For You

in #esteem6 years ago

မင်း အရမ်းအားငယ်​တဲ့အခါ

ကို့ကို သတိရ​ပေးပါ

မင်းအတွက်​ အား​ဆေးတစ်​ခွက်​ဖြစ်​ချင်​လို့ပါ



မင်း စိတ်​ညစ်​စရာ​တွေ ပြည့်​နှက်​​နေတဲ့အခါ

ငါ့ရင်​ခွင်​ကို အမှတ်​ရ​ပေးပါ

မင်း အတွက်​ ​နွေး​ထွေးလုံခြုံမှု​တွေ ဖန်​ဆင်း​ပေးချင်​လို့ပါ



မင်း အနမ်း​တွေ ခဏ​လောက်​ ​သော့ခတ်​ထား​ပေးပါ

ငါ့ပါးပြင်​က မင်းနဲ့​တွေ့တဲ့အချိန်​တိုင်း

မင်းစိတ်​ကြည်​နူးမှုရ​စေမယ့်​ အား​ဖြည့်​​ဆေး

ဖြစ်​​စေချင်​လို့ပါ



မင်း အရမ်းလွမ်း​နေတဲ့အခါ

ငါ တို့ဖြတ်​သန်းခဲ့ဖူးတဲ့ အမှတ်​တရ​လေး​တွေသတိရ​ပေးပါ

ငါ့ရဲ့ အ​ငွေ့အသက်​​တွေက မင်းရဲ့ အလွမ်း​တွေကို

ဖြေ​လျော့​ပေးနိုင်​တဲ့ ​ဖြေ​ဆေးဖြစ်​ချင်​လို့ပါ



မင်း မျက်​ရည်​ကျချင်​လာတဲ့အခါ

ကို့လက်​​တွေကို သတိရ​ပေးပါ

မင်းရဲ့ မျက်​ရည်​က ငါ့အတွက်​အဆိပ်​ဖြစ်​​ပေမယ့်

မင်းမျက်​ရည်​သုတ်​​ပေးတဲ့ လက်​​တွေကလည်း

ကိုတစ်​​ယောက်​တည်း ဖြစ်​ချင်​လို့ပါ



သူဆိုတာ

တကယ်​​တော့ ကိုယ့်​ရင်​ဘတ်​ထဲက

အစားထိုးမရတဲ့ အ​ဖော်​မွန်​​ကောင်းတစ်​​ယောက်​ပါပဲ

Sort:  

@resteemator is a new bot casting votes for its followers. Follow @resteemator and vote this comment to increase your chance to be voted in the future!