I cannot buy cryptocurrencies in Myanmar anymore
ရင်ဖွင့်စာ
ပရိတ်သတ်ကြီးရေ ခင်ဗျားတို့ steem power ဘယ်လို ဝယ်နေကြလဲ။ ကျွန်တော်တော့ ဝယ်လို့မရတော့ဘူး။ steem power က cryptocurrencies တွေ ရှိမှ ဝယ်လို့ရတာ။ ဥပမာ bitcoin, litecoin, dogecoin ethereum စတာတွေရှိမှ steemitwallet.com က နေ blocktrades.us ဆိုက်ကို သွားပြီး steem power ဝယ်ရတာ။ ကျွန်တော် ဝယ်တဲ့ လမ်းကြောင်းကတော့ ပထမဆုံး wave money နဲ့ facebook က exchanger တွေဆီမှာ perfect money usd အရင်ဝယ်တယ်။ ပြီးတော့ ရလာတဲ့ perfect money နဲ့ bestchange.com အထက်က cryptocurrencies တစ်မျိုးမျိုးကို ဝယ်တယ်။ ပြီးတော့မှ ရလာတဲ့ cryptocurrencies နဲ့ blocktrades.us မှာ steem power ဝယ်တယ်။ အခု ရေးနေတဲ့ အကောင့်က steem power တွေက ဒီနည်းအတိုင်း ဝယ်ထားတာ။ ဒါပေမဲ့ ကံမကောင်းတာက အခု ဝယ်လို့ မရတော့ဘူး။
အားလုံးသိတဲ့အတိုင်းပဲ steem power က steem blogging ဆိုက်မှာက ကိုယ်ရေးတင်တဲ့ post ကို လူတွေ ကြာကြာမြင်စေချင်တယ်။ ကိုယ်ရဲ့ upvote တန်ဖိုး တက်စေချင်တယ်။ ကိုယ်ပြန်ရတဲ့ upvote တန်ဖိုး တက်စေချင်ရင် steem power များများ ရှိရမှာ ဖြစ်တယ်။ ဒါပေမဲ့ အခု အဲဒီ steem power ကို အထက်ပါ နည်းလမ်းအတိုင်း ဝယ်လို့ မရတော့ပါဘူး။ ဘာလို့လဲဆိုတော့ facebook မှာ cryptocurrencies နဲ့ perfect money ရောင်းတဲ့ လူ တစ်ယောက်မှ မရှိတော့လို့ပါ။ သိတော့ မသိပါဘူး။ ထင်တာပြောတာပါ။ facebook က exchanger တွေကို တရားမဝင်လို့ပဲလား။ ဘာလို့လဲတော့ မသိဘူး။ လိုက်ဖမ်းနေတယ် ကြားပါတယ်။ ဒီတော့ ကျွန်တော် steem power ဝယ်လို့ မရတော့ပါဘူး။
ဘယ်အဖွဲ့အစည်းက လိုက်ဖမ်းတာလဲ။ ဘယ်သူ ညွှန်ကြားတာလဲ။ ဘာလို့လိုက်ဖမ်းတာလဲ။ လက်ရှိ အစိုးရက ညွှန်ကြားတာလား။ ဗဟိုဘဏ်က ညွှန်ကြားတာလား။
cryptocurrencies သုံးတာ ပြစ်မှု မဟုတ်ပါဘူး။ လူသတ်တာ, ခိုးတာ, လိမ်တာ, မုဒိန်းကျင့်တာ, အသရေဖျက်တာ, စတဲ့ ဘာအမှုနဲ့မှ အကျုံးမဝင်ပါဘူး။ အခု စာရေးနေတဲ့ အကောင့်က steem cryptocurrency ရှိတယ်ဆိုပြီး စာရေးသူကို လာများ ဖမ်းဦးမလား မသိဘူး။ လက်ရှိ အစိုးရရဲ့ ပေါ်လစီကြောင့်လား။ လက်ရှိ အစိုးရကို မကြိုက်တာ သုံးနှစ် ရှိပါပြီ။ စတက်လာကတည်းက မကြိုက်တာပါ။ တခြား မဲပေးစရာ ပါတီ မရှိလို့ ပေးလိုက်တာ လာမယ့် ရွေးကောက်ပွဲကျရင်တော့ ဆောရီးပဲ။ မဲရုံကို ခြေညောင်းခံပြီး မသွားတော့ဘူး။ မဲပေးဖို့ တန်းစီလည်း မစောင့်ဘူး။ အိမ်မှာပဲ အိပ်နေမယ်။
