ရေတွင်မပျော်သောငါး
တပို့တွဲလပြည့်ကျော်သော်လည်း နှင်းတို့ မြူ တို့ မှုန်လို့ကောင်းနေဆဲ။ အမြတ်နိုးဆုံးအရာတစ်ခုကို လွှတ်မချ ရသေးခင် ကျ စ်ကျ စ်ပါအောင် ထွေးပွေ့ထားသကဲ့သို့ အအေးဓာတ်ကလည်း ဝန်းကျ င်တစ်ခွင်လုံးကို သိမ်းကြုံးလွှမ်းမိုးထားလျှ က်။
ဒါပေမယ့် မမြဲတဲ့ အနိစ္စသဘောက တစ်ပင်လုံးနီနေအောင် လက်ပံတွေကို ပွင့်ပြလိုက်ရင်း. . . မင်းရဲ့ ဂဏ္ဍပြီးဆုံးတော့မယ် . . . ဟု နှင်းထုကို နှုတ်ဆက်လို့နေချေ ပြီ။
အနှီလက်ပံပင်အောက်တွင် အသက် ၁၃နှစ်ခန့်ရှိသော ကောင်လေးတစ်ယောက်နှင့် ၁၁ နှစ်ခန့်ရှိသော ကောင်မလေးတစ်ယောက် . . . လက်ပံပွင့်အကြွေများကို ကောက်နေကြလေသည်။ ကောင်လေးမှာ စက်သူဌေးကြီး ဦးဘအောင်၏ တစ်ဦးတည်းသော သားလှရတနာလေး မောင်အောင်သက် ဖြစ်ပြီး . . ကောင်မလေးမှာမူ ခိုင်ဖြူ ဟု အမည်ရလျှ က် စက်စာရေး ဦးခိုင်ကျော်၏ ပြစ်မငြီးသော ချ စ်သမီးလေးပင် ဖြစ်လေတော့သည်။
” ကိုကိုသက် ဒီနှစ် လက်ပံတွေ ပွင့်တာ ပိုစောသလိုပဲနော် ”
” ထင်လို့ပါ ဖြူ လေးရဲ့ ။ မနှစ်ကလည်း ဒီအချိန်ပဲ စပွင့်တာလေ ”
” ဟုတ်လား . . ဖြူ လေးက သေခြာမမှတ်မိဘူးရယ်။ ဒါနဲ့ အန်တီမြက ဖြူ လေးတို့ကို ဒီပန်းတွေ ဘာလို့ကောက်ခိုင်းတာလဲဟင်။ မွှေးလည်းမမွှေးဘူး။ စားလို့လည်း ရလားမသိ မရလားမသိ ”
” မေမေက ဒီပန်းခြောက်တွေကို ဆေးဖော်တယ်။ ဘာဆေးလည်း ဆိုတာ ကိုကိုလည်းမသိဘူး။ တကယ်တော့ ကိုကိုသက်လည်း ဒီပန်းတွေကို စိတ်မဝင်စားဘူး။ ဒါပေမယ့် ဒါတွေကောက်ပေးရင် ကိုကိုတို့ မုန့်ဖိုးရတယ်လေ။ အဲ့ဒီတော့ ကောက်ဖို့က ကိုကိုတို့တာဝန်ပဲ။ ကျ န်တာ မေမေ့ဘာသာ စားပဲစားစား ဆေးပဲဖေါ်ဖေါ် ကိုကိုတို့နဲ့မဆိုင်ဘူးရယ် ဟဲ ဟဲ ”
” ခစ် ခစ် ခစ် ကိုကိုကတော့လုပ်ပြီ။ မုန့်ဖိုးရလည်း သူက သူများလို စုမထားဘဲ ဂိမ်းတွေပဲ သွား သွားနှိပ်နေပြီးတော့ ”
” အောက်မယ် ကိုကိုဂိမ်းနှိပ်ပြစ်တာချ ည်းမပြောပါနဲ့ ဖြူ လေးကကော. . . စုထားပြီး နဲနဲများလာရင် အင်္ကျီတွေ အရုပ်တွေ ဝယ်ပြစ်တာမဟုတ်လား ဟားးး ဟားး ဟားး ”
” ဟိ ဟိ ဒါ ဒါကတော့ ကိုကိုရယ် သူများက မိန်းခလေးပဲ လှချ င်တာပေါ့လို့ ”
” ဟွန့် ကောင်မလေး ဒီအရွယ်ကတည်းက ဒီလောက်လှချ င်နေတာ ကြီးလာရင် မလွယ်ဘူး ”
” အို . . ကိုကိုကလည်း ဘာမလွယ်ရမှာလည်း။ အခုပဲဖြစ်ဖြစ် အသက်တွေကြီးလာလို့ လူကြီးတွေဖြစ်သွားရင်ပဲဖြစ်ဖြစ် ဖြူ လေးဟာ ကိုကို့ရဲ့ ဖြူ လေးပါပဲရှင့် . . .”
