အလွမ်းတမ်းချင်း
သရက်ပင် ကရလာတဲ့အမွေးနံ့တစ်ချို့ ရှုရှိုက်မိတယ်
ဪ.....နွေရောက်တော့မှာပါလား
အိမ့်ရှေ့ကတမာပင်ကြီးက လည်း အရွက်တွေကြွေလွင့်ပြီးလေမှာပျံဝဲနေတယ်
စိတ်ထဲမှာတော့ အတိတ်ကိုလွမ်းသလိုလို
အိမ်ထဲမှာစကားသံအချို့ ကြားမိတယ် ငါဝင်ကြည့်တော့
သူရောက်နေတယ်လေ.
ကြည့်စမ်းပါဦး.......သူအရမ်းပြောင်းလဲသွားတယ်
ငါ့ရဲ့ရင်ခုန်သံတွေ ၁၆ နှစ်အရွယ်ကလေးလေးတစ်ယောက်လိုပဲ
ရင်ထဲမှာ ဝုန်း...ဒိုင်း ကြဲသွားပြီ
ဒါ..သူ့ကိုချစ်တဲ့ ၄နှစ်တာ သံယောဇဉ်ကပိုခိုင်မြဲသွားပြီဆိုတဲ့အကြောင်း
သက်သေပဲ