လူတိုင်းဖြစ်တဲ့စိတ်
သတ္တိရှိတယ်ဆိုတာ မကြောက်တတ်တာကိုပြောတာ
မဟုတ်ဘူး။ အဲ့ဒီအကြောက်တရားကိုရင်ဆိုင်ဖြတ်ကျော်
ပြီး ကိုယ်လုပ်ရမယ့် အလုပ်ကိုပြီးဆုံးအောင်လုပ်ရဲတာကို
သတ္တိရှိတယ်လို့ခေါ်ပါတယ်
မကြောက်တတ်တဲ့လူ ဒီကမ္ဘာလောကကြီးမှာ ရှိချင်မှရှိပါ
လိမ့်မယ်။
သေရမှာကိုမကြောက်ရင်တောင် ဆုံးရှုံးရမှာကို
ကြောက်တတ်ကြပါတယ်။
တစ်နည်း မဟုတ် တစ်နည်းကြောက်တတ်ကြပါ
တယ်။
အချို့က ကြောက်တာ
ကိုမဖော်ပြကြတာပဲ ရှိပါတယ်။
ကြောက်တာဟာ ရှက်စရာမဟုတ်ပါဘူး။ အကြောက် မလွန်ဖို့ပဲ အရေးကြီးတာပါ။ မကြောက်တတ်အောင် လုပ်ယူလို့မရပါဘူး။ အကြောက်တရားကိုပဲဖြတ်ကျော် လို့ရပါတယ်။
တစ်ခုတော့ သတိရပါ။ အကြောက်လွန်နေရင်တော့
ဘယ်တော့မှ ဘဝမှာ မအောင်မြင်နိုင်ပါဘူး။ ကြောက်တဲ့အရာကို ဖြတ်ကျော်နိုင်မှ သင်လိုချင်တဲ့ ပန်းတိုင်ကိုရောက်ရှိမှာ ဖြစ်ပါတယ်။
လူတချို့ကို အရမ်းဂရုမစိုက်ပါနဲ့။
အရာတချို့ကို အရမ်းအလေးမထားပါနဲ့။ ကံတရားကို အကောင်းဆုံးစိတ်ထားနဲ့ ရင်ဆိုင်နိုင်ဖို့ကြိုးစားပါ။
လောကကြီးဟာ အမြဲ မမျှတနိုင်ပါဘူး။ ကိုယ်ပိုအလေးထားတဲ့ လူ၊ ကိုယ်ပိုတန်ဖိုးထားတဲ့ အရာဝတ္ထုရှေ့မှာ ကိုယ်ဟာအမြဲတန်ဖိုးကျရလို့ပါပဲ။
အားလုံးပဲ ကြောက်တဲ့အရာတွေကို သတ္တိရှိရှိဖြတ်ကျော်
ပြီး မိမိအလိုရှိတဲ့ ပန်းတိုင်ကိုအရောက်လှမ်းနိုင်ကြပါစေ။
"Save the cheerleader, save the world."