mind

in #esteem-awesome7 years ago

ကြေငြာပါရစေ ခုတက်လာတဲ့ စာရေးလက်သစ်လေးတွေက စာရေးကောင်းလွန်းပါတယ် ဆွဲဆောင်နိုင်သား ဘာပဲဖြစ်ဖြစ်ဖတ်ပီးရင် ပြန်ဝေမျှပေးရမှာပဲ ဖတ်ကောင်းတာကိုး သေခိာဖတ်ကြည့်ရင် ခံစားချက်လေးတွေရမှာပါပဲ ဖတ်ကြည့်ပါအူး

ဖြေသိမ့်တေး

 ![image](https://img.esteem.ws/lffapdulrf.jpg)
လေတိုက်ခတ်နေပုံက အရွက် တွေ စုတ်ပြတ် သွား တော့မလား ထင်ရလောက်အောင် ပြင်းထန် နေတယ် ။ မိုး စက် မိုးပေါက် တွေ ကျုပ် ကိုယ်ပေါ် တဖျောက် ဖျောက် ကျဆင်းပြီး မှိုင်းအုံ့နေတဲ့ ကောင်းကင် ကြီးအောက်မှာ နေရောင်ခြည်ရဲ့ အနွေးဓါတ်ကို ကျုပ် မျှော်နေမိတယ်။ ။ ကျုပ် ခရိုခယိုင် ရပ်နေတဲ့ ခေါင်မိုးစွန်း ရေတံလျှောက် ကလေး ပေါ် ဘာလို့  တက်ပြီး ပေါက်ရောက် နေရလဲ မသိပါဘူး ။ ကျုပ် ရဲ့  မျိုးစေ့ ကို စာကလေး တစ်ကောင် သယ်လာရင်း ပြုတ်ကျခဲ့တာ ဖြစ် ချင်လည်း ဖြစ်မှာပေါ့။ 
ကျုပ်လား ဘယ်သူမှ ဂရုတစိုက် စိတ်ဝင်စားမှာ မဟုတ်တဲ့ ခေါင်မိုးစွန်းကပေါင်းပင်လေး တစ်ပင် ပါ ဗျာ။ ကျုပ် ရဲ့ ဖြစ်တည်မှုဟာ ဆေးဖက်ဝင်သည် ဖြစ်စေ မဝင်သည် ဖြစ်စေ စိမ်းလဲ့နေတဲ့ ကျုပ်ကိုယ် ကျုပ်တော့ ကမ္ဘာလောက ကို အလှဆင်နေတယ်လို့ခံယူထား
ပါတယ်။ 
ပတ်ဝန်းကျင်ကို မလေ့လာနိုင် လောက်အောင် ငယ်သေးတဲ့ အပင်ပေါက်ကလေးဘဝတုန်း ကဆို အပေါ်ဘက်ဆီက မိုးကျနေတဲ့ လှုပ်လှုပ် လဲ့လဲ့ ညောင်ကိုင်းတွေ ညောင်ရွက်တွေ၊တဖွဲဖွဲ ကြွေလွယ်တဲ့ ပင်လယ် ကဗွီးရွက် ရှည်ရှည် တွေကို မော့ မော့ ကြည့်ရင်း အဲ့ဒီ သစ်ပင်ကြီး တွေက ကောင်းကင်ပြာပြာဆီမှာ အမြစ်တွယ်ပြီး ကျုပ်ဆီကျလာတာလို့  ထင် မိသေးတယ်။ ငယ်ရွယ်တုန်းတော့ လူတိုင်းရဲ့ အတွေးတွေဟာ အမှန်တွေချည်း ဘယ်ဖြစ်နိုင် ပါ့မလဲလေ။ အရပ်နည်းနည်း ရှည်ပြီး အရွယ်ရောက် လာမှ မျက်စိတဆုးံ အကုန်လှည့်ပတ်ကြည့်ပြီး သစ်ပင်တွေ အားလုးံ ကမ္ဘာမြေကြီး မှာ အမြစ် တွယ် ပြီး ကောင်းကင်ထဲထိုးထွက် ကြီးပြင်းလာမှန်း သေသေချာချာ သိတော့တယ် ။ ကိစ္စ မရှိပါဘူး အမှန်တရားကို လက်ခံပေးဖို့ အမှားတွေကို လွှင့်ပစ်တဲ့နေရာမှာ ကျုပ်က လက်မြန်ပါတယ်။ 
