Mobile glasses Queen
ယူနန်ပြည်နယ်ရဲ့ တောရွာလေးတစ်ရွာကနေ အလယ်တန်းအဆင့်မှာ ကျောင်းစရိတ်မတတ်နိုင်လို့ ကျောင်းထွက် မြို့တက်ပြီး မှန်စက်ရုံမှာ အလုပ်လုပ်ခဲ့ရတဲ့ တောသူမလေးတစ်ယောက် ...။သူမနာမည်က ဂျိုကွမ်ဖီးတဲ့...။
စက်ရုံလုပ်သားအဖေဖြစ်သူက စက်ရုံမှာ မတော်တဆမှုတစ်ခုနဲ့ မျက်လုံးတွေမွဲပြီး လက်ချောင်းလေးတွေပြတ်ခဲ့ရတယ်။ သားတွေသမီးတွေရဲ့စားဝတ်နေရေးအတွက်တောင် အနိုင်နိုင်ရုန်းကန်နေရတဲ့ဖခင်က ဂျို တို့ကိုကျောင်းမထားနိုင်တော့ဘူး။ အိမ်စရိတ်အတွက်အလုပ်လုပ်ဖို့ ဂျိုက မြို့တက်အလုပ်ရှာတဲ့အခါ နာရီမှန်လေးတွေကို တိုက်ပေးရတဲ့ အောက်ဆုံးအဆင့်စက်ရုံအလုပ်သမလေး အဖြစ် အလုပ်ရပါတယ်။ တစ်ရက်အလုပ်ချိန်ဟာ ရှစ်နာရီမက အလုပ်လုပ်ကြမှ တစ်ရက် ကန်ငွေတစ်ဒေါ်လာပဲရပါတယ်။
ဂျိုတကယ်ဖြစ်ချင်တာက ဖက်ရှင်ဒီဇိုင်နာပါ။ဖြစ်နေတာကတော့ တစ်နေကုန် တစ်ခါတစ်လေ ညည့်နက်တဲ့အထိ အလုပ်လုပ်မှ တစ်ဒေါ်လာသာရတဲ့ အလုပ်။ ဂျိုက အဲ့ဒီအလုပ်ကို စိတ်မဝင်စားခဲ့ဘူး..။ ဒါကြောင့် သုံးလအကြာမှာ အလုပ်ထွက်ဖို့ ကြိုးစားတယ်။
စက်ရုံမှူးက သူတို့စက်ရုံကိုနည်းပညာသစ်တွေနဲ့ပြောင်းလဲ လုပ်တော့မှာ ဖြစ်လို့အလုပ်မထွက်ဖို့ ပြောပြီး ဂျိုကိုလည်း တခြားဌာနကို မန်နေဂျာရာထူးတိုးပြီး နေရာပြောင်းပေးလိုက်တယ်။
ဂျိုအလုပ်လုပ်တဲ့စက်ရုံဟာ စက်ရုံကြီးဖြစ်လို့လာပါပြီ။ဂျိုရဲ့လုပ်သက်ကလည်း သုံးနှစ်တောင်ရှိလာပြီကိုး။ ဂျိုကိုလည်း ညွှန်ကြားရေးမှူးရာထူးပေးမယ်လို့ စက်ရုံကကမ်းလှမ်းလာချိန်မှာ ဂျိုကတော့ မိုက်ရူးရဲဆန်စွာလို့ပြောရမလား. ညွှန်မှူးမလုပ်ပဲ အလုပ်ထွက်လိုက်ပါတော့တယ်။ညွှန်မှူးရာထူးကိုလက်မခံရခြင်းအကြောင်းအရင်းက ဂျိုက သူ့ဘာသာစက်ရုံထူထောင်ဖို့တဲ့ ။အြ့ဒီအချိန်သူမအသက်က ၂၂ နှစ်တဲ့ ။ သိပ်များရယ်စရာကောင်းနေမလားတော့မသိဘူးပေါ့..။