စဥ်းစားကြည့်လေ။ အရင်အစိုးရက လယ်သိမ်းတယ်။ မြေသိမ်းတယ် ပြောတယ်။ ကိုယ်က တိုက်ခန်း အစုတ်ပလုပ်လေး ပိုင်တာဆိုတော့။ ဘယ်သူမှ လာသိမ်းဖို့ စိတ်မဝင်စားဘူး။ အေးဆေးပဲ။ ပြည်တွင်းစစ် ဖြစ်နေတာလား။ ဖြစ်တာဖြစ်နေတာ။ တစ်ခါမှလည်း ကိုယ်တိုင် စစ်ဘေးမရှောင်ဖူးဘူး။ စစ်ပွဲဆိုတာ အသက် ၃၀ ကျော်ပြီ လက်တွေ့ မမြင်ဖူးဘူး။ ရန်ကုန်မှာ နေတာလေ။ ကိုယ့်ကို တိုက်ရိုက်မထိဘူးပေါ့။ အရင်အစိုးရက ပြည်သူ့ ဘဏ္ဍာ ခိုးတယ်လား။ ကိုယ့်ကို တိုက်ရိုက်မထိဘူး။ ကိုယ့်ကို တိုက်ရိုက်ထိတာက ဟိုနေ့က tablet ဖုန်းတစ်လုံး ဝယ်လိုက်တာ။ အခွန် ၁ သောင်းခွဲ ပေးလိုက်ရတယ်။ city mart မှာ စျေးဝယ်လည်း ပေးရတယ်။ စားသောက်ဆိုင်မှာ စားလည်း အခွန် ပေးရတယ်။ မပေးချင်လို့ ပြောတာမဟုတ်ဘူး။ ဒီအစိုးရက အခွန်နဲ့ ရပ်တည်ရတာ သိတယ်။ လာဘ်မစားဘူး သိတယ်။ ဒါပေမဲ့ ကိုယ်ကို့ တိုက်ရိုက်ထိတာကို ပြောတာ။
လက်ရှိ အစိုးရက cryptocurrencies ကို ပိတ်ထားတာဆိုရင် တရားဝင် ခွင့်ပြုပေးစေချင်တယ်။ ပြည်သူတွေ ငွေကြေး ဆုံးရှုံးမှာ မပူပါနဲ့။ ကိုယ့်ပိုက်ဆံ ကိုယ်အပူဆုံးပါ။ နိုင်ငံက လာပူပန်ပေးစရာ မလိုပါဘူး။ scam တွေ ရှိနေတာ သိပါတယ်။ scam လား အမှန်အကန်လား ခွဲခြားတတ်ပါတယ်။ ဆုံးရှုံးသွားလည်းနိုင်ငံတော်က ပူပန်စရာ မလိုပါဘူး။ ကာယကံရှင်က မှတ်သွားပါလိမ့်မယ်။
Cryptocurrency enthusiast တစ်ယောက်ပါ။ လာမည့် ရွေးကောက်ပွဲမှာ ကျွန်တော့်ရဲ့ မဲကို လိုချင်တယ် ဆိုရင်တော့ cryptocurrency ကို တရားဝင် ခွင့်ပြုနိုင်ဖို့ ကြိုးစားပါ။ တရားဝင် ခွင့်မပြုနိုင်လည်း ခွင့်မပြုဘူး တိုက်ရိုက်ကြေညာပါ။ ဒီလို ခိုးကြောင်ခိုးဝှက်နဲ့ နောက်ကွယ်က လိုက်ဖမ်းနေတာမျိုး မလုပ်ပါနဲ။ ကျွန်တော်ကတော့ master visa ကဒ်တွေကို လူတိုင်းနီးပါး သုံးနိုင်အောင် လုပ်ပေးတဲ့ အစိုးရ။ cryptocurrency ကို တရားဝင် ခွင့်ပြုပေးတဲ့ အစိုးရ mobile money တွေကို ဒီထက် ပို ကျယ်ပြန့်အောင် လုပ်ပေးတဲ့ အစိုးရကို မဲပေးမယ်။ ရယ်တော့ ရယ်စရာ ကောင်းချင် ကောင်းမယ်။ ဒါပေမဲ့ တခြားအချက်တွေက ကျွန်တော့်အတွက် အသုံးမဝင်ဘူး။