မြေကြီးထု အကြီးကြီးပေါ် ပေါက် ရတဲ့ 
ကျုပ်လိုပေါင်းပင် တွေ အများကြီးကို လှမ်းလှမ်း ငေးရင်း သင်းကွဲလေး ကျုပ်က ပျော်စရာ ကောင်းမှာ ပဲအောက် မေ့  မိနေတုန်း ဗြုန်းဆို သန့် ရှင်းရေး ဝန် ထမ်းက အကုန် လုးံဆွဲနှုတ် ပစ်လိုက် တယ် ။ အဲ့ဒီတုန်းကလား ရင် ထဲ ထိတ် ခနဲ နဲ့  ဇက် ပု နေရတာပေါ့ဗျ ။ခေါင်းမိုးစွန်းက ဖုန် အမှိုက်တွေ သစ်ရွက်ခြောက်တွေ ရော နေ တဲ့  မြေ ကြီး လေး လက် တစ် ဆုပ် စာ လောက် မှာ ကျုပ်ဘာ ကျုပ် ရှင် သန် လို့  ရနေ လည်း ပြီးတာ ပဲ မဟုတ် လား ။ အဲ့  အချိန်ကစပြီးအစု အဝေးတွေ အား မကျ တတ်တော့ပဲ
တစ် ပင်တည်း လွတ် လွတ် ကင်းကင်းနေတတ် လာ တော့ တာပဲ ။ 
တစ်ဖက်ခြံထဲက စိတ်တိုင်းကျ အပင်ပွား နေတဲ့မြက်ခင်းပြင်ကျယ်ကြီးကို ငေးလိုက် ၊ တိုက်ရှေ့လမ်းပေါ်က စီစီရီရီ လှနေတဲ့ ခရေပင်တန်း
ကို လှမ်းမျှော်ကြည့်လိုက် ၊ ကျုပ်ဘေးနားမှာ ကြီးသထက်ကြီးလာတဲ့ ညောင်ပင်နဲ့ပင်လယ်ကဗွီး
ပင်ကြီးကို မော့မော့ကြည့်လိုက်နဲ့ ခေါင်မိုးစွန်းက
မြေကြီးလက်တစ်ဆုပ်မှာ နေနေရတဲ့ ကျုပ်က 
ခဏ ခဏ အားငယ်မိတယ်။ ကမ္ဘာမြေကြီးဆီက
အဟာရဓါတ်တွေ ကြိုက်သလောက် စုပ်ယူ ကြီးထွားခွင့်ရတာ သိပ်ကောင်းမှာပဲလို့ အားကျ
နေမိတော့တာပဲ။ 
ကျုပ် အားကျလို့တောင် နေ့မကူး သေးပါဘူးဗျာ လမ်းဘေးက သစ်ပင်တွေ အားလုးံဓါတ်ကြိုး နဲ့လွတ်အောင် အကိုင်းတွေ ရှင်းတဲ့အဖွဲ့ က ခရေပင်လေးတွေကို ရုပ်ဆိုးပန်းဆိုးဖြစ်အောင် ထိပ်ပိုင်းတွေ ခုတ်သွားကြ သဗျ။ ဟိုဘက်ခြံထဲက မြက်တွေကတော့ မြတ်ရိတ်စက်နဲ့ အရိတ်ခံ လိုက်ရတာ အပိုင်းပိုင်း ပြတ်ပြတ် အပြိုပြိအလဲလဲပါပဲ။ ညောင်ပင်နဲ့ ပင်လယ်ကဗွီးပင်လည်း ကြီးထွားရှင်သန်နေကြပေမယ့် တထိတ်ထိတ် တလန့်လန့်နဲ့ပေါ့။ ကျုပ်လား ပြိုလဲနေတဲ့ မြက်ပင်စိမ်းစိမ်း တွေ ရဲ့ အနံ့ကို ရှိုက်သွင်းရင်း စီစီရီရီ မလှနိုင်ရှာတော့တဲ့ ခရေပင်တန်းတွေ လှမ်းကြည့်ရင်း သံဝေဂတရားကြီး ရင်ထဲပိုက် ချက်ချင်း ကြီးရင့်သွားတယ် ခံစားရ တော့တာပါပဲဗျာ။ 
