားတွေကို မနားထောင်သလို၊ အကိုကိုဘယ်တော့မှ ဂရုမစိုက်ခဲ့လို့ ညီလေးတောင်းပန်ပါတယ်၊တကယ်တော့ ကိုယ်မိသားစု ညီအကိုထက် ဘယ်သူ့မှ ကိုယ့်ကိုမချစ်နိုင်ဘူး၊မကူညီနိုင်ဘူးဆိုတာ သိသွားပါပြီး"ဟုတောင်းပန်ရှာလေတယ်။ထိုအခါ သူ့အကို ကသူ့ညီအမြင်မှန်ရမှုကိုအလွန်ဝမ်းမြောက်ကြောင်း၊ညီလေးအပေါ် ဘယ်တော့မှစိတ်မဆိုးခဲ့ကြောင်း၊အမြဲတန်းခွင့်လွတ်ကြောင်းပြောပြီး ညီအကိုနှစ်ယောက် သမင်သေကိုထမ်းပြီး ရွာထဲသို့ ပြန်သွားလေတယ်။
ပုံပြင်လေးကတော့သည်လောက်ပါပဲ။ငယ်ငယ်ကမောင်နှတွေ တစ်ယောက်နဲ့ တစ်ယောက်မတည့်ကြရင် အမေကဆုံးမပြီး သည်ပုံပြင်လေးကိုပြောပြလေတယ်။ထိုကြောင့် ဒီပုံပြင်လေးအတိုင်း နင်တို့ ဒုက္ခရောက်ရင် ဘယ်သူမှ မကူညီပေးနိုင်ကြဘူး၊ နင်တို့မောင်နှမတွေပဲအချင်းချင်းပြန်ကူညီကြရမှာ၊ တာကြောင့် တစ်ယောက်နဲ့ တစ်ယောက် နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင်နေကြ လို့ အမြဲဆုံးမလေသည်။
ဤပုံပြင်လေးကို ဖက်ခြင်းဖြင့် ကျနော်တို့ ဒုက္ခရောက်ရင် မည်သူမှ ကိုယ်ကို မကူညီပေမဲ့ သင့်မိသားစုကတော့သင့်အပေါ် အမြဲကူညီနေခြင်းပါပဲ။ဒါကြောင့် သင့်မိသားစုပေါ် မချစ်ခြင်း၊ညီအကိုမောင်နှမ အပေါ် မနှစ်မျိုခြင်း၊မနှာလိုမှုတွေမထားရှိသင့်ပဲ ချစ်ချစ်ခင်ခင်နေကြစို့။
good
ဟုတ်
ရေးအသားကောင်းပါတယ်
ဟုတ်အကိုကြိုးစားလျက်ပါ
ရေးထားတာကောင်းပါတဗျာအောင်မြင်ပါစေ
ဟုတ်ကဲ့ပါ
ဟုတ်ပါတယ်
ဟုတ်ကဲ့
ကောင်းတယ်ဗျာ ခက်တာကျန်နော့မှာမိသားစုဆိုတာထက် အမေကိုက သားလိုက့်လက်မခံနိုင်တာခက်တယ်
တစ်ယောက်နဲ့တစ်ယောက်မတူပေမဲ့ fighting ပါ bro
ကောင်းပါတယ်ခင်ဗျာ