ရင္ဖြင့္စာ
ပရိတ္သတ္ႀကီးေရ ခင္ဗ်ားတို႔ steem power ဘယ္လို ဝယ္ေနၾကလဲ။ ကြၽန္ေတာ္ေတာ့ ဝယ္လို႔မရေတာ့ဘူး။ steem power က cryptocurrencies ေတြ ရွိမွ ဝယ္လို႔ရတာ။ ဥပမာ bitcoin, litecoin, dogecoin ethereum စတာေတြရွိမွ steemitwallet.com က ေန blocktrades.us ဆိုက္ကို သြားၿပီး steem power ဝယ္ရတာ။ ကြၽန္ေတာ္ ဝယ္တဲ့ လမ္းေၾကာင္းကေတာ့ ပထမဆုံး wave money နဲ႔ facebook က exchanger ေတြဆီမွာ perfect money usd အရင္ဝယ္တယ္။ ၿပီးေတာ့ ရလာတဲ့ perfect money နဲ႔ bestchange.com အထက္က cryptocurrencies တစ္မ်ိဳးမ်ိဳးကို ဝယ္တယ္။ ၿပီးေတာ့မွ ရလာတဲ့ cryptocurrencies နဲ႔ blocktrades.us မွာ steem power ဝယ္တယ္။ အခု ေရးေနတဲ့ အေကာင့္က steem power ေတြက ဒီနည္းအတိုင္း ဝယ္ထားတာ။ ဒါေပမဲ့ ကံမေကာင္းတာက အခု ဝယ္လို႔ မရေတာ့ဘူး။
အားလုံးသိတဲ့အတိုင္းပဲ steem power က steem blogging ဆိုက္မွာက ကိုယ္ေရးတင္တဲ့ post ကို လူေတြ ၾကာၾကာျမင္ေစခ်င္တယ္။ ကိုယ္ရဲ႕ upvote တန္ဖိုး တက္ေစခ်င္တယ္။ ကိုယ္ျပန္ရတဲ့ upvote တန္ဖိုး တက္ေစခ်င္ရင္ steem power မ်ားမ်ား ရွိရမွာ ျဖစ္တယ္။ ဒါေပမဲ့ အခု အဲဒီ steem power ကို အထက္ပါ နည္းလမ္းအတိုင္း ဝယ္လို႔ မရေတာ့ပါဘူး။ ဘာလို႔လဲဆိုေတာ့ facebook မွာ cryptocurrencies နဲ႔ perfect money ေရာင္းတဲ့ လူ တစ္ေယာက္မွ မရွိေတာ့လို႔ပါ။ သိေတာ့ မသိပါဘူး။ ထင္တာေျပာတာပါ။ facebook က exchanger ေတြကို တရားမဝင္လို႔ပဲလား။ ဘာလို႔လဲေတာ့ မသိဘူး။ လိုက္ဖမ္းေနတယ္ ၾကားပါတယ္။ ဒီေတာ့ ကြၽန္ေတာ္ steem power ဝယ္လို႔ မရေတာ့ပါဘူး။
ဘယ္အဖြဲ႕အစည္းက လိုက္ဖမ္းတာလဲ။ ဘယ္သူ ၫႊန္ၾကားတာလဲ။ ဘာလို႔လိုက္ဖမ္းတာလဲ။ လက္ရွိ အစိုးရက ၫႊန္ၾကားတာလား။ ဗဟိုဘဏ္က ၫႊန္ၾကားတာလား။
cryptocurrencies သုံးတာ ျပစ္မႈ မဟုတ္ပါဘူး။ လူသတ္တာ, ခိုးတာ, လိမ္တာ, မုဒိန္းက်င့္တာ, အသေရဖ်က္တာ, စတဲ့ ဘာအမႈနဲ႔မွ အက်ဳံးမဝင္ပါဘူး။ အခု စာေရးေနတဲ့ အေကာင့္က steem cryptocurrency ရွိတယ္ဆိုၿပီး စာေရးသူကို လာမ်ား ဖမ္းဦးမလား မသိဘူး။ လက္ရွိ အစိုးရရဲ႕ ေပၚလစီေၾကာင့္လား။ လက္ရွိ အစိုးရကို မႀကိဳက္တာ သုံးႏွစ္ ရွိပါၿပီ။ စတက္လာကတည္းက မႀကိဳက္တာပါ။ တျခား မဲေပးစရာ ပါတီ မရွိလို႔ ေပးလိုက္တာ လာမယ့္ ေ႐ြးေကာက္ပြဲက်ရင္ေတာ့ ေဆာရီးပဲ။ မဲ႐ုံကို ေျခေညာင္းခံၿပီး မသြားေတာ့ဘူး။ မဲေပးဖို႔ တန္းစီလည္း မေစာင့္ဘူး။ အိမ္မွာပဲ အိပ္ေနမယ္။
