ကိုယ်သည်သာ တုပြိုင်စရာ
လူတိုင်းမှာ ကိုယ့်ကိုယ်ကို ပြန်လွမ်းတတ်တဲ့ အချိန်ရှိပါသလား ?
ကျွန်မမှာတော့ ကိုယ့်ကိုယ်ကို ပြန်လွမ်းရတဲ့ အချိန်တွေ ရှိပါတယ်.
ဟိုးတစ်ချိန်က ဆံပင်ရှည်ရှည် နဲ့ ကောင်မလေး တစ်ယောက်ကို ပေါ့.နံနက်မိုးသောက် အလင်းရောက် ...
သူ့စိတ်နိုးထချိန် ပထမဆုံးသတိရဖို့က ...
' ကိုယ် ' ဖြစ်ဖို့ထက် ...
အနန္တော အနန္တ ငါးပါးကို သူ အာရုံပြုဖြစ်တတ်ဖို့က ...
ကိုယ့်တာဝန်ဖြစ်လာတယ် ...
သူ့တစ်နေ့တာမှာ ...
' ကိုယ် ' က သူ့စိတ်နှလုံးကိုစိုးမိုးဖို့ထက် ...
သူ လောဘ ဒေါသ မောဟ မာန အတ္တ နည်း...
ကုသိုလ်စိတ်တွေဖြစ်နေဖို့က ...
ကိုယ့်ဆန္ဒဖြစ်လာတယ် ...
သူ့ညစဉ်အိပ်စက်ချိန်တိုင်း ...
' ကိုယ့် ' ကို သူအိမ်မက်ထဲမက်ဖို့ထက် ...
သူ စိတ်နှလုံးသားငြိမ်းအေးခြင်းနဲ့ သောကကင်းကင်း ...
နှစ်ခြိုက်စွာအိပ်ပျော်စေဖို့က ...
ကိုယ့်တောင့်တဆုံးအရာဖြစ်လာတယ် ...
သူ့ကောင်းမွန်တဲ့ စိတ်နှလုံးသားမှာ ...
' ကိုယ့် ' အတွက် သူလုပ်ပေးချင်တာတွေထက် ...
ပရဟိတစိတ်ပွားများ အများကောင်းကျိုး ... သူပိုရှေးရှု သူလုပ်ပေးဖို့က ...
ကိုယ်သူ့အတွက် ဖြည့်ဆည်းပေးဆပ်နိုင်သမျှ ဖြည့်ဆည်းပေးဆပ်ဖို့ဖြစ်လာတယ် ...
သူ့အသည်းနှလုံးမှာ ...
' ကိုယ့် ' ကိုတွယ်ငြိ ... သံယောဇဉ်ရစ်သထက်ရစ်ဖို့ထက် ...
' ကိုယ့် ' ပေါ်တွယ်တာမှုတွေသူဖြတ်နိုင် ...
သံသရာဝဋ်ဆင်းရဲမှ ကျွတ်လွတ်ရာ ...
သူ ကျင့်ကြံကြိုးစားအားထုတ်ဖို့က ...
ကိုယ်သူ့အတွက် ပါရမီဖြည့်ဖို့ဖြစ်လာတယ် ...
ကိုယ် စိန် ရွှေ ငွေ လည်းမလိုပါဘူး ...
ဘာကြီးဖြစ်ရမယ်လည်း မရည်မှန်းပါဘူး ...
ကိုယ့် အတ္တ နဲ့ မာန ပြာချ ...
ကိုယ့်ကိုယ်ကိုဆိုတာထက် ...
သူ့သံသရာအတွက် ကုသိုလ်ကောင်းမှုရိက္ခာတွေ သူကြိုးစားသယ်ယူနိုင်စေဖို့က ...
ကိုယ့်ရည်မှန်းချက် ...
ကိုယ့်ချစ်ခြင်းမေတ္တာဘဲဆိုပါရစေတော့ ...
ဤစိတ်ဆန္ဒအမှန်တိုင်တည် သစ္စာဆိုတယ် ...
သူ့အတွက် ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာရည်မှန်းချက်ပြည့် ...
သူလေး အေးချမ်း ...
သံသရာအတွက်ကုသိုလ်ကောင်းမှု ကောင်းကျိုးချမ်းသာရိက္ခာများ ...
သူလေးလေ သယ်ယူနိုင်ပါစေသား ...


Congratulations! This post has been upvoted from the communal account, @minnowsupport, by k018 from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.