ယုံကြည်ရာတွေမေးဖြေချင်ရာတွေဖြေ
အရပ်သားဘ၀ကနေ ရဲဝန်ထမ်းအဖြစ်တာဝန်ထမ်း
ရပြီဆိုရင် ပုခုံးပေါ် ၃ ပွင့်ရဘို့ဆိုတာ အတော်မလွယ်
တဲ့ကိစ္စပါ ၊ အသွင်ပြောင်းနဲ့ Jump Promotion
အချောင်ရလာသူဆိုရင်တော့ တစ်မျိုးပေါ့လေ ...
Credit:photo
ယခု ရဲမှုးကတော့ သူ့ပုခုံးပေါ်က ၃ ပွင့်ကို ရဲဝန်ထမ်း
လောကမှာ ၁၀ စုနှစ်တွေနဲ့ကျင်လည်ရင်းနှီးပြီးမှ
ရလာတယ်ဆိုတာတော့ပြောစရာမလိုပါ ။
ဒါကြောင့် သူလဲသူ့ အပွင့်လေးကို
နှမျှောမှာတော့ အသေအချာ ဘဲ ...
ဒါပေမဲ့ တိုင်းရင်းသားတစ်ဦးဖြစ်တဲ့အပြင် နဂိုလ်ပင်
ရင်းစိတ်ကိုက ရိုးသားတဲ့အခံရှိသူတစ်ဦးဖြစ်တော့
အမှန်တရားကို ရင်ထဲသိုဝှက်မထားနိုင်ဘူး ။ အဲ့ဒိ
တော့ တရားရုံးမှာ အမှန် အမှန်အတိုင်း ထောင်
ချောက်ဆင်ဖမ်းခဲ့တာပါဆိုပြီး ထွက်ဆိုသွား
ခဲ့တယ် ။ ဒါပေမဲ့ သူ့ရင်ထဲမှာ ရဲဝန်ထမ်း
တွေရဲ့ဘ၀တွေ ဘယ်လိုခံစားနေရတယ်
ဆိုတဲ့ အစိုင်အခဲရှိနေတာ သူပြောသွား
တဲ့စကားအရ သိနိုင်ပါတယ် ....
သူပြောသွားတဲ့စကားက ...
" ရဲတပ်ဖွဲ့ဝင်တွေလဲ့ သူ့အဆင့်အလိုက်နဲ့သူ
ဂုဏ်သိက္ခာဆိုတာ ရှိပါတယ် " တဲ့
ဒါလေးနဲ့ပက်သက်ပြီး နဲနဲပြောပြချင်ပါတယ် ...
ကျနော့သင်္ဘောမှာ AB လေးတစ်ယောက်ရှိတယ် ။
သူ့အဖေက စခန်းမူးဘ၀နဲ့ အငြိမ်းစားယူသွားတာ ။
ဘာကြောင့်သူ့အဖေအငြိမ်းစားယူသွားရတာလဲဆိုတာ
ဒီမှာမပြောတော့ဘူး ။ ကျနော်ပြောချင်တာက သူ့
အဖေထက်အဖြစ်ဆိုးတဲ့ ကိစ္စကိုပြောပြချင်တာ ...
ခရိုင်မှုးအသစ်ရောက်လာတယ် ။ အသွင်ပြောင်းနဲ့တဲ့ ။
သူ့ခရိုင်အတွင်းက မြို့နယ်မှုး စခန်းမှုးတွေနဲ့ မိတ်ဆက်
တွေ့ဆုံအစည်းအဝေးသဘောခေါ်ပါသတဲ့ ။ ဒါနဲ့ကျနော့
AB လေးအဖေနဲ့ သူ့မြို့နယ်မှုးတို့ ခရိုင်မှုးရဲ့အစည်းအ
ဝေးကိုသွားကြတယ်ဆိုပါစို့ ၊ အစည်းအဝေးမှာမြို့နယ်
အသီးသီးက မြို့နယ်မှုးစခန်းမှုးတွေက မိတ်ဆက်စကား
ပြောပြီး ကိုယ့်မြို့နယ်ရဲ့မှု့ခင်းအခြေအနေတွေကို ရှင်း
လင်းကြပေါ့လေ ၊ အဲ့ဒိမှာ သူတို့မြို့နယ်မှ မြို့နယ်မှုး
အလှည့်ရောက်တော့ ထ ပြီးအလေးပြု ၊ ဘယ်မြို့
နယ်က ဘယ်သူပါပေါ့ ၊ ဘာရာထူးပေါ့ စသဖြစ်
မိတ်ဆက်ရုံရှိသေး ...
ခရိုင်မှုးအသစ်က " နေအုန်းဗျ ၊ ခင်ဗျားတို့မြို့နယ်က
ကိစ္စတစ်ခု ကျုပ်ကိုအထက်က ပေးလိုက်တယ် " ဆိုပြီး
သူတို့မြို့နယ်မှာ နိုင်ငံရေးလုပ်နေတဲ့ ကျုရှင်ဆရာကိစ္စ
ကို မေးပါတယ် ။ တစ်ဆက်တည်း အဲ့ဒိဆရာကို ဖမ်း
ချုပ်ထားတယ်ဆိုတာ ဟုတ်သလားလို့မေးတော့ ...