စဥ္းစားၾကည့္ေလ။ အရင္အစိုးရက လယ္သိမ္းတယ္။ ေျမသိမ္းတယ္ ေျပာတယ္။ ကိုယ္က တိုက္ခန္း အစုတ္ပလုပ္ေလး ပိုင္တာဆိုေတာ့။ ဘယ္သူမွ လာသိမ္းဖို႔ စိတ္မဝင္စားဘူး။ ေအးေဆးပဲ။ ျပည္တြင္းစစ္ ျဖစ္ေနတာလား။ ျဖစ္တာျဖစ္ေနတာ။ တစ္ခါမွလည္း ကိုယ္တိုင္ စစ္ေဘးမေရွာင္ဖူးဘူး။ စစ္ပြဲဆိုတာ အသက္ ၃၀ ေက်ာ္ၿပီ လက္ေတြ႕ မျမင္ဖူးဘူး။ ရန္ကုန္မွာ ေနတာေလ။ ကိုယ့္ကို တိုက္႐ိုက္မထိဘူးေပါ့။ အရင္အစိုးရက ျပည္သူ႔ ဘ႑ာ ခိုးတယ္လား။ ကိုယ့္ကို တိုက္႐ိုက္မထိဘူး။ ကိုယ့္ကို တိုက္႐ိုက္ထိတာက ဟိုေန႔က tablet ဖုန္းတစ္လုံး ဝယ္လိုက္တာ။ အခြန္ ၁ ေသာင္းခြဲ ေပးလိုက္ရတယ္။ city mart မွာ ေစ်းဝယ္လည္း ေပးရတယ္။ စားေသာက္ဆိုင္မွာ စားလည္း အခြန္ ေပးရတယ္။ မေပးခ်င္လို႔ ေျပာတာမဟုတ္ဘူး။ ဒီအစိုးရက အခြန္နဲ႔ ရပ္တည္ရတာ သိတယ္။ လာဘ္မစားဘူး သိတယ္။ ဒါေပမဲ့ ကိုယ္ကို႔ တိုက္႐ိုက္ထိတာကို ေျပာတာ။
လက္ရွိ အစိုးရက cryptocurrencies ကို ပိတ္ထားတာဆိုရင္ တရားဝင္ ခြင့္ျပဳေပးေစခ်င္တယ္။ ျပည္သူေတြ ေငြေၾကး ဆုံးရႈံးမွာ မပူပါနဲ႔။ ကိုယ့္ပိုက္ဆံ ကိုယ္အပူဆုံးပါ။ ႏိုင္ငံက လာပူပန္ေပးစရာ မလိုပါဘူး။ scam ေတြ ရွိေနတာ သိပါတယ္။ scam လား အမွန္အကန္လား ခြဲျခားတတ္ပါတယ္။ ဆုံးရႈံးသြားလည္းႏိုင္ငံေတာ္က ပူပန္စရာ မလိုပါဘူး။ ကာယကံရွင္က မွတ္သြားပါလိမ့္မယ္။
Cryptocurrency enthusiast တစ္ေယာက္ပါ။ လာမည့္ ေ႐ြးေကာက္ပြဲမွာ ကြၽန္ေတာ့္ရဲ႕ မဲကို လိုခ်င္တယ္ ဆိုရင္ေတာ့ cryptocurrency ကို တရားဝင္ ခြင့္ျပဳႏိုင္ဖို႔ ႀကိဳးစားပါ။ တရားဝင္ ခြင့္မျပဳႏိုင္လည္း ခြင့္မျပဳဘူး တိုက္႐ိုက္ေၾကညာပါ။ ဒီလို ခိုးေၾကာင္ခိုးဝွက္နဲ႔ ေနာက္ကြယ္က လိုက္ဖမ္းေနတာမ်ိဳး မလုပ္ပါနဲ။ ကြၽန္ေတာ္ကေတာ့ master visa ကဒ္ေတြကို လူတိုင္းနီးပါး သုံးႏိုင္ေအာင္ လုပ္ေပးတဲ့ အစိုးရ။ cryptocurrency ကို တရားဝင္ ခြင့္ျပဳေပးတဲ့ အစိုးရ mobile money ေတြကို ဒီထက္ ပို က်ယ္ျပန္႔ေအာင္ လုပ္ေပးတဲ့ အစိုးရကို မဲေပးမယ္။ ရယ္ေတာ့ ရယ္စရာ ေကာင္းခ်င္ ေကာင္းမယ္။ ဒါေပမဲ့ တျခားအခ်က္ေတြက ကြၽန္ေတာ့္အတြက္ အသုံးမဝင္ဘူး။