” ဟုတ်ပါပြီ ဖြူ လေးရယ် . . ကိုကိုက စတာပါ။ ကိုကိုတို့ ဒီအတိုင်းအမြဲ မခွဲပဲနေကြမယ်နော် ”
” ကိုကိုသက်ရဲ့သဘောဟာ . . ဖြူ လေးရဲ့သဘောပါပဲ ကိုကိုသက်ရယ်။ ဖြူ လေးတို့ ဘယ်တော့မှမခွဲဘူး ”
နေမြင့်လာသည်နှင့်အမျှ အပူရှိန်ကတစ်ဆထက်တစ်ဆ မြင့် တက်လာချေ ပြီ။ ဘယ်ဆီကမှန်းမသိသော ဥသြငှက်ကလေးက အသံသာသာတေးဆိုရင်း နွေကိုကြို ဆိုနေလေ၏။
တောင်းလေးထဲ၌ လက်ပံပွင့်လေးများပြည့်နှက်နေပြီဖြစ်သဖြင့် ကောင်လေးနှင့် ကောင်မလေးလည်း အနှီတောင်းလေးကို တစ်ဖက်တစ်ချ က်ဆွဲကာ အိမ်မကြီးရှိရာဆီသို့ အတူတူပြန်ခဲ့ကြလေတော့သည်။
.
.
.
” ဒီမှာ ကိုခိုင်ကျော် . . ကျု ပ်အပေါ်မရိုးမသားလုပ်တာလောက် ကျု ပ် ဒေါသထွက်တာမရှိဘူး ”
” ဆြာရယ် ဒီကိစ္စကို ကျ တော်တကယ်မသိတာပါ။ ဒီကောင် ပျောက်သွားပြီး သုံးလေးရက်ကြာမှ မသင်ကာတာနဲ့ စပါးဖိုးငွေတွေကို စစ်ကြည့်လိုက်တော့ လျော့နေမှန်းသိရတာ ”
” ကျု ပ်ကို ခင်ဗျားလာမှ လိမ်ဖို့မကြိုးစားနဲ့။ ခင်ဗျားနဲ့ ဌေးသန်း ခုတလော တစ်တွဲတွဲလုပ်နေကြတာ တစ်စက်လုံးသိတယ်။ ပြီးတော့ ဌေးသန်းပျောက်မသွားခင် အရက်ဆိုင်မှာ ခဗျားနဲ့အတူတူထိုင်ပြီး တစ်ခုခုတိုင်ပင်နေကြတာကို မြင်တဲ့သူကမြင်လို့ ကျု ပ်ကိုသတင်းပေးပြီးသွားပြီ။
ငွေလေးသိန်း ၅၀ . . ၆၀ က ကျု ပ်အတွက်ဘာမှ ဖြစ်မသွားပါဘူး။ အေးး ဒါပေမယ့် ကျု ပ်ပေးလို့ကျွေးလို့ လူမွေးသူမွေးပြောင်လာပြီး ဒီလိုအခြေအနေရောက်လာတဲ့ လူတွေက ကျု ပ်ကိုပြန်နှပ်ချ ဖို့ကြံတာကို ကျု ပ်မခံချ င်ဆုံးဘဲ ရှင်းလား ”
” ဒီလိုတော့ မပြောသင့်ပါဘူး ဆြာရယ်။ ကျ တော်ကြိုးစားပမ်းစား မိတ်သစ်တွေရှာ . . . နယ်တွေကို စပ်ဟပ်ပေး . . ဈေးကွက်တွေထိုးဖေါက်ထားတာကြောင့် ဆြာတို့ တိုးတက်သင့်သလောက်တိုးတက်ခဲ့တာပဲလေ။ ခုဟာက ကျ တော်ကစာရေး. . ဌေးသန်းက လက်ထောက်စာရေး။ စာရေးနဲ့ လက်ထောက်စာရေးတို့ စာရင်းဇယားလုပ်ကြကိုင်ကြရင်း တတွဲတွဲဖြစ်တာ ဆန်းသလားဗျ ။
ဒါပေမယ့် သူ့ရဲ့အတွင်းစိတ် ဘယ်လိုရှိမလဲတော့ ကျ တော်စေခြာဘယ်သိပါ့မလဲ။ ဆြာ ဒီကောင့်ကို ယုံကြည်ခဲ့သလိုပဲ ကျ တော်လည်း လုပ်ဖော်ကိုင်ဖက်အချ င်းချ င်း ယုံကြည်ခဲ့မိတာ။ ပြီးတော့ အရက်ဆိုင်မှာ ဒီကောင်နဲ့ ကျ တော်တိုင်ပင်နေတယ်ဆိုတာ လုံးဝမဟုတ်ဘူး။ ကျ တော် အရက်ကိုသောက်ဖို့မပြောနဲ့ အနံ့တောင်မခံနိုင်ဘူးဆိုတာ ဆြာလည်းသိပါတယ်။