ငါ့အ​ကြောင်းနဲ့ ငါ့ကံ

in #esteem7 years ago

" အဆီအဆိမ့်​နဲ့ ခပ်​ကျဲကျဲ ရိုးတံ "

လိုအပ်​တာထက်​ ပိုပြီး ​သေဆုံးပစ်​လိုက်​ဖို့​ကောင်း​​လောက်​အောင်​ ​လက်​တံရှည်​မှာ လက်​သည်းချွန်​​တွေပါတဲ့ သတ္တဝါ​တွေကြားထဲမှာ ပုရွက်​ဆိတ်​​လေး တစ်​​ကောင်​ ဖြစ်​​နေရတာကပဲ စိတ်​ချမ်းသာပါတယ်​​လေ...
ခပ်​ကျက်​ကျက်​ ညက်​​နေပြီးသား မာယာပြုကျမ်းထူကြီး​တွေကို ​ရေးသားသီကုံးထားကြတဲ့ လက်​​တော်​တို့ဆီကို မ​ရောက်​တတ်​​တော့တဲ့ သူငယ်​တန်းဖတ်​စာမှာ လျှာလိပ်​​နေရတာကပဲ ​အေးချမ်းပါတယ်​​လေ...
မျက်​ဝန်းကျယ်​ကျယ်​ စကားလုံး​ဖွေး​ဖွေး​တွေနဲ့ ကြဲပက်​​နေကြတဲ့ လက်​စုတ်​ဖွား​တွေဆီက​နေ ကပ်​စီးတဲ့ လျှာဖျား​တွေဆီက​ရဲ့ ရွံရှာဖွယ်​ သက်​ရှိဖြစ်​ရတာ ​ကောင်းသလား မ​ကောင်းသလား မသိ...
ခြေလက်​မရှိ မျက်​စိ​တွေကိုပါ သိုဝှက်​လို့ ကိုယ့်​ဝပ်​ကျင်းအတွင်းမှာပဲ...လုံခြုံ​နေတဲ့ လှိုဏ်​သံကျယ်​မှုမျိုးနဲ့ပဲ
တောင်​ပံ​တွေ ပြန်​မ​ပေါက်​ချင်​​တော့....
အဖြူ​ရောင်​မာယာ​တွေရဲ့ ​မှော်​မျက်​ဝန်း​တွေ​နောက်​မှာ ပြကွက်​​တွေ ဆန်း​နေကြပြီလား...
ငါ့ကိုယ်​ငါ ကန်း​နေရတာက လှည့်​စားမှုမရှိ​တော့ဘူး....
လက်​ကြားယိုရင်း သွားရည်​တမြှားမြှားနဲ့ ဆာ​လောင်​​နေတတ်​ကြသူ​တွေရဲ့ နှလုံးသား​တွေက ပတ်​ကြားအက်​​နေကြပြီ....
ဦး​နှောက်​​တွေလည်း မှို​ပေါက်​​နေကြပြီ...
အဲ့ဒီအရာ​တွေနဲ့ ဆန့်​ကျင်​လို့ ငါက အရူးမို့ ​ဘေးထွက်​ရပ်​ ​ကျောခိုင်းပြီး မျက်​စိမှိတ်​ နားပိတ်​လို့ ပြုံးပစ်​လိုက်​တယ်​.....
ငါ့ကမ္ဘာငယ်​နဲ့ငါ...
ငါ့​လောကနဲ့ငါ......
ရောဂါကူး​ဆေး လှလှ​လေး​တွေရဲ့ ဆွဲ​ဆောင်​မှု​နောက်​မှာ လုယက်​ဖို့ အားမရှိတဲ့တဲ့ ငါက ကံ​ဆိုးတာလည်း ဖြစ်​နိုင်​တယ်​....
ငါ့ကိုယ်​ငါဆီက အချို့အရာ​တွေကို ဖြတ်​ညှပ် ဆက်​တပ်​ဆင်​ပြီး ​လောကထဲ တိုးဝင်​ရတာ ငါ့ကိုယ်​ငါ​တောင်​ အတုအ​ယောင်​​တွေများ သထက်​များ...
ဒါ​ပေမယ့်​ အဲ့ဒီအရာ​တွေနဲ့ ​နေသားကျတတ်​​နေခဲ့ပြီ...ငါ ချစ်​တယ်​...ငါကြိုက်​တယ်​....

ရှင်းရှင်း​လေး ​ပြောရရင်
ငါ......
မိုက်​မဲလွန်း​နေတယ်​....
အဲ့ဒီ မိုက်​မဲမှုကိုပဲ....
ငါ
ပျော်​ဝင်​....နှစ်​သက်​......။ ။

I'm ATM.
MSU 021
Photo crd
image