Posted using Partiko Android
Thank you so much for being an awesome Partiko user! You have received a 3.48% upvote from us for your 575 Partiko Points! Together, let's change the world!
Thank you so much for being an awesome Partiko user! We have just given you a free upvote!
The more Partiko Points you have, the more likely you will get a free upvote from us! You can earn 30 Partiko Points for each post made using Partiko, and you can make 10 Points per comment.
One easy way to earn Partiko Point fast is to look at posts under the #introduceyourself tag and welcome new Steem users by commenting under their posts using Partiko!
If you have questions, don't feel hesitant to reach out to us by sending us a Partiko Message, or leaving a comment under our post!
အလားတူပို႔စ္တစ္ခုေရးသားထားတယ္
https://steemit.com/myanmar/@nayhlaingsoe/aetyapongasne-yamnmayapny
ပိုစ့္ေရြးခ်ယ္ေပးသူမ်ား၏ @c-squared Curation Collective Discord community ရိွ ျမန္မာ ေရြးခ်ယ္ေပးသူ ခ်န္နယ္တြင့္ မွ်ေဝထားေသာ အထက္ပါပိုစ့္ကို @c2-myanmar အဖဲြ့အစည္းအေကာင့္မွ ကိုယ္တိုင္စိစစ္ေရြးခ်ယ္ျပီးေနာက္ မဲေပးျခင္းနွင့္ မွ်ေဝေပးျခင္းမ်ား ျပုလုပ္ခဲ့ျပီးျဖစ္ပါသည္။
This post was shared in the #burmese-curation channel in the @c-squared Curation Collective Discord community for curators, and upvoted and resteemed by the @c2-myanmar community account after manual review. @c-squared runs a community witness. Please consider using one of your witness votes on us here
Congratulations @maykabyar! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
Do not miss the last post from @steemitboard:
Vote for @Steemitboard as a witness to get one more award and increased upvotes!