ဒါပေမဲ့ ဂျိုက သိပ်ရဲရင့်တယ်လို့ ဆိုရမယ်။ သူမ တကယ်ကိုလုပ်ခဲ့တာဖြစ်တယ်။ သူမလက်ထဲမှာ စုဆောင်းငွေ ကန်ဒေါ်လာ ၃၀၀၀ နဲ့ ဂျိုအရင်လုပ်ခဲ့တဲ့စက်ရုံဘေးနားမှာပဲ စက်ရုံလုပ်ဖို့ သာမန်အိမ်တစ်လုံးဝယ်ပြီး စက်အဟောင်းတွေ ပစ္စည်းအဟောင်းတွေကို ဝယ်ပြီး တပ်ဆင်လိုက်တယ်။တောရွာက ဂျိုရဲ့အမျိုးတွေ အချို့ကိုခေါ်ပြီးစက်ရုံမှာ လုပ်သားအဖြစ်ခန့်တယ်။
ဂျိုဟာ မှန်နည်းပညာစာအုပ်တွေကိုနေ့မနားညမနားဖတ်တယ် ။မှန်ပုံစံဒီဇိုင်းတွေ ဆွဲတယ်။ အသေးအဖွဲလေးတွေကအစ လုပ်ငန်းစီမံခန့်ခွဲမှုတွေကို သေချာလေ့လာတယ်။ စက်ပျက်ရင်တောင် ကိုယ်တိုင်ဝင်ပြင်တဲ့အထိ ဂျိုဟာ သိပ်ကိုကြိုးစားခဲ့တယ်။
ဂျိုရဲ့ကြိုးစားမှုရလဒ်က သိပ်မကြာခင်မှာပဲ သူမစက်ရုံကနေ မှန်အခုံးတွေ မှန်အခွက်တွေပါ ထုတ်လုပ်လာနိုင်တာပါပဲ။
၂၀၀၃ခုနှစ်မှာတော့ သူမရဲ့ ကြိုးစားမှုတွေကြောင့် ကံမျက်နှာပေးတဲ့အခွင့်အရေးတစ်ခုအဖြစ် ဖုန်းခေါ်ဆိုမှုတစ်ခုကို သူမ လက်ခံရရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံက Motorola တယ်လီဖုန်းကုမ္ပဏီရဲ့အမှုဆောင်အရာရှိဆီက ဖုန်းပါ။ အစင်းတွေ ခြစ်ရာတွေ မထင်နိုင်ဘဲနဲ့ အထဲက ရုပ်ပုံတွေ စာသားတွေကို ထွင်းဖောက်မြင်နိုင်တဲ့မှန်အကြည်မျိုး လုပ်ပေးနိုင်မလားတဲ့ ။သူတို့Motorolaဖုန်းရဲ့ နောက်ဆုံးထွက် Razr V3မှာတပ်ဆင်ဖို့ပါတဲ့.။အဆိုးဆုံးက စဉ်းစားချိန် မရှိ ချက်ချင်းဆုံးဖြတ်ပေးပါတဲ့..။ လုပ်မယ်ဆို လိုအပ်တဲ့ပစ္စည်းတွေပို့ပေးပြီး နည်းပညာကိုပါပေးမယ်တဲ့ ။ ဘာကြောင့်တရုတ်ပြည်က သူမကိုမှ လုပ်ခိုင်းရသလဲဆိုတော့ အလုပ်သမားခ သိပ်ကိုဈေးသက်သာလို့ပါတဲ့..။
ဂျိုလက်ခံလိုက်ပါတယ်..။
ကဲ ..ဂျိုရဲ့ လတ်တလောဆုံးဖြတ်ချက်ကမှန်ကန်ပါ့မလား..။ အလုပ်အပ်တာကို အထက်စီးကနေ အပ်သွားတဲ့ ဖုန်းကုမ္ပဏီအတွက် သူမတစ်ခါမှ မလုပ်ဖူးတဲ့ဖုန်းမှန်တွေကို လုပ်ပေးရတော့မယ်။