ရှင်သန်တယ်ဆိုတာ အစုအဝေးနဲ့မှ ပျော်ရတာလည်း မဟုတ် ၊ နေချင်သလို နေရလို့လည်း ပျော်ရတာမဟုတ်၊ ကြီးချင်တိုင်း ကြီးထွားခွင့်ရလို့ လည်း ပျော်ရတာ မဟုတ် ပါဘူး။ကိုယ့်ရှင်သန်မှု ကို နှောင့်ယှက်မယ့်သူ မရှိမှ စိတ်ချမ်း သာရတာလို့လည်း ကျုပ်နားလည် လာတယ်။ အဲ့ဒီကတည်းက ခေါင်မိုးစွန်း ရေတံလျှောက်ပေါ်က ဖုန်အမှိုက်တွေ သစ်ရွက်ခြောက်တွေ ရောနေတဲ့ မြေကြီးလေး လက်တစ်ဆုပ်စာ လောက်မှာ 
အနှောင့် အယှက်ကင်းကင်း ရှင်သန်နေရတဲ့ ကိုယ့်ဘဝကိုယ် ကျေနပ် နေမိတော့တာပါပဲဗျာ။ 
တစ် နေ့  တစ် နေ့  နေဝင်မိုးချုပ် တဲ့အချိန်ထိအောင် ကျုပ် ငေးနေမိတဲ့ပြတင်းပေါက် လေး တစ်ခုသာ မရှိရင် ကျုပ် လည်း ပျင်းချင် ပျင်း နေ မိမှာ ။ ဘဝ မှာ သံယောဇဉ်လေး တစ်ခုရှိမှ စိတ်ဝင်စားစရာလေး တစ်ခု ရှိမှ နေပျော် ကြတာမဟုတ်လား။ကျုပ်ရှင်သန် နေ တဲ့ ခေါင်မိုးစွန်းကနေ ငုံ့ကြည့်လိုက်ရင် ခရု ခန်း ဆီး လေး တလှုပ် လှုပ် ဖြစ် နေတဲ့  ပြတင်း ပေါက် က လေး တစ်ခု ရှိတယ် ။အချိန် တော် တော် များ များ ပိတ်ထား တတ်တဲ့ ပြတင်း တံခါး လေး မှာ သစ်ရွက် အစိမ်းလေး အဝါလေး တွေ ဒီဇိုင်းရိုက်ထားတဲ့ ပိတ်သားခန်း ဆီး ပါးပါးလေး ချထား တဲ့ နေ့ဆို အခန်း ရှင်ကောင်မလေး အလုပ်နား တဲ့ နေ့  ဆိုတာ သိပ် သေ ချာ တာ ပေါ့ ။
ကောင်မလေး က ညဘက်ဆို အမြဲတမ်း အလုပ် ပြန် နောက် ကျတယ် ။မနက် မနက်ဆို အမြဲတမ်း ကြိုးစားပမ်းစားနဲ့  ထထ အလုပ် သွား တယ် ။နား ရက်ဆို သီချင်းတွေ အကျယ်ကြီး ဖွင့်ထားပြီး လိုက်အော်ဆိုလား ဆို ရဲ့ ၊ ထမင်းမစား ပဲ ဂိမ်းဆော့လား ဆော့ရဲ့  ၊ ရေလေး တစ်ခွက်တောင်မှ ထ မသောက်ပဲ စာ ဖတ်လား ဖတ် ရဲ့ ၊ ပျင်းလို့ ဆိုပြီး ဖုန်းပြောရင်း ဂျီကျပြီး ငိုလား ငို ရဲ့  ၊
သူများတွေကို စလိုက် နောက်လိုက်နဲ့ ဖုန်း ပြော ရင်း ရီလား ရီရဲ့  ။ ပုထုဇဉ် ဆန် လွန်း တဲ့ သူ့ ကြောင့် 
ပြတင်းတံခါးက ချောင်းကြည့်နေတဲ့  ကျုပ်ဟာ တစ် ခါ မှ မပျင်း ခဲ့  ရဘူး ။ 
