Rubik tube ဆက်လို့ ရပြီ
ကျွန်တော်ငယ်ငယ်က မလုပ်နိုင်ခဲ့တဲ့ အရာတွေ အတော်များခဲ့ပါတယ်။ ငယ်ငယ်တုန်းက သူများတွေ ကွန်ပါဘူး လှလှလေးကိုင်ရင် ကျွန်တော် မကိုင်နိုင်ပါဘူး။ အဲဒီအစား သံနဲ့လုပ်ထားတဲ့ ကွန်ပါဘူးတွေပဲ ကိုင်ရပါတယ်။ ဒါမှလဲ အကြမ်းခံပြီးတော့ ရေရှည်သုံးလို့ရမှာ ဖြစ်ပါတယ်။ တစ်ခါတစ်လေတော့ ကျောင်းကပေးတဲ့ ကွန်ပါဘူး အနီကို သုံးရပါတယ်။ အခုခေတ်မှာတော့ ကိုယ်ကြိုက်တဲ့ ကွန်ပါဘူးကို ဝယ်လို့ရနေပါပြီ။ ဒါပေမဲ့ ကိုယ့်အတွက်မှ မလိုတော့တာ။

Image Source
Rubik tube ကိုလဲ အဲဒီလိုပါပဲ။ ငယ်စဉ်က လက်လှမ်းမှီခဲ့ပါဘူး။ ခြောက်တန်း တက်တုန်းကနဲ့ တူတယ်။ သူငယ်ချင်းတစ်ယောက်က rubik tube နဲ့ ကစားနေတာတွေ့တယ်။ ကိုယ့်မှာတော့ အထူးအဆန်းပေါ့လေ။ ဒါလေးက အတော်စိတ်ဝင်စားဖို့ ကောင်းတာပဲလို့ စိတ်ထဲက တွေးမိပါတယ်။ ဒါပေမဲ့လဲ မေ့ပစ်လိုက်ရတာပေါ့။ ကိုယ်မတတ်နိုင်တာ မလုပ်နိုင်တာတွေက အများကြီးရယ် အကုန်လုံးကို လိုက်ခံစားနေရင် ဘယ်လို ရှေ့ဆက်ရပါတော့မလဲ။
အခုအချိန်မှာတော့ rubik tube ကို ပိုင်ဆိုင်နေသလို ခြောက်ဖက်စလုံး အရောင်တူအောင်လဲ ကစားတတ်နေပါပြီ။
ကစားကြဦးမလားဗျ။ ဒီဂိမ်းကတော့ ပိုက်ဆံမရပါဘူး။ ပိုက်ဆံလဲ မကုန်ဘူးပေါ့။
ကျွန်တော်လည်း ဒီဂိမ်းလေးဆော့ချင်ခဲ့ဘူးတယ်
ဆော့ကြည့်လိုက် ဘရို။ ကောင်းတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ခက်မယ်ထင်တဲ့ အရာတွေက အခုခေတ်မှာ အလွယ်တကူ ရနေပြီပဲလေ။
မကစားတတ်သေးဘူးဗျ။ ဘယ်လို မှ သဘောမပေါက်တာ ။ အကုန်ဖြုတ် ပြန်တပ်မှ အရောင် ညီတော့တယ်။ 😀
ပိုစ့်ရေးတင် ပေးဦးမယ် မကစားတတ်ခင်သာ ခက်တာပါ။ ကစားတတ်တော့လဲ လွယ်လွယ်လေးပဲ။
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
ကစားတော့ ကစားဖူးတယ်။အရောင်တူအောင်ထိတော့ မရခဲ့ဘူး။နောက်ပိုင်းလည်း rubik tube လေးက ပျောက်သွားတော့ အရောင်တူအောင်ထိတော့ မလုပ်ဖြစ်တော့ပါဘူးလေ။
ပြန်ဝယ်လိုက်လေ။ ဈေးက သိပ်မရှိပါဘူး။ ၁၅၀၀ လောက်နဲ့ ရတယ်။
ခုတော့ ကစားချင်စိတ် မရှိတော့လို့ ပြန်မဝယ်ဖြစ်တော့ဘူးအကို။
Posted using Partiko Android
ဆန်ကြယ်ပ ဒါကို မရ ရအောင် ထိုင်ဆော့ နာလား ဟယ်
အိမ်က ကလေးဆို စက္ကန့် ပိုင်းအတွင်း ရ
အဲ နာတော့ ငယ်ကတည်းက ဆော့တာ ခုထိမရ
ဆော့တတ်ပါတယ်။အခုတော့ မေ့နေပြီဗျ။သူငယ်ချင်းတစ်ယောက်ကတော့ စာရွက်နဲ့ကို တစ်ဆင့်ချင်းမှတ်ထားတာ။ကိုယ်ကမမှတ်ထားတော့ မေ့နေလောက်ပြီ။
Posted using Partiko Android