ဂျိုဟာ တကယ်ပဲ Motorola Razr V3အတွက် Screenတွေကို ထုတ်ပေးနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ ဂျိုရဲ့ ကံတွေက ကောင်းပြီးရင်းကောင်းလာပါတော့တယ်.။Motorolaနောက်ပိုင်းမှာ HTCတို့ Samsungတို့ Nokiaတို့လို့ ဖုန်းကုမ္ပဏီကြီးတွေက ဖုန်းစခရင်မှန်တွေကို အော်ဒါမှာလာကြတာပဲဖြစ်ပါတယ်..။
၂၀၀၇မှာတော့ တစ်ကမ္ဘာလုံးက လူသားအတော်များများက သိပ်ကြိုက်ကြတဲ့ ပန်းသီးတစ်ခြမ်းပဲ့ရဲ့ ရာဇဝင်ထဲမှာ ဂျိုလည်း လှလှပပ ကကြိုးဆင်ခွင့်ရလိုတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်..။ ဘာကြောင့်လဲဆိုတော့ I phoneရဲ့ စခရင်တွေကို ဂျိုရဲ့ကုမ္ပဏီက ထုတ်ပေးခွင့်ရလိုက်လို့ပါ..။ အိုင်ဖုန်းနဲ့ လက်တွဲလိုက်တာဟာ ငွေကြေးအမြတ်အစွန်း တစ်ခုထဲမကဘဲ ပါးလွှာလွန်းတဲ့ အဆင့်မြင့် မှန်ထုတ်လုပ်နည်းပညာကိုပါ ရလိုက်တာက ဂျိုရဲ့ ကုမ္ပဏီအတွက် ကြီးမားတဲ့ အမြတ်အစွန်းတစ်ခု ဖြစ်ခဲ့ပါတယ်..။
အိမ်စုတ်စုတ်ကလေးကနေ ဂျိုရဲ့ဆွေမျိုးလေးတွေကနေ စတင်ခဲ့တဲ့ Lens Technology ကုမ္ပဏီပေါက်စလေးဟာ အခုဆို နေရာအနှံ့အပြားမှာ စက်ရုံကြီးတွေအဖြစ်နေရာယူနေကြပါပြီ ..ဝန်ထမ်းအင်အားကလည်း ၇၅၀၀၀ ရှိနေပါပြီ..။နေ့စဉ် ၂၄ နာရီ စက်ရုံကိုလည်ပတ်ပြီး ကမ္ဘာအရပ်ရပ်က အီလက်ထရောနစ် ကုမ္ပဏီများစွာဆီကို မှန်ပြားလေးတွေ တစ်ရက် တစ်ရက် တန်နဲ့ချီ တင်ပို့နေရပါပြီ..။
ဟိုတုန်းက တောသူမလေး ဂျိုကွမ်ဖီးဆိုတဲ့ ကလေးမလေးဟာ အခုဆို ပိုင်ဆိုင်မှု ကန်ဒေါ်လာ ၇.၆ ဘီလီယံနဲ့ တရုတ်နိုင်ငံမှာ အချမ်းသာဆုံး မိန်းမတစ်ယောက်ဖြစ်နေပါပြီ..။ တရုတ်ပြည်မှာတော့ သူမကို " Queen of mobile Glass " မိုဘိုင်းမှန်ဘုရင်မ လို့ခေါ်ဆိုကြပါတယ် တဲ့..။
ရိုးသားကြိုးစားခဲ့လို့ အောင်မြင်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝက သိပ်ကျေနပ်အားရဖို့ကောင်းခဲ့တာမို့ ကျွန်တော်လည်း မိုဘိုင်းမှန်ဘုရင်မ ဂျိုကွမ်ဖီး အကြောင်းကို ပြန်လည် မျှဝေပေးလိုက်တာ ဖြစ်ပါတယ် ခင်ဗျား..။
SMT-14
smt-4
done
Smt-18
SMT 5
smt 17
Smt7
Smt20 done
SMT 8
SMT-15
smt12