မုန်း၍မဟူ အပိုင်း(၆၇)
မုန်း၍မဟူ အပိုင်း(၆၇)
ဝေဝေသည် မိခင်ထံ စာရေးပြီး ပြန်ဖတ်ကြည့်နေစဉ်
အိမ်ရှေ့၌ လူသံကြား၍ မော်ကြည့်လိုက်သည်။
စီးကရက်သံဘူးကို လက်တစ်ဖက်က ကိုင်ကာ ဦးထုပ်ကို ပိုက်လျက်
အိမ်ထဲသို့ စိုက်စိုက်ဝင်လာသော ဦးစောဟန်ကို မြင်၍ ရုတ်တရက် ငေးနေမိသည်။
"ဦး ရှိသလား ..."
ဦးစောဟန်သည် တံခါးဝ၌ ရပ်လျက် လှမ်းမေးကြည့်သည်။
မျက်လုံးများသည် ကြည့်သာကြည့်ရသည်။
ရဲရဲတင်းတင်းမကြည့်ရဲပေ။
နေရာမှထကာ
"ရှိပါတယ်၊ ဝင်ပါ" ဟု ဖိတ်ခေါ်လိုက်သည်။
အပိုင်း (၆၈)ဆက်ရန်