OK
OK.....✌🏻✌🏻✌🏻
လူ ဆိုတာမျိုးက မတူတာကို အတူထင်ပြီး အသိနဲ စွာ တန်းညှိ တတ်ကြပါတယ်..
မဖြစ်စလောက် လေး အလိုဆန္ဒ လေး ပြည့်ဝသွားရင် ငါဘာလဲ သူဘာလဲ ဆိုတာ မမြင်တတ်တော့ဘူး ..
ကိုယ့်IQ နဲ့ ကိုယ့် EQ ကိုဘဲ သုးံသပ် နေဖို့ လိုတယ်..
သူတစ်ပါး ကို စိတ်ဝင်စား ပြီး လိုက်မယှဉ် သင့်ဘူး ...
အဓိက ကိုယ့်ခြံ ကိုယ် လုံဖို့ ကိုယ်ခြေ ကိုယ်မြဲ ဖို့ ကိုယ့် အနာဂါတ် တောက်ပဖို့ ..ကိုယ့် ဘဝစာမျက်နှာ လှပဖို့ သာ ဂရုစိုက်သင့်တယ်...
သူမကောင်းပြောလို့ ကိုယ်လည်းသူ့ မကောင်းကြောင်း လိုက်ပြောရတာပါဆိုရင် ကိုယ်လည်း သူ့ လို အတင်းသမား ဖြစ်သွားမယ် စိတ်ဓါတ် ညံ့ ဖျင်း သူ ဖြစ်မယ်..
သူ့ စကားကို ကိုယ့်စကားမဖြစ်အောင် ရှောင်ကြဉ်နေကြပါ..
ခြေမ မကောင်း ခြေမဖျက်လိုက်ပါ ခြေမတစ်ချောင်း..
မကောင်းလို့ လူခန္နာကိုယ်တစ်ခုလုံးက
မကောင်းဖြစ်မသွားပါဘူး.....
နေရာတိုင်းမှာ ကောင်းသူရှိ့သကဲ့သို
မကောင်းသူဟူ၍လည်း ရှိ့ကောင်း ရှိ့နိုင်ပေသည်...
ကိုယ့်အကြောင်း မဟုတ်အဟုတ် ချဲ့ ကားပြောတာကြားရင် မကြားယောင်ပြု ပြီးနေလိုက်..ပါ
သူ့ ကြောင့်ကိုယ့်ကြောင့်နဲ့ အငြင်းပွားရန်ဖြစ်ရတာ ရှက်စရာကောင်းပါတယ်..
မပြည့်တဲ့ အိုး ဘောင်ဘင်ခတ် တတ်တယ် ဆိုတဲ့ စကား အလကား ပြဌါန်း ထားတာ လက်ခံ ထားတာ မဟုတ်ဘူး ဒီလို လူမျိုးတွေနဲ့ ကြုံဆုံ တွေ့ရတိုင်း ထုတ်သုးံ ပြု ဖို့ ထားခြင်းဖြစ်ပါတယ်..(ရေတွင်းထဲက ဖားတေ အတွက် ပါ)
သူက ပညာပြလို့ ကိုယ်လည်း ကိုယ်ဇ ကိုပြရတာပါဆိုရင် ကိုယ်လည်း သူ့ လို လှောင်ရယ်စရာ ခံရလိမ့်မယ်
အတတ်နိုင်ဆုံး ကိုယ့်ဒေါသကို ကိုယ်ထိန်းချုပ်ပါ..
ဘယ်သူ့ ကြောင့် ကိုယ့်မှာ မပူလောင်ပါစေနဲ့...
သူပေးတဲ့ အမှိုက်ထုပ်ကို ကိုယ်စိတ်ထဲ အလေးခံသိမ်းဆည်းမနေပါနဲ့...
ကိုယ့်စိတ်ကို ပူလောင်စေတာလည်း ကိုယ်ပါ
အေးချမ်းစေတာကလည်း ကိုယ်သာမို့
ကိုယ့်ကိုယ်ကို ဆင်ခြင်နေထိုင်တတ်ပါမှ စိတ်အေးချမ်းမှုရပါလိမ့်မည်...