ရှင်သန်မှုဟာ သူ့ကိုယ်ထဲ ကခုန်နေ သလားတောင် အောက်မေ့မိပါရဲ့။ ရယ်စရာ ရှိရင် ဟက်ဟက်ပက်ပက် ရယ်ပြီး ငိုစရာရှိလာရင် မော နေအောင် ငိုတော့တာ ။နောက်တစ်နေ့ မိုးလင်း သွားပြန်တော့လည်း အရာရာ ကို ရင်ဆိုင်နိုင်တဲ့ အပြုးံလေး မျက်နှာပေါ်တင်ပြီး ဘဝထဲကို တိုးဝင်သွားတာပဲ။ သူ့လို ပေါ့ပေါ့ပါးပါး နေတတ်ထိုင်တတ်မယ် ဆိုရင် ဘဝ ထဲ ဖိစီးမှု နည်းနည်း နဲ့
ရှင်သန်လို့ရတာပေါ့ ။ 
ကောင်မလေး တခြားသူတွေကို ပြောပြောနေတဲ့ လက်သုးံစကား တစ်ခွန်းရှိတယ်။
'သိပ်လည်း စိတ် ညစ် မနေနဲ့ ဘဝ ထဲမှာ တစ်ညလုးံလုးံ အိပ်ရေးပျက်ခံရလောက်မယ့် စိတ်ညစ်စရာ ဆိုတာတောင် မရှိပါဘူး ။ တစ်ရက်လုးံလုးံမစားနိုင် မသောက်နိုင် ဖြစ်ရမယ့် စိတ်ညစ်စရာလည်း မရှိဘူး။ ဘယ်လောက် စိတ်ညစ်ညစ် နောက်ဆုးံတော့ အိပ်ကြ စားကြ နဲ့ ပုံမှန်ပြန်ဖြစ် သွားတာပဲ ။အခက် အခဲ ဆိုတာတော့ ဘုရင်ကြီးမှာ ဖြစ် ဖြစ် သူတောင်းစားမှာဖြစ်ဖြစ် ရှိမှာပဲ ။ စိတ်ထားတတ်ဖို့သာ အဓိက ' တဲ့ ဗျ။ အဲ့ဒါနဲ့ပဲ တစ်နေ့ တစ်နေ့ သူ့ကိုကြည့်ရင်း သူ့စိတ်ဓါတ်လေးကို သဘောကျပြီး ကျုပ်လည်း သံယောဇဉ် တွယ်မိနေတာပါပဲဗျာ ။ အဆင်း လှ မလှစိတ်မဝင်စားပါဘူး ။စိတ်ဓါတ် အရည်အချင်းကို ကျုပ်က လေးစားရင်း ချစ်မိတာ ။အပြင် အခွံထက် အတွင်းထဲက အနှစ်သာရ ကသာ အရေးကြီးတယ်ဆိုတာ ကျုပ်က
ကောင်းကောင်းသိတယ်။ ကျုပ်လို ဘာမဟုတ်တဲ့ ပေါင်းပင်လေး တစ်ပင်ကိုတော့ ကောင်မလေးက ရှိမှန်းတောင် သိမယ် မထင်ပါဘူး။
ပြော ရင်း ဆို ရင်း လေ က သိပ်ထန် တာ ပဲ ဗျာ ။ မိုး သက် လေ ပြင်းပြင်း တွေက ကျုပ်ကုပ်တွယ် ထား တဲ့  လက် တစ်ဆုပ်စာ မြေ ကြီး လေးထဲကနေ ကျုပ် ကို ဆွဲနှုတ် နေ သလို ပဲ ။ တကယ်တော့လည်း ရှင်သန်ခြင်းဆိုတာ ဘယ်သူမှ မဖျက်ဆီးမနှောင့်ယှက် ရင်တောင် ပျက်စီးသေဆုးံရဖို့ အမိန့်ပါလာပြီးသား အရာ မဟုတ်လား။တစ်နေ့နေ့ ကျရင် အကြောင်းတစ်ခုခုကြောင့် ကျုပ်တို့ နေထိုင်ရာကမ္ဘာကြီးကို စွန့်ခွါ သွားကြရမှာ ။အဲ့ဒီ အချိန်ရောက်ရင် သံယောဇဉ်ထားမိတဲ့ ဘယ်အရာမှ
သယ်သွားလို့လည်း မရပါဘူး။ ကျုပ် ချစ်တဲ့ ကောင်မလေး လည်း ထားရစ်ခဲ့ရမှာပဲ ကျုပ်သိတယ် ။ အဲ့ဒါကြောင့် မသေခင်လေး ကျုပ်ကတော့ ဘာတွေ ပေးခဲ့နိုင်မလဲပဲတွေးတယ် တနိုင်တပိုင်
စိမ်းလန်းရင်းနဲ့ ပေးနိုင်သမျှ ပေးခဲ့ချင်တာပဲ။ 
သယ်သွား လို့ မရတဲ့ အရာ တွေကို တွယ်တာစွဲလမ်းပြီး ပိုင်ဆိုင်ဖို့ အားထုတ်နေမယ့် အစား အေးအေးချမ်းချမ်း နေထိုင်ရှင်သန်ပြီး ဘာသိဘာသာ ကွယ်ပျောက် သွားချင်တာပဲ။
မိုးသက်လေ ပြင်းပြင်း တွေ အကြားမှာ 
ကျုပ်အတွေးတွေ ကျုပ်အပြောတွေက ပေါင်းပင်လေး
တစ်ပင်နဲ့စာရင် သိပ်ကြီးကျယ်လွန်းနေတယ် ဆိုတာလည်း သိပါရဲ့ဗျာ ။အမှန်တရား ဆိုတော့လည်း မပြောဘဲကို မနေနိုင်ဘူး။ ဘယ်သူမှ ထုတ် မပြောလည်း အမှန်တရားဆိုတာမျိုး က ချောင်ထိုးထားလို့ မရဘူး တစ်ချိန်ချိန်မှာ စင်ပေါ် သူ့အလိုလို တက်လာပြီး လူလုးံပြတာပဲ မဟုတ်လား။ ဘယ် အမှန်တရား ဖြစ်ဖြစ်ပေါ့။
ကြီးကြီးကျယ်ကျယ် ပြောတဲ့နေရာ မှာတော့ ကျုပ်နဲ့ ကောင်မလေးက သိပ်တူတာပဲ ဗျို့။ 
သူလည်း ကျုပ်လိုပဲ သိပ်လေကြီး လေကျယ် တွေပြောတတ်တာ။ အခုလည်း လေထန်လို့ 
တဝူးဝူး အော်မြည်နေတဲ့ကြားက ပြတင်းပေါက်လေး
နားမှာရပ်ပြီး ဖုန်းပြောနေပြန်ပြီ။ ဘာတဲ့ လေက လည်း ပြင်းလွန်းတယ်ဗျာ သေသေချာချာ နားစိုက်
ထောင်ရတယ်။
' ကျမ ဒီကနေ ပြောင်းတော့မှာ ၊ ဒီလိုပဲပေါ့ ပျော်ရာမှာ မနေရ တော် ရမှာ နေရ တာလည်း ရှိတာပေါ့ ၊ အစွဲအလမ်းတော့ မထားပါဘူး။ ရွက်ကျပင်ပေါက်လေးတွေ လိုပဲ ဘယ်အရပ်ဒေသရောက် ရောက် ကောင်းကောင်း မွန်မွန် ရှင်သန် နေဖို့ပဲ အရေးကြီးတာပါ။ ကျမ စိုက်ထားတဲ့ သစ်ပင်လေးတွေ ကြီးပြင်းလာတာကို စောင့်ကြည့်လို့တော့
မရတော့ဘူးပေါ့လေ'
"ဗာဒံပင်လေး ခုနှစ်ပင်၊ ခရေပင် ငါးပင် ၊ယုဇနပင် တစ်ပင် ၊ စံပယ်ပင်လေး နှစ်ပင် ၊ နှင်းဆီပင်လေးတစ်ပင် အားလုးံကို ထားခဲ့ရမှာပဲ ။ ချစ်ချစ်တောက် အဖျားတက်နေတဲ့ ကမ္ဘာ မြေကြီး အပူကျလို့ ကျ ငြား ကျမ အားထုတ် စိုက်ပျိုး ထားတာပေါ့ ။ သစ်ပင်ခုတ်သူ လူတစ်အုပ် နဲ့သစ်ပင်စိုက်သူ လက်တစ်ဆုပ်စာ ပဲ ရှိတယ် ၊ ကျမ က လက်တစ်ဆုပ်စာ ဘက်က ရပ်တည် တယ်လေ ' 
'' ဘာလို့ သစ်ပင်တွေ စိုက်တာလဲ ဟုတ်လား ။
သစ်ပင်တွေကို ချစ်လို့ပေါ့ရှင်။ ဘာလို့ ချစ်သလဲဆို တော့ သစ်ပင်တွေက တစ်ပင်နဲ့တစ်ပင် တစ်ခါမှ ရန်မဖြစ်ကြဘူးလေ။ ပေးဆပ်ခြင်းမှာ တွန့်တိုတဲ့
သစ်ပင်ရယ်လို့လည်း မရှိ ၊ အာဏာရူးနေတဲ့ သစ်ပင်ရယ်လို့လည်း မရှိ၊ စစ်တိုက်နေတဲ့ သစ်ပင်လည်း မရှိ ၊မုဒိမ်းမှု နဲ့ အဖမ်းခံရတဲ့သစ်ပင်လည်း မရှိ ၊ ဘဝမြင့်နေတဲ့ သစ်ပင်ရယ် လို့လည်း ရှိမှ မရှိပဲရှင့်။ ''
' ဟား ဟား ဟား '
ကျုပ်လေ ကောင်မလေး ပြောနေတာတွေ လိုက်နားထောင်နေရင်း စိတ်ပါလက်ပါ ရယ် လိုက်မိတယ်။သူက သစ်ပင်ချစ်သူ တစ်ယောက်ကိုး
။ ကျုပ်ဖြင့် တွေးတောင် မတွေးကြည့်မိခဲ့ဘူး။ လက်စသတ်တော့ ခြံရှေ့က ခရေပင်တန်းလေးက
သူ့လက်ရာကိုး။
'အဟင်းဟင်း ကျမ လူတွေကိုလွမ်းချင် မှ လွမ်း မှာ မသေချာဘူး ။စရိုက်အမျိုးမျိုးနဲ့ ကိုယ့်အတ္တ ကိုယ် အရောင်တင်နေကြတဲ့လူတွေက လွမ်းလောက်စရာ မရှိပါဘူး။ကျမ ချစ်တဲ့  ကိုယ်တိုင်စိုက်ထားတဲ့ သစ်ပင် တွေကိုတော့ သေသေချာ ချာ လွမ်းမိမှာပဲ ။ '
''ဟုတ်တာပေါ့ သစ်ပင်တွေက ကမ္ဘာမြေဆီက အဟာရကို စုပ်ယူပြီး ကြီးထွားလာတာနဲ့ အမျှ စိမ်းလန်း အေးမြတဲ့ အရိပ်ကိုပေးတယ်။ သဘာဝ တရားကြီးကို ဟန်ချက်ညီအောင် ထိန်းထားပေးတယ် ။စားနပ်ရိက္ခာပေးတယ်။ ပန်းတွေပွင့်ပြီး အလှဆင်တယ် ရနံ့တွေနဲ့ မွှေးပျံ့ စေတယ်။ အောက်ဆီဂျင်တွေပေးတယ် သစ်ပင်တွေက ချစ် ဖို့ ကောင်းတယ်လေ ။ တည့်တည့် ပြောရရင် တချို့လူတွေလို ကျေးဇူး မကန်း တတ်ဘူး၊ တချို့လူတွေလို တာဝန် မမဲ့ဘူး ရှင့် '
''' ကိုယ့်တာဝန်ကိုယ်ထမ်းပြီး စိမ်းလန်းနေတဲ့ကျမ ပြတင်းတံခါးကနေ မြင်ရနေကြ ခေါင် မိုးစွန်း ရေတံလျှောက်ပေါ်က ပေါင်းပင် ကလေး ကိုတောင် ကျမ ချစ်တယ် ။'''
ဘုရား ဘုရား ကောင်မလေးက 
ကျုပ် ကို ချစ် သတဲ့  အဝေးကြီးကို သွားတော့ မယ်တဲ့  လေ ပြင်းတစ်ချက် ဆောင့် အတိုက် လိုက်မှာ သတိ လက် လွတ် ဖြစ်နေ တဲ့ ကျုပ်လေ ခေါင် မိုးစွန်းကနေ ဟန် ချက် ပျက် ပြုတ် ကျ သွား တယ် ။ရေ မြောင်း နှုတ် ခမ်း ဘောင် ပေါ် ကျ လာ တဲ့  ကျုပ် ကို သန့် ရှင်းရေး ဝန်ထမ်းက အမှိုက် တောင်းထဲ ကောက် ထည့် လိုက်တယ် ။ဖုန်းပြောနေတဲ့  ကောင်မလေး ရဲ့  အသံဟာ 
တဖြည်းဖြည်း ဝေး ကျန် ခဲ့ တယ် ။