" အဲ့ဒိလိုဖမ်းချုပ်ဘို့အတွက် ကျနော်ရမန်ယူထား
ပါတယ် " လို့မြို့နယ်မှုးကဖြေတဲ့အခါ ...
ခရိုင်မှုးအသစ် အကြီးအကျယ်
ဒေါသူပုန်ထပါလေရော...
ခင်ဗျားကို ဖမ်းချုပ်ထားခိုင်းတာ
ခင်ဗျားက ဘာကိစ္စရမန်ယူရတာလဲ ...
ကျုပ်တို့လိုချင်တာ လူမိအောင်ဖမ်းပြီး
အချုပ်ထဲ မရောက် ရောက်အောင်ထည့်ထားဘို့...
ဘာညာနဲ့ အကြီးအကျယ်ကောပါလေ ရော ...
သူကကောလေ မြို့နယ်မှုးလဲ ကြောက်လန့်ပြီး
ရမန်ယူထားပါတယ် အဘ ။ ရမန်ယူထားပါတယ်
ထက်ခါ ထက်ခါ ရှင်း ။ ရမန်ယူထားတယ်ဆိုတာ
ကြားလေ ခရိုင်မှုးအသစ်က ဒေါကန်လေ နဲ့
နောက်ဆုံး ...အနားခေါ်ပြီး ထိုးပါလေရော ဗျာ ။
မြို့နယ်အသီးသီးက စခန်းမှုး မြို့နယ်မှုးတွေအရှေ့မှာ
ကိုယ့်သားအရွယ်သာ သာရှိသူက အသလွတ်ထိုးတာ
ခံရတော့ မြို့နယ်မှုးလဲရှက်တာရော ကြောက်တာ
ရောနဲ့ ဘာမှပြန်မပြောရဲတော့ဘူး ။
အထိုးခံနေရတယ်...
အဲ့ဒိမှာ ခရိုင်မှုးအသစ်ရဲ့ ပီအေ ဒုရဲအုပ်တစ်ယောက်
ကအမြင်မတော်လို့ သူ့ဆရာခရိုင်မှုးကိုလာဆွဲ ပြီး
တိုးတိုးရှင်းပြရသတဲ့ ။ တရားခံတစ်ယောက်ကို
ဖမ်းရင် ၂၄ နာရီထက်ပိုချုပ်ထားခွင့်မရှိဘူး ။
ချုပ်ချင်တယ်ဆိုရင် တရားရုံးမှာ ချုပ်ရက်
ရမန်ယူရတယ် ။ အဲ့ဒါကို ရမန်ယူတယ်
ခေါ်တယ်အဘ ဆိုပြီး ရှင်းပြသတဲ့ ...
အဲ့ဒိတော့မှ ခရိုင်မှုးအသစ် ငနဲလဲ သဘောပေါက်င်္ပြး
မြို့နယ်မှုးကို ဆောရီဘဲဗျာ သွားပြန်ထိုင်လို့ရပါပြီ
ဆိုပြီးနေရမှာပြန်ထိုင်ခွင့်ပေးသတဲ့ ။ သူကတော့
လူအများရှေ့မှာ ကိုယ်ထိလက်ရောက် အဖေရွယ်
ကြီးကို ထိုးကြိတ်ပြီးမှ ဆောရီးနဲ့ ပြီးသွားတာ ...
ခံစားရတဲ့ လူ ( မြို့နယ်မှုး ) ကတော့
ရှက်လွန်းလို့ စခန်းပြန်ရောက်တာနဲ့ ထွက်စာတင်
ပြီး ရဲတပ်ဖွဲ့ကနေ တစ်ခါတည်းထွက်သွားပါလေရော...
ကျနော်ပြောချင်တာက
ယခု ရဲမှုးပြောတဲ့ ရဲတပ်ဖွဲ့မှာလဲ သူ့အဆင့်အလိုက်
သူ့ဂုဏ်သိက္ခာရှိပါတယ်ဆိုတာ အထက်ပါ ကျနော်
တင်ပြခဲ့တဲ့ကိစ္စမျိုးတွေနဲ့ များစွာဆက်စပ်နေမယ်
ဆိုတာ ပြောစရာမလိုဘူးထင်ပါတယ် ....
ရဲ လောကထဲကို ခပ်တည်တည်နဲ့ ရောက်လာပြီး
ယူထားတဲ့ရာထူးတောင်အားမနာ " ရမန် " တောင်
မသိတဲ့ကောင်က လက်ရှိအချိန်ထိ ရာထူးကြီးကြီး
နဲ့ တာဝန်ထမ်းဆောင်လျှက်ပါ တဲ့ ခင်ဗျားး ... ။
Sua Sponte .
right
Congratulations @naingyan! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of posts published
Click on any badge to view your own Board of Honor on SteemitBoard.
To support your work, I also upvoted your post!
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
Congratulations @naingyan! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
right
Congratulations @naingyan! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
Award for the number of upvotes
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
Do not miss the last post from @steemitboard:
Congratulations @naingyan! You received a personal award!
Click here to view your Board of Honor
Congratulations @naingyan! You received a personal award!
You can view your badges on your Steem Board and compare to others on the Steem Ranking
Vote for @Steemitboard as a witness to get one more award and increased upvotes!