အဘယ့်ကြောင့် ဖင်လန်ပညာရေးသည် ကမ္ဘာ့ အကောင်းဆုံး ဖြစ်ရသနည်း , Part 1

in #education8 years ago (edited)

WXRxxQ.jpg
Photo Form Google

ပညာရေးနဲ့ ပါတ်သက်လို့ တွေ့မြင်ထားသောသတင်းအချက်အလက်တစ်ခုတင်ပြခြင်းသာဖြစ်ပါသည်။

တစ်ချိန်က အမေရိကပညာရေးသည် ကမ္ဘာ့ အကောင်းဆုံး ဖြစ်ခဲ့ဖူးပါသည်။ သို့သော် ကာလရွေ့လျားပြီး အမေရိကန် ပြည်ထောင်စုသည် နောက်ရောက်သွားပြီး ဖင်လန်နိုင်ငံက ရှေ့တန်းရောက် လာသည်မှာ အဘယ်ကြောင့်နည်း လေ့လာဆန်းစစ် ရန်လိုပါသည်။

PISA (Program for International Student Assessment) အဖွဲ့၏သုံးသပ်ချက်အရ ဖင်လန်နိုင်ငံသည် ကမ္ဘာ့ပညာရေးတွင် အကောင်းဆုံး ဖြစ်သည်ဆိုသော်လည်း လက်ရှိ အနေအထားအရ PISA တွင် နံပါတ် ၁၂ နေရာရှိနေသည်။ အမေရိကန် ပြည်ထောင်စုက နံပါတ် ၃၆ ချိတ်ထားသောကြောင့် ဖင်လန်က PISA ကို ပိုပြီးသာသည်ဟု ဆိုရခြင်းဖြစ်သည်။

ဖင်လန်နိုင်ငံသည် နော်ဒစ်ဒေသအတွင်း အသေးဆုံး တိုင်းပြည်လေး တစ်ပြည်ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုထက် ၂၉ ဆ ပိုပြီး ငယ်သည်။ လူဦးရေ ၅ ဒသမ ၅ သန်းသာ ရှိသည်။ အမေရိကန် ပြည်ထောင်စုက လူဦးရေ ၃၂၆ ဒသမ ၅ သန်း ရှိသည်နှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။

ဖင်လန်နိုင်ငံတွင် လူမျိုးစုများ ကွဲပြားမှုမရှိ၊ အမေရိကတွင် လူမျိုးစုပေါင်း များစွာ စုပေါင်း နေထိုင်ကြသည်။ နိုင်ငံသေးသေး၊ လူဦးရေနည်းနည်း၊ မတူကွဲပြားမှု သိပ်မရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သောကြောင့် ပညာရေးကို အကောင်အထည် ဖော်ရသည်မှာ ပိုမိုလွယ်ကူပြီး စိတ်ကြိုက်လုပ်နိုင်သဖြင့် အကောင်းဆုံး ဖြစ်နေရသည်ဟုလည်း ဆိုနိုင်သည်။ ဖင်လန်နိုင်ငံမှ ပညာရေးနှင့် ပတ်သက်ပြီး အတုယူစရာတွေ များလှပါသည်။

Ref : The Finnish Education System is One of the Best in the World, Bernadine Racoma)

CRD : #TheVoiceDailyMyanmar

Sort:  

ကျွှန်တော်လဲ ဖင်လန်ကောင်းတယ်ထင်ပါတယ် ကျွှန်တော်တို့လည်းဖင်လန်ကဲ့သို့ကြိုးစားသင့်တယ်ထင်ပါတယ် ဒါနဲ့စကားမစပ် ပူတယ်နော်

အေးပါ အေးပါ :)

ကျော် ဘော့ယဲလာကျိဘာအူးလိုစ့် :-D

I think our country's education system is the best.😜😜😷😷

Post တင်တာ နည်းသလိုပဲ bro

ဟုတ်တယ် နေမကောင်းဖြစ်နေလို့ မတင်ဖြစ်တာ

ကျောင်းဖွင့်ရင်ကလေးတွေကို ဖင်လန်နိုင်ငံပညာရေးအကြောင်းပြောပြလို့ရပီ ရှဲရှဲပါ ဘရိုရေ