ဝေးချင် သလောက် ဝေးစမ်းပါစေလေ ကိုယ်ချစ် တဲ့သူ ကိုယ့်ကိုယ် ချစ် မှန်း မသေခင် သိခွင့် ရတာ ဟာလည်း ဆုလာဘ်ကြီးတစ်ခု ပဲ မဟုတ် လား ။ ကျုပ် ချစ်ရတဲ့ ကောင်မလေးလို သစ်ပင်ချစ်သူတွေ ကမ္ဘာပေါ် မှာရှိနေတာ တော်ပါသေးရဲ့လေ ဆိုတဲ့ ဖြေသိမ့်တေးကို အမှိုက်တောင်းထဲ လိုက်သွားရင်း သာသာယာယာ သီကျူး နေလိုက်တယ်။
လမ်းထိပ် အမှိုက် ပုံမှာ လိမ်တွန့် ခြောက် နေတဲ့ ပေါင်းပင်လေး တစ်ပင် ပြုးံနေတာ တွေ့  ရင်
အမှိုက်သိမ်း သမားတွေတော့ ပါးစပ်အဟောင်းသား
ဖြစ်သွားမှာ အသေအချာပေါ့ဗျာ ။
ဘယ်သူများကျုပ်နဲ့ငြင်းခုန်ချင်ကြသေးလဲ ။ဘဝက တိုလွန်းတော့လည်းစကားစမြည်ပြောဖို့ အချိန်လေးတောင် မနည်းလုနေကြရတာ မဟုတ်လား ။ဘယ် အကြောင်းအရာ ဖြစ် ဖြစ် ခေါင်းမာမာ နဲ့ ငြင်းခုန် မနေကြပါနဲ့တော့ ။ကိုယ့်ဘက် သူ့ဘက် အမြင် မတူတဲ့ အခါ တစ်ယောက်ရင်ထဲ တစ်ယောက်ဝင်ပြီး
တစ်ယောက် ဖိနပ် တစ်ယောက် စီးကြည့်ကြပေါ့။
ဒါမှ ဘဝတိုတို လေး ထဲ ရန်ပွဲတွေ စစ်ပွဲတွေ ကင်းပြီး ကျုပ်တို့ သစ်ပင်တွေလို ငြိမ်းငြိမ်းချမ်းချမ်း အတူတူ နေထိုင်နိုင်ကြမှာ ။
'မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား' လို့ အိပ်ရာ ခေါင်းရင်းမှာ စာတန်းကပ်ထားပြီး ရှင်သန်ခြင်းကို အဓိပ္ပာယ်ရှိရှိ နေထိုင်ဖြတ်သန်း နေတဲ့ သစ်ပင်ချစ်သူ ကောင်မလေးကို ကျုပ်တော့ အလွမ်းကြီး လွမ်းနေရတော့မှာပဲ။ ကောင်းကောင်းမွန်မွန် ပျော်ပျော်ရွှင်ရွှင်သာ ကျန်ရစ် ခဲ့ကြပေတော့။ ကျုပ်တော့ သွားနှင့်ပြီ ဗျို့ ။ ။ 
မြတ်လေးမောင်
အရေးအဖွဲ့ အဆွဲအဖော်စကားလုံးတွေက သူ့နေရာနှဲုသူကျနနေလေတော့ ကျတော်မျောသွားတဲ့စာမူပေါ့ဗျာ

ဖတ်ကြည့်လေနော် ကြွေစေရမယ် ကျွန်တော်တောင်ကြွေသွားတယ်
meechit
Sort:  

Congratulations @meechit! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of posts published

Click on any badge to view your own Board of Honor on SteemitBoard.

To support your work, I also upvoted